Tuesday 21 October 2014

တစ်နိုင်ငံလုံးရှိ ခရိုင်အဆင့် ဆေးရုံ ၇၀ တွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကုသရေး အတွက် ကြိုတင်ပြင်ဆင်မည်

Photo: တစ်နိုင်ငံလုံးရှိ ခရိုင်အဆင့် ဆေးရုံ ၇၀ တွင် အီဘိုလာဗိုင်းရပ်စ်ပိုး ကုသရေး အတွက် ကြိုတင်ပြင်ဆင်မည်
Tuesday, October 21, 2014

ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ခရိုင်အဆင့် ဆေးရုံ ၇၀ တွင် အီဘိုလာဗိုင်းရပ်စ်ပိုးကုသရေးအတွက် ကြိုတင်ပြင်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။

အီဘိုလာဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ကူးစက်မှုမရှိစေရန် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ကျန်းမာရေးဦးစီးဌာနမှ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပြီး သံသယရှိဖွယ်လူနာများတွေ့ရှိခဲ့ပါက စောင့်ကြပ်ကြည့်ရှုကုသနိုင်ရန် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများရှိ ဆေးရုံကြီးများတွင် ပြီးခဲ့သည့်  သြဂုတ်လကတည်းက ကနဦးအနေဖြင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြောင်းနှင့် ယခုဆက်လက်၍ ခရိုင်အဆင့်ဆေးရုံများတွင် ထပ်မံတိုးချဲ့ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဦးစီးဌာနမှ ပထမအဆင့်အနေဖြင့် ခရိုင်အဆင့်ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး အီဘိုလာရောဂါစောင့်ကြပ်ရေးနှင့်ပတ်သက်သည့် အချက်အလက်များကိုလည်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးအဆင့်အနေဖြင့် နေပြည်တော်ခုတင်(၁၀၀၀) ဆံ့ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၌ ရန်ကုန်အထွေထွေရောဂါကုဆေးရုံနှင့် အထူးကုဆေးရုံ(ဝေဘာဂီ)၊ မန္တလေးတိုင်းဒေသကြီး၊ ကန်တော်လတီကူးစက်ဆေးရုံများကို ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းနှင့် နိုင်ငံတကာ ၀င်/ထွက်ပေါက်နေရာများ၊ နယ်စပ်ဂိတ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၁၇ ရက်က လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သည့် အီဘိုလာရောဂါဖြစ်နေသည့် လူလေးဦးဆိုသည်မှာ မဟုတ်မှန်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ရှင်းလင်းခဲ့ကြောင်းနှင့် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့်စာရွက်၌ နိုင်ငံခြားသားသုံးဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးပါ အမည်လေးခုအားဖော်ပြ၍ "ဤလူများကိုတွေ့လျှင်အကြောင်းကြားပေးပါရန် အီဘိုလာရောဂါဖြစ်နေသောသူများဖြစ်ပါသည်။ လေဆိပ်တွင်ပျောက်သွားသည်" ဟုရေးသားထားပြီး လူမှုကွန်ရက်သုံးစွဲသူများအချင်းချင်း ပြန်လည်မျှဝေခဲ့မှုကြောင့် ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက လိုက်လံစုံစမ်းမှုများပြုလုပ်ခဲ့ရာ ယင်းနေ့ နေ့လယ်ပိုင်းတွင် အဆိုပါစာရွက်တွေ့ရှိခဲ့သည်ဟုဆိုသည့် ဟိုတယ်အား ကျန်းမာရေးဝန်ထမ်းများက ကိုယ်တိုင်သွားရောက်စုံစမ်းခဲ့ရာ အဆိုပါလူလေးဦးမှာ ယင်းဟိုတယ်တွင် တည်းခိုခဲ့ခြင်းမရှိခဲ့ကြောင်း၊ အဆိုပါလူမှုကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့်စာရွက်မှာ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စာရွက်မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိရောဂါဖြစ်ပွားနေသည့်နိုင်ငံများမှ ပြန်လာသူများ၊ ရောဂါခံစားနေရသူများကို ပြုစုစောင့်ရှောက်ပေးသူများနှင့် မိသားစုဝင်များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသူများကို လေဆိပ်၊ သင်္ဘောဆိပ်များရှိ ကျန်းမာရေးဌာနများတွင် စစ်ဆေးမှုများပြုလုပ်နေပြီး ရောဂါသံသယလက္ခဏာများဖြစ်ပွားလာပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် ဆေးကုသမှုခံယူရန် ထုတ်ပြန်ထားသည်။

ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး အီဘိုလာရောဂါကြောင့် သေဆုံးသူဦးရေ ၄၅၀၀ ကျော်သွားပြီဖြစ်ပြီး ရောဂါကူးစက်ခံရဦးရေ ၉၀၀၀ ကျော်ရှိပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အောက်တိုဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။         

Eleven Media Group 

ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးအဖွဲ့က ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ရန်ကုန်အပြည်ပြည်ဆိုင်ရာလေဆိပ်ရှိ ကျန်းမာရေးအဖွဲ့က ရောဂါစောင့်ကြပ်ကြည့်ရှုရေးလုပ်ငန်းများ လုပ်ဆောင်နေစဉ် (ဓာတ်ပုံ-အောင်မျိုးသန့်)
ကျန်းမာရေးဝန်ကြီးဌာန၊ ကျန်းမာရေးဦးစီးဌာနလက်အောက်ရှိ ခရိုင်အဆင့် ဆေးရုံ ၇၀ တွင် အီဘိုလာ ဗိုင်းရပ်စ်ပိုး ကုသရေးအတွက် ကြိုတင်ပြင်ဆင် သွားမည်ဖြစ်ကြောင်း သိရသည်။

အီဘိုလာဗိုင်းရပ်စ်ပိုး ပြည်တွင်းသို့ကူးစက်မှုမရှိစေရန် စောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများကို ကျန်းမာရေး ဦးစီး ဌာနမှ စဉ်ဆက်မပြတ်လုပ်ဆောင်လျက်ရှိပြီး သံသယရှိဖွယ်လူနာများတွေ့ရှိခဲ့ပါက စောင့်ကြပ်ကြည့်ရှု ကုသနိုင်ရန် နေပြည်တော်၊ ရန်ကုန်နှင့် မန္တလေးတိုင်းဒေသကြီးများရှိ ဆေးရုံကြီးများတွင် ပြီးခဲ့သည့်  သြဂုတ်လကတည်းက ကနဦးအနေဖြင့် ကြိုတင်ပြင်ဆင်မှုများပြုလုပ်ခဲ့ကြောင်းနှင့် ယခုဆက်လက်၍ ခရိုင်အဆင့်ဆေးရုံများတွင် ထပ်မံတိုးချဲ့ပြင်ဆင်ထားခြင်းဖြစ်ကြောင်း သိရသည်။

ကျန်းမာရေးဦးစီးဌာနမှ ပထမအဆင့်အနေဖြင့် ခရိုင်အဆင့်ဆေးရုံများတွင် ကြိုတင်ပြင်ဆင်ရေးလုပ်ငန်းများ လုပ်ဆောင်သွားမည်ဖြစ်ပြီး အီဘိုလာရောဂါစောင့်ကြပ်ရေးနှင့်ပတ်သက်သည့် အချက်အလက်များကိုလည်း ထုတ်ပေးလျက်ရှိကြောင်း သိရသည်။

တိုင်းဒေသကြီးအဆင့်အနေဖြင့် နေပြည်တော်ခုတင်(၁၀၀၀) ဆံ့ဆေးရုံ၊ ရန်ကုန်တိုင်းဒေသကြီး၌ ရန်ကုန် အထွေထွေရောဂါကုဆေးရုံနှင့် အထူးကုဆေးရုံ(ဝေဘာဂီ)၊ မန္တလေးတိုင်းဒေသကြီး၊ ကန်တော်လတီ ကူးစက်ဆေးရုံများကို ကြိုတင်ပြင်ဆင်မှုများ ပြုလုပ်ထားကြောင်းနှင့် နိုင်ငံတကာ ၀င်/ထွက်ပေါက်နေရာများ၊ နယ်စပ်ဂိတ်များတွင် ရောဂါစောင့်ကြပ်ကြည့်ရှုခြင်းလုပ်ငန်းများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

