Tuesday 21 October 2014

ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုထိန်းသိန်းရန် ကျပ် ၂၄၁.၉၄ သန်းသုံးစွဲမည်

Photo: ဧရာဝတီမြစ်ကမ်းပါး ပြိုကျမှုထိန်းသိန်းရန် ကျပ် ၂၄၁.၉၄ သန်းသုံးစွဲမည်
Tuesday, October 21, 2014

ဧရာဝတီမြစ်ကူး ဖြတ်ကူးဖို့ ပခုက္ကူတံတား တည်ဆောက်ပြီးနောက် ရေအ၀င် လမ်းကြောင်း ပြောင်းလဲလာတာကြောင့် မြစ်အရှေ့ဘက်ကမ်းမှ သောင်ပိုကြီးလာပြီး ရေစီးကြောင်းဟာ တံတားအောက်ဘက်ကမ်းက ကျေးရွာတွေရဲ့ အောက်ခြေကနေ ကပ်စီးဆင်းလာလို့ ကမ်းပါး ပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။၂၀၁၃ ခုနှစ်မှာ ကမ်းပါးပြိုကျတာတွေ စတင်ဖြစ်ပေါ်ခဲ့ပြီး ကျေးရွာမြေတွေ၊ စိုက်ပျိုးမြေတွေ နဲ့ နေအိမ်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။

ဒါကြောင့် ရေတိုက် စားပြီး ကမ်းပါးပြိုကျ တာတွေ လျော့နည်း သွားအောင် ထိန်းသမ်းဖို့ အတွက် ပြည်ထောင်စု သီးသန့်ရန်ပုံငွေက ကျပ်ငွေ (၂၄၁.၉၄) သန်း အသုံးပြုပြီး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဒုဝန်ကြီး ဦးဟန်စိန်က ပြောပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ကမ်းပါးပြိုကျမှု ကာကွယ်ဖို့ကိုပဲ ရည်ရွယ်ပြီး Steel Basket ကျောက်ဖြည့် ရေကာတာတည်ဆောက်တာဟာ ကုန်ကျစရိတ် ပိုများပြီး ကမ်းပါးပြို ဧရိယာတခုလုံးကို မကာကွယ်နိုင်လို့ ဆောင်ရွက်ခြင်း မပြုဘူးလို့ ပြောပါတယ်။

ပခုက္ကူတံတားအောက်ဘက်က ကျေးရွာတခု ဖြစ်တဲ့ ကြက်တမ်းကုန်းကျေးရွာမှာ ၂၀၁၂ ခုနှစ်တုန်းက စတင် ကမ်းပါးပြိုကျခဲ့ပြီး ကျေးရွာမြေနဲ့ စိုက်ပျိုးမြေဧက ၁၀၀ လောက် ဆုံးရှုံးခဲ့ပြီး အိမ် ၁၄ လုံးလည်း ရွှေ့ပြောင်းခဲ့ရသလို တခြားကျေးရွာတချို့လည်း ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရပါတယ်။
ဧရာဝတီမြစ် ရေစီးကြောင်းပြောင်းလဲတာကြောင့် ကမ်းပါးပြိုကျတာတွေကို အချိန်မီ မထိန်းသိမ်းနိုင်ဘူးဆိုရင် လူနေအိမ်တွေ၊ စိုက်ခင်းတွေနဲ့ ဘုန်းကြီးကျောင်း တော်တော်များများ ဟာ ပြောင်းရွှေ့ရတော့မှာ ဖြစ်ပါတယ်။

DVB TV News
ဧရာဝတီမြစ်ကူး ဖြတ်ကူးဖို့ ပခုက္ကူတံတား တည်ဆောက်ပြီးနောက် ရေအ၀င် လမ်းကြောင်း ပြောင်းလဲ လာတာကြောင့် မြစ်အရှေ့ဘက်ကမ်းမှ သောင်ပိုကြီးလာပြီး ရေစီးကြောင်းဟာ တံတားအောက်ဘက် ကမ်း က ကျေးရွာတွေရဲ့ အောက်ခြေကနေ ကပ်စီးဆင်းလာလို့ ကမ်းပါး ပြိုကျမှုတွေ ဖြစ်ပေါ်ခဲ့ပါတယ်။၂၀၁၃ ခုနှစ်မှာ ကမ်းပါးပြိုကျတာတွေ စတင်ဖြစ်ပေါ်ခဲ့ပြီး ကျေးရွာမြေတွေ၊ စိုက်ပျိုးမြေတွေ နဲ့ နေအိမ်တွေ ဆုံးရှုံးခဲ့ကြရပါတယ်။

ဒါကြောင့် ရေတိုက် စားပြီး ကမ်းပါးပြိုကျ တာတွေ လျော့နည်း သွားအောင် ထိန်းသမ်းဖို့ အတွက် ပြည်ထောင်စု သီးသန့်ရန်ပုံငွေက ကျပ်ငွေ (၂၄၁.၉၄) သန်း အသုံးပြုပြီး ဆောင်ရွက်သွားဖို့ ရှိတယ်လို့ ပို့ဆောင်ရေးဝန်ကြီးဌာနမှ ပြည်ထောင်စုဒုဝန်ကြီး ဦးဟန်စိန်က ပြောပါတယ်။

ဒီလိုဆောင်ရွက်ရာမှာ ကမ်းပါးပြိုကျမှု ကာကွယ်ဖို့ကိုပဲ ရည်ရွယ်ပြီး Steel Basket ကျောက်ဖြည့် ရေကာတာတည်ဆောက်တာဟာ ကုန်ကျစရိတ် ပိုများပြီး ကမ်းပါးပြို ဧရိယာတခုလုံးကို မကာကွယ်နိုင်လို့ ဆောင်ရွက်ခြင်း မပြုဘူးလို့ ပြောပါတယ်။

ပခုက္ကူတံတားအောက်ဘက်က ကျေးရွာတခု ဖြစ်တဲ့ ကြက်တမ်းကုန်းကျေးရွာမှာ ၂၀၁၂ ခုနှစ်တုန်းက စတင် ကမ်းပါးပြိုကျခဲ့ပြီး ကျေးရွာမြေနဲ့ စိုက်ပျိုးမြေဧက ၁၀၀ လောက် ဆုံးရှုံးခဲ့ပြီး အိမ် ၁၄ လုံးလည်း ရွှေ့ပြောင်းခဲ့ ရသလို တခြားကျေးရွာတချို့လည်း ရွာလုံးကျွတ် ပြောင်းရွှေ့ခဲ့ရပါတယ်။

ဧရာဝတီမြစ် ရေစီးကြောင်းပြောင်းလဲတာကြောင့် ကမ်းပါးပြိုကျတာတွေကို အချိန်မီ မထိန်းသိမ်းနိုင်ဘူး ဆိုရင် လူနေအိမ်တွေ၊ စိုက်ခင်းတွေနဲ့ ဘုန်းကြီးကျောင်း တော်တော်များများ ဟာ ပြောင်းရွှေ့ရတော့မှာ ဖြစ်ပါတယ်။

DVB TV News

No comments:

Post a Comment