Tuesday 21 October 2014

တောင်ကိုရီးယားတွင် ရွှေ့ပြောင်းအလုပ်သမားများ ဖိနှိပ်ခံနေရကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထုတ်ပြန်

Photo: တောင်ကိုရီးယားတွင် ရွှေ့ပြောင်းအလုပ်သမားများ ဖိနှိပ်ခံနေရကြောင်း နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ ထုတ်ပြန်
Tuesday, October 21, 2014

တောင်ကိုရီးယားနိုင်ငံအတွင်းမှ ရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့အလုပ်ရှင်များ၏ ခေါင်းပုံဖြတ်အမြတ်ထုတ်ခြင်းကို အခွင့်အရေးပေးထားသော စနစ်တစ်ခုအောက်တွင် ဖိနှိပ်ခံနေကြရသည်ဟု နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အောက်တိုဘာ ၂၀ ရက်တွင် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်လိုက်သည်။

လူမျိုးရေးခွဲခြားမှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ တောင်ကိုရီးယားသို့ ရောက်ရှိသွားပြီးနောက်ပိုင်း အဆိုပါ အစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံတွင်း တိုးပွားလာနေသော ပြည်ပအလုပ်သမားများသည် နည်းပါးသော လုပ်ခလစာနှင့်အတူ ကျွမ်းကျင်မှုမရှိသော ကာယလုပ်သားများအဖြစ် ငှားရမ်း ခိုင်းစေခံနေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြထားသည်။

နိုင်ငံအနှံ့အပြားရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားများအား တွေ့ဆုံမေးမြန်းထားသည့် အချက်အလက်များအပေါ် အခြေခံထားသော ယင်းအစီရင်ခံစာတွင် အလုပ်ရှင်များ၏ခြိမ်းခြောက်မှု၊အကြမ်းဖက်မှုတို့နှင့်အတူ အလုပ်သမားများအတွက် အလုပ်ချိန်များပြားမှု၊ နေရာထိုင်ခင်းများ စုတ်ပေညစ်ပတ်နေမှုများကိုလည်း ဖော်ပြထားသည်။

“တောင်ကိုရီးယားမှာ ရွှေ့ပြောင်းလယ်ယာလုပ်သားတွေ အမြတ်ထုတ်ခံနေရတာက နိုင်ငံအတွက် အစွန်းအထင်းတစ်ခုပါပဲ” ဟု အဆိုပါ နိုင်ငံတကာ
လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အာရှ-ပစိဖိတ်ဒေသ ဆိုင်ရာ သုတေသနပညာရှင် နော်မာကန်မူအီကိုက ပြောကြားသည်။

“ အာဏာပိုင်တွေအနေနဲ့လည်း အလုပ်ရှင်တွေက အလုပ်သမားတွေအပေါ် အဓမ္မခိုင်းစေဖို့ အမြတ်ထုတ်နိုင်ဖို့အတွက် ခွင့်ပြုပေးနေတဲ့ စနစ်တစ်ရပ်ကို ဖန်တီးထားပေးပါတယ်” ဟု ၎င်းက ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အထိ ရွှေ့ပြောင်းလုပ်သားဦးရေ ၂၅၀,၀၀၀ ခန့် ရှိပြီး ၎င်းတို့ထဲမှ ၂၀၀,၀၀၀ ခန့်သည် စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများ ဖြစ်သည်။

ရွှေ့ပြောင်း အလုပ်သမားများသည် အလုပ်ရှင်များကို မျက်နှာသာပေးထားသည့် နိုင်ငံ၏ အလုပ်လုပ်ကိုင်ခွင့် စနစ်အောက်တွင် သဘောတူညီမှု စာချုပ်များဖြင့် လုပ်ကိုင်နေကြ ရပြီး ယင်းစနစ်အောက်တွင် အလုပ်သမားများသည် လုံလောက်သည့် ဥပဒေအကာအကွယ်များမရှိဘဲ ၎င်းတို့၏အခွင့်အရေးရပိုင်ခွင့်များအတွက် ခုခံကာကွယ်နိုင်စွမ်းအား နည်းနေရသည်ဟုသိရသည်။

ကမ္ဘောဒီးယား၊ နီပေါနှင့် ဗီယက်နမ် နိုင်ငံများမှ အများဆုံးလာရောက်လုပ်ကိုင်နေကြသော အဆိုပါ ရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံတွင် ၎င်းတို့လုပ်ကိုင်နေသောအလုပ်မှ ထုတ်ပယ်ခံရချိန်တွင် အလုပ်ရှင်က ၎င်းတို့အတွက် အလုပ်ထွက်ခွင့်ပြုကြောင်းပုံစံကို လတ်မှတ်ထိုးပေးမှသာ
အခြားသော အလုပ်တစ်ခုသို့ပြောင်းရွှေ့နိုင်သည်။

