Tuesday 21 October 2014

ထိုင်းနှင့် မလေးရှားတွင်လည်း မြန်မာများ မဲပေးနိုင်တော့မည်

ထိုင်း နှင့် မလေးရှားနိုင်ငံများတွင် တရား ဝင်ရောက်ရှိနေသူအရေအတွက် များပါက ထိုသူများ မဲပေးနိုင်ရန် ယင်းနိုင်ငံများတွင် မဲရုံများ သွား ရောက် ဖွင့်လှစ်ပေးမည်ဟု ပြည် ထောင်စုရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌ ဦးတင်အေးက ပြောသည်။

ထိုသို့စီစဉ်ပေးနိုင်ရန် ထိုင်းနှင့် မလေးရှားတို့တွင်ရောက်နေသူ အ ရေအတွက်ကိုသိနိုင်ရန် နိုင်ငံခြား ရေး ဝန်ကြီး၊ အလုပ်သမားရေးရာ ဝန်ကြီး၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည် သူ့အင်အားဝန်ကြီးတို့ကို ပြည်ထောင် စုရွေးကောက်ပွဲကော်မရှင်က ပူး ပေါင်းဆောင်ရွက်ရန်ပြောကြားထား ပြီဖြစ်ကြောင်း သိရ သည်။

''တရားဝင် ဘယ်လောက်လုပ် နေလဲဆိုတာ ကျွန်တော်တို့ မသိပါ ဘူး။ တရားဝင်လုပ်နေတာ သိန်းနဲ့ သန်းနဲ့ချီသွားပြီဆိုရင် မဲရုံသွားဖွင့် မှာပါ''ဟု အောက်တိုဘာ ၂ဝရက် က မီကာဆာဟိုတယ်တွင် ပြုလုပ် သည့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်နှင့် လူမှုအဖွဲ့အစည်းများတွေ့ဆုံမှု အပြီးတွင် ဦးတင်အေး က မီဒီယာများကို ပြောခဲ့သည်။ 

ယင်းနိုင်ငံများတွင်ရောက်ရှိနေ သူများသည် သာမန်အားဖြင့် သံရုံးမှ တစ်ဆင့် မဲပေးကြရမည်ဖြစ်ပြီး ယင်း မဲလက်မှတ်များကို ချိတ်ပိတ်ထားရှိ မည်ဖြစ်ကြောင်း မဲများကိုလည်း ရွေး ကောက်ပွဲကျင်းပသည့်နေ့ ညနေ ၄ နာရီမှ သာ ဖွင့်ဖောက်သွားမည်ဖြစ် ကြောင်း သိရသည်။

Democracytoday

No comments:

Post a Comment