ထို့ပြင် အောက်တိုဘာ ၁၇ ရက်က လူမှုကွန်ရက်တွင်ပျံ့နှံ့ခဲ့သည့် အီဘိုလာရောဂါဖြစ်နေသည့် လူလေးဦး ဆို သည်မှာ မဟုတ်မှန်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနမှ ရှင်းလင်းခဲ့ကြောင်းနှင့် လူမှုကွန်ရက်ပေါ်တွင် ပျံ့နှံ့ခဲ့သည့်စာရွက်၌ နိုင်ငံခြားသားသုံးဦးနှင့် မြန်မာနိုင်ငံသားတစ်ဦးပါ အမည်လေးခုအားဖော်ပြ၍ "ဤလူ များကိုတွေ့လျှင်အကြောင်းကြားပေးပါရန် အီဘိုလာရောဂါဖြစ်နေသောသူများဖြစ်ပါသည်။ လေဆိပ် တွင်ပျောက် သွားသည်" ဟုရေးသားထားပြီး လူမှုကွန်ရက်သုံးစွဲသူများအချင်းချင်း ပြန်လည်မျှဝေခဲ့မှုကြောင့် ပျံ့နှံ့သွားခဲ့ခြင်းဖြစ်သည်။

ထို့ကြောင့် ကျန်းမာရေးဦးစီးဌာနမှတာဝန်ရှိသူများက လိုက်လံစုံစမ်းမှုများပြုလုပ်ခဲ့ရာ ယင်းနေ့ နေ့လယ်ပိုင်း တွင် အဆိုပါစာရွက်တွေ့ရှိခဲ့သည်ဟုဆိုသည့် ဟိုတယ်အား ကျန်းမာရေးဝန်ထမ်းများက ကိုယ်တိုင် သွားရောက်စုံစမ်းခဲ့ရာ အဆိုပါလူလေးဦးမှာ ယင်းဟိုတယ်တွင် တည်းခိုခဲ့ခြင်းမရှိခဲ့ကြောင်း၊ အဆိုပါလူမှု ကွန်ရက်တွင် ပျံ့နှံ့ခဲ့သည့်စာရွက်မှာ ကျန်းမာရေးဝန်ကြီးဌာနမှထုတ်ပြန်ထားသည့် စာရွက်မဟုတ်ကြောင်း ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည်။

ကျန်းမာရေးဝန်ကြီးဌာနအနေဖြင့် လက်ရှိရောဂါဖြစ်ပွားနေသည့်နိုင်ငံများမှ ပြန်လာသူများ၊ ရောဂါခံစားနေ ရသူ များကို ပြုစုစောင့်ရှောက်ပေးသူများနှင့် မိသားစုဝင်များ၊ ယင်းတို့နှင့်ဆက်နွှယ်နေသူများကို လေဆိပ်၊ သင်္ဘောဆိပ်များရှိ ကျန်းမာရေးဌာနများတွင် စစ်ဆေးမှုများပြုလုပ်နေပြီး ရောဂါသံသယလက္ခဏာများဖြစ်ပွား လာပါက နီးစပ်ရာကျန်းမာရေးဌာနများတွင် ဆေးကုသမှုခံယူရန် ထုတ်ပြန်ထားသည်။

ကမ္ဘာပေါ်တွင် အဆိုးရွားဆုံး အီဘိုလာရောဂါကြောင့် သေဆုံးသူဦးရေ ၄၅၀၀ ကျော်သွားပြီဖြစ်ပြီး ရောဂါကူးစက် ခံရဦးရေ ၉၀၀၀ ကျော်ရှိပြီဟု ကမ္ဘာ့ကျန်းမာရေးအဖွဲ့မှ အောက်တိုဘာ ၁၇ ရက်က ထုတ်ပြန်ခဲ့သည်။         

Eleven Media Group 

No comments:

Post a Comment