ထို့ပြင် အဆိုပါအလုပ်သမားများသည် တောင်ကိုရီးယားသို့ လာရောက် လုပ်ကိုင်နိုင်ရန်အတွက် မိမိတို့ နေရပ်နိုင်ငံတွင် ငွေများချေးငှားခဲ့ရကာ အကြွေးများစွာတင်ပြီး လာရောက်လုပ်ကိုင်ရသည့်အတွက် ၎င်းတို့၏အလုပ်ကို ဆုံးရှုံးရမှုတန်ဖိုးသည် အလွန်ကြီးမြင့်နေသည်။

“ အလုပ်သမားတွေက သူတို့နေရပ်တွေမှာ ငွေတွေချေး အကြွေးတွေတင်ပြီး ဒီမှာလာလုပ်ကြရတာပါ၊ ဒါကြောင့် ဘယ်လိုပဲ ဖိနှိပ်ခံရခံရ သူတို့ ရဲ့ လက်ရှိအလုပ်ရှင်နဲ့ ဆက်နေပြီး လုပ်ဖို့ကိုပဲ သူတို့ရွေးချယ်ရမယ့် တစ်ခုတည်းသော လမ်းပါပဲ” ဟု မူအီကိုကပြောကြားသည်။

mizzimaburmese 

တောင်ကိုရီးယားသို့ အလုပ်သွားလုပ်ရန် ခတ္တမန္ဒူတွင် အလုပ်သမားမှတ်ပုံတင် စောင့်ဆိုင်းနေသည့် နီပေါနိုင်ငံသားများကို တွေ့ရစဉ်။ (အေအက်ဖ်ပီ)
တောင်ကိုရီးယားသို့ အလုပ်သွားလုပ်ရန် ခတ္တမန္ဒူတွင် အလုပ်သမားမှတ်ပုံတင် စောင့်ဆိုင်းနေသည့် နီပေါနိုင်ငံသားများကို တွေ့ရစဉ်။ (အေအက်ဖ်ပီ)
တောင်ကိုရီးယားနိုင်ငံအတွင်းမှ ရွှေ့ပြောင်းအလုပ်သမားများသည် ၎င်းတို့အလုပ်ရှင်များ၏ ခေါင်းပုံဖြတ် အမြတ်ထုတ်ခြင်းကို အခွင့်အရေးပေးထားသော စနစ်တစ်ခုအောက်တွင် ဖိနှိပ်ခံနေကြရသည်ဟု နိုင်ငံ တကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့က အောက်တိုဘာ ၂၀ ရက်တွင် အစီရင်ခံစာတစ်ရပ် ထုတ်ပြန်လိုက် သည်။

လူမျိုးရေးခွဲခြားမှုဆိုင်ရာ ကုလသမဂ္ဂ အထူးကိုယ်စားလှယ်၏ ကိုယ်စားလှယ်အဖွဲ့တစ်ဖွဲ့ တောင်ကိုရီးယား သို့ ရောက်ရှိသွားပြီးနောက်ပိုင်း အဆိုပါ အစီရင်ခံစာ ထွက်ပေါ်လာခြင်းဖြစ်သည်။

နိုင်ငံတွင်း တိုးပွားလာနေသော ပြည်ပအလုပ်သမားများသည် နည်းပါးသော လုပ်ခလစာနှင့်အတူ ကျွမ်း ကျင်မှုမရှိသော ကာယလုပ်သားများအဖြစ် ငှားရမ်း ခိုင်းစေခံနေရသည်ဟု အစီရင်ခံစာတွင် ဖော်ပြ ထားသည်။

နိုင်ငံအနှံ့အပြားရှိ စိုက်ပျိုးရေးလုပ်ငန်းများတွင် လုပ်ကိုင်နေကြသည့် အလုပ်သမားများအား တွေ့ဆုံမေးမြန်း ထားသည့် အချက်အလက်များအပေါ် အခြေခံထားသော ယင်းအစီရင်ခံစာတွင် အလုပ်ရှင်များ ၏ခြိမ်းခြောက်မှု၊ အကြမ်းဖက်မှုတို့နှင့်အတူ အလုပ်သမားများအတွက် အလုပ်ချိန်များပြားမှု၊ နေရာထိုင်ခင်း များ စုတ်ပေညစ်ပတ်နေမှုများကိုလည်း ဖော်ပြထားသည်။

