Tuesday 21 October 2014

ပူတာအိုခရိုင်တွင် စပါးခင်းများပိုးကျ၍ လာမည့်နှစ်တွင် စားနပ်ရိက္ခာ ရှားပါး မည်ကို ဒေသခံများပူပန်

Photo: ပူတာအိုခရိုင်တွင် စပါးခင်းများပိုးကျ၍ လာမည့်နှစ်တွင် စားနပ်ရိက္ခာ ရှားပါး မည်ကို ဒေသခံများပူပန်
Tuesday, October 21, 2014

ပူတာအိုခရိုင်ရှိ တောင် ယာများတွင် ပိုးကျပြီး စပါးခင်း များမကောင်းသည့် အတွက် ဒေသခံတောင်သူများသည် လာ မည့်နှစ်တွင် အစားအသောက် အခက်အခဲဖြစ်မည်ကို စိုးရိမ်နေ ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့ ဘန်ခူးမှာ လူ အများစုက တောင်ယာပဲ ခုတ် စားကြတယ်။ ဒီနှစ်က တောင်ယာလည်း အကုန်လုံးပိုးစားလိုက် တော့ စပါးမရဘူး။ ဒါကြောင့် နောက်နှစ်မှာတော့ တော်တော် ခက်မှာ’’ဟု မချမ်းဘောမြို့နယ် ဘန်ခူးကျေးရွာမှ ကျောင်းဆရာ ဦးတူးအောင်ကပြောသည်။

ပူတာအိုဒေသရှိ ဒေသခံများ သည် တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်စားသောက်လျက်ရှိပြီး အခြားအလုပ်အကိုင် လုပ်ကိုင် စားသောက်သူ အလွန်နည်းပါး သည်။

ယင်းဒေသသည် လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့်အ တွက် ကုန်ဈေးနှုန်းကြီးပြီး ယခုနှစ် ကဲ့သို့ စပါးမကောင်းခြင်းသည် ဒေ သခံများ၊ တောင်သူများအတွက် ကြီးမားသည့်အခက်အခဲဖြစ်လာ နိုင်ကြောင်း ပူတာအိုဒေသ လူမှု အဖွဲ့အစည်းများတွင် လုပ်ကိုင်ဖူး သည့် ဦးနော်ရိန်းက ဆိုသည်။

‘‘ပိုက်ဆံရှိပြီး သွားဝယ်စား မယ်ဆိုလည်း မလွယ်ဘူး။ လမ်း အရမ်းခက်တယ်။ ၀ယ်စားမယ်ဆိုရင်လည်း ပိုက်ဆံမရှိကြဘူး’’ဟု မချမ်းဘောမြို့နယ် ဒိန်ခက်ကျေး ရွာမှ ဘာသာရေးဆရာတစ်ဦးက ပြောသည်။

ပူတာအိုခရိုင်တွင် လွန်ခဲ့ သည် ၂၀၁၀ တွင်လည်း စပါးခင်းများ ကြွက်ဘေးအန္တရာယ်ကြုံ တွေ့ခဲ့သည့်အတွက် ဒေသခံများ အခက်အခဲများစွာ ကြုံတွေ့ခဲ့ ဖူးသည်။

သို့သော် ယခုနှစ်သည် ၂၀၁၀ ကထက် ပိုမိုဆိုးရွာကြောင်းဒေသခံများကပြော သည်။

7 Day Daily
ပူတာအိုခရိုင်ရှိ တောင် ယာများတွင် ပိုးကျပြီး စပါးခင်း များမကောင်းသည့် အတွက် ဒေသခံတောင်သူ များ သည်လာမည့်နှစ်တွင် အစားအသောက် အခက်အခဲဖြစ်မည်ကို စိုးရိမ်နေ ကြောင်း သတင်းရရှိသည်။

‘‘ကျွန်တော်တို့ ဘန်ခူးမှာ လူအများစုက တောင်ယာပဲခုတ်စားကြတယ်။ ဒီနှစ်က တောင်ယာလည်း အကုန်လုံးပိုးစားလိုက် တော့ စပါးမရဘူး။ ဒါကြောင့် နောက်နှစ်မှာတော့ တော်တော်ခက်မှာ’’ဟု မချမ်းဘော မြို့နယ် ဘန်ခူးကျေးရွာမှ ကျောင်းဆရာ ဦးတူးအောင်ကပြောသည်။

ပူတာအိုဒေသရှိ ဒေသခံများသည် တောင်ယာလုပ်ငန်းကိုသာ လုပ်ကိုင်စားသောက်လျက်ရှိပြီး အခြား အလုပ်အကိုင် လုပ်ကိုင် စားသောက်သူ အလွန်နည်းပါး သည်။

ယင်းဒေသသည် လမ်းပန်း ဆက်သွယ်ရေးခက်ခဲသည့်အ တွက် ကုန်ဈေးနှုန်းကြီးပြီး ယခုနှစ် ကဲ့သို့ စပါးမကောင်းခြင်းသည် ဒေ သခံများ၊ တောင်သူများအတွက် ကြီးမားသည့်အခက်အခဲဖြစ်လာ နိုင်ကြောင်း ပူတာအိုဒေသ လူမှု အဖွဲ့အစည်းများတွင် လုပ်ကိုင်ဖူး သည့် ဦးနော်ရိန်းက ဆိုသည်။

‘‘ပိုက်ဆံရှိပြီး သွားဝယ်စား မယ်ဆိုလည်း မလွယ်ဘူး။ လမ်း အရမ်းခက်တယ်။ ၀ယ်စားမယ်ဆိုရင်လည်း ပိုက်ဆံမရှိကြဘူး’’ဟု မချမ်းဘောမြို့နယ် ဒိန်ခက်ကျေး ရွာမှ ဘာသာရေးဆရာတစ်ဦးက ပြောသည်။

ပူတာအိုခရိုင်တွင် လွန်ခဲ့သည် ၂၀၁၀ တွင်လည်း စပါးခင်းများ ကြွက်ဘေးအန္တရာယ်ကြုံ တွေ့ခဲ့သည့် အတွက် ဒေသခံများ အခက်အခဲများစွာ ကြုံတွေ့ခဲ့ ဖူးသည်။

သို့သော် ယခုနှစ်သည် ၂၀၁၀ ကထက် ပိုမိုဆိုးရွာကြောင်းဒေသခံများကပြော သည်။

7 Day Daily 

No comments:

Post a Comment