“တောင်ကိုရီးယားမှာ ရွှေ့ပြောင်းလယ်ယာလုပ်သားတွေ အမြတ်ထုတ်ခံနေရတာက နိုင်ငံအတွက် အစွန်း အထင်းတစ်ခုပါပဲ” ဟု အဆိုပါ နိုင်ငံတကာ လွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့၏ အာရှ-ပစိဖိတ်ဒေသဆိုင်ရာ သုတေသနပညာရှင် နော်မာကန်မူအီကိုက ပြောကြားသည်။

“ အာဏာပိုင်တွေအနေနဲ့လည်း အလုပ်ရှင်တွေက အလုပ်သမားတွေအပေါ် အဓမ္မခိုင်းစေဖို့ အမြတ် ထုတ်နိုင်ဖို့အတွက် ခွင့်ပြုပေးနေတဲ့ စနစ်တစ်ရပ်ကို ဖန်တီးထားပေးပါတယ်” ဟု ၎င်းက ပြောကြားသည်။

တောင်ကိုရီးယားနိုင်ငံတွင် ပြီးခဲ့သည့် ၂၀၁၃ ခုနှစ်အထိ ရွှေ့ပြောင်းလုပ်သားဦးရေ ၂၅၀,၀၀၀ ခန့် ရှိပြီး ၎င်းတို့ထဲမှ ၂၀၀,၀၀၀ ခန့်သည် စိုက်ပျိုးရေး လုပ်ငန်းများတွင် လုပ်ကိုင်နေကြသူများ ဖြစ်သည်။

ရွှေ့ပြောင်း အလုပ်သမားများသည် အလုပ်ရှင်များကို မျက်နှာသာပေးထားသည့် နိုင်ငံ၏ အလုပ်လုပ်ကိုင်ခွင့် စနစ်အောက်တွင် သဘောတူညီမှု စာချုပ်များဖြင့် လုပ်ကိုင်နေကြရပြီး ယင်းစနစ်အောက်တွင် အလုပ် သမားများသည် လုံလောက်သည့် ဥပဒေအကာအကွယ်များမရှိဘဲ ၎င်းတို့၏အခွင့်အရေးရပိုင်ခွင့်များ အတွက် ခုခံကာကွယ်နိုင်စွမ်းအား နည်းနေရသည်ဟုသိရသည်။

ကမ္ဘောဒီးယား၊ နီပေါနှင့် ဗီယက်နမ် နိုင်ငံများမှ အများဆုံးလာရောက်လုပ်ကိုင်နေကြသော အဆိုပါ ရွှေ့ပြောင်းလုပ်သားများသည် နိုင်ငံတွင် ၎င်းတို့လုပ်ကိုင်နေသောအလုပ်မှ ထုတ်ပယ်ခံရချိန်တွင် အလုပ် ရှင်က ၎င်းတို့အတွက် အလုပ်ထွက်ခွင့်ပြုကြောင်းပုံစံကို လတ်မှတ်ထိုးပေးမှသာ အခြားသော အလုပ် တစ်ခုသို့ပြောင်းရွှေ့နိုင်သည်။

ထို့ပြင် အဆိုပါအလုပ်သမားများသည် တောင်ကိုရီးယားသို့ လာရောက် လုပ်ကိုင်နိုင်ရန်အတွက် မိမိတို့ နေရပ်နိုင်ငံတွင် ငွေများချေးငှားခဲ့ရကာ အကြွေးများစွာတင်ပြီး လာရောက်လုပ်ကိုင်ရသည့်အတွက် ၎င်းတို့၏ အလုပ်ကို ဆုံးရှုံးရမှုတန်ဖိုးသည် အလွန်ကြီးမြင့်နေသည်။

“ အလုပ်သမားတွေက သူတို့နေရပ်တွေမှာ ငွေတွေချေး အကြွေးတွေတင်ပြီး ဒီမှာလာလုပ်ကြရတာပါ၊ ဒါကြောင့် ဘယ်လိုပဲ ဖိနှိပ်ခံရခံရ သူတို့ ရဲ့ လက်ရှိအလုပ်ရှင်နဲ့ ဆက်နေပြီး လုပ်ဖို့ကိုပဲ သူတို့ရွေးချယ်ရမယ့် တစ်ခုတည်းသော လမ်းပါပဲ” ဟု မူအီကိုကပြောကြားသည်။

mizzimaburmese 

No comments:

Post a Comment