Friday 20 June 2014

3D Effect များ ထောက်ပံ့နိုင်သည့် Fire Phone ကို မိတ်ဆက်

Photo: 3D Effect များ ထောက်ပံ့နိုင်သည့် Fire Phone ကို မိတ်ဆက်
Friday, June 20, 2014 

Amazonကုမ္ပဏီသည် ၎င်းတို့၏ပထမဆုံးစမတ်ဖုန်းသစ်အဖြစ် Fire Phone ကို မိတ်ဆက်လိုက်ပြီဖြစ်သည်။

စမတ်ဖုန်းနယ်ပယ်တွင် Apple နှင့် Samsung တို့က ကြီးစိုးနေရာ ယင်းတို့ကို စိန်ခေါ်မည့် Feature များဖြင့် Fire Phone ကို Amazon က ဖန်တီးခဲ့ခြင်းဖြစ်သည်။ ယခုဖုန်းတွင် အထင်ရှားဆုံးဆန်းသစ်တီထွင်မှုမှာ 3D Effect များထောက်ပံ့ပေးနိုင်ခြင်းဖြစ်ပြီး မြေပုံစနစ်နှင့် ဂိမ်းကစားခြင်းတို့ကို 3D နည်းပညာဖြင့် ပံ့ပိုးမည်ဖြစ်သည်။

Android ကိုပင် အခြေခံဖန်တီးထားသည့် Fire OS 3.5.0 အသုံးပြုထားသည့် ဖုန်းတွင် အရာဝတ္ထုများ၊ ပုံရိပ်နှင့် သီချင်းများကို ခြေရာခံစစ်ဆေးကာ Amazon ၏ ၀န်ဆောင်မှုများဖြင့် ၀ယ်ယူနိုင်သည့် ထုတ်ကုန်များကို သုံးစွဲသူအား သတင်းအချက်အလက်ထောက်ပံ့ပေးမည့် Fire Fly ခေါ် Feature လည်း ပါဝင်လာသည်။

ဖုန်းမျက်နှာပြင်မှာမူ ဈေးကွက်ထဲတွင် လူကြိုက်များသည့် Android ဖုန်းအများစုထက် သေးငယ်ကာ ၄ ဒသမ ၇ လက်မသာရှိပြီး ရော်ဘာအုပ်ထားသည့် ကိုယ်ထည်တွင် အလူမီနီယံခလုတ်များကို တပ်ဆင်ပေးထားသည်။

ဖုန်း၏ CPU အဖြစ် 2.2 GHz Quad-Core Qualcomm Snap- dragon Processor ကို အသုံးပြုထားပြီး 2GB RAM ဖြင့် အားဖြည့်ထားသည်။ GPU မှာမူ Adreno 330 ဖြစ်သည်။

ဖုန်း၏ ကျောဘက်ကင်မရာမှာ 13 Megapixel ပုံရိပ်ဖော်အရည်အသွေးရှိပြီး ဖုန်း၏ အရှေ့ဘက်တွင် Video Chat အတွက် 2.1 megapixel ကင်မရာကို တပ်ဆင်ထားပေးသည်။ ဖုန်း၏ ကျောဘက် ကင်မရာသည် iPhone 5S နှင့် Galaxy S5ဖုန်းများထက် ပုံရိပ်အရည်အသွေးပိုမိုကောင်းမွန်စွာ ရိုက်ကူးနိုင်ကြောင်းလည်း Amazon ကဆိုသည်။ ဓာတ်ပုံများကို Ama-zon Cloud Device ဖြင့် ပမာဏကန့်သတ်ချက်မရှိဘဲ သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။

Amazon အမှုဆောင်ချုပ် ဂျက်ဖ်ဘီဇော့စ်က 720p HD Displayတပ်ဆင်ထားသော ဖုန်းအသစ်ကို ဆီယက်တဲလ်မြို့တွင် မိတ်ဆက်ခဲ့ပြီးနောက် ‘‘ခုချိန်မှာတော့ Apple ဆီက သရဖူကိုလက်ပြောင်းယူဖို့ အချိန်တန်လာပါပြီ’’ဟု ပြောကြားခဲ့သည်။

၎င်းက Fire Phone အတွက် ရည်မှန်းချက်ကြီးကြီးမားမားထားရှိသော်လည်း စမတ်ဖုန်းဈေးကွက်တစ်ခုလုံးကို လွှမ်းမိုးနိုင်ရန်မှာမူ ဖြစ်နိုင်ခြေမရှိကြောင်းလည်း ဆိုသည်။ ‘‘လူတွေက ဖုန်းတွေကို အမျိုးမျိုး ပြောင်းလဲပြီး ကိုင်ချင်ကြတယ်လေ။ ကျွန်တော်တို့က လူတစ်ယောက်အတွက် အကောင်းဆုံးဖြစ်နိုင်မယ့် ဖုန်းတစ်လုံးကို ဖန်တီးပေးလိုက်တဲ့ သဘောပါပဲ။ လူတိုင်းက ကိုယ့်အကြိုက်နဲ့ ကိုယ်ပဲလေ။ တချို့က ဗနီ လာကြိုက်တယ်။ တချို့က ချောကလက်ကြိုက်တယ်။ Fire Phoneက Smart Phone တွေ ရွေချယ်နိုင်ခွင့် နယ်ပယ်ကို ပိုပြီးကျယ်ပြန့်လာစေပါလိမ့်မယ်’’ဟု ဘီဇော့စ် က မှတ်ချက်ပြုခဲ့သည်။

Amazon သည် Fire Phone ကို သိုလှောင်မှု ပမာဏ 32 GB နှင့် 64 GB ဟူ၍ နှစ်မျိုးခွဲခြားထုတ်လုပ်ထားပြီး AT&Tမှ တစ်ဆင့် ၂ နှစ် စာချုပ်ဖြင့် ရောင်းချချိန်၌ ၁၉၉ ဒေါ်လာစီ ဈေးနှုန်းသတ်မှတ်သွား မည်ဖြစ်သည်။ လက်လီရောင်းဈေးမှာမူ 32 GB အတွက် ၆၄၉ ဒေါ်လာ၊ 64GB အတွက် ၇၄၉ ဒေါ်လာအသီးသီးရှိကြသည်။

7Day News Journal
Amazonကုမ္ပဏီသည် ၎င်းတို့၏ပထမဆုံးစမတ်ဖုန်းသစ်အဖြစ် Fire Phone ကို မိတ်ဆက် လိုက်ပြီဖြစ်သည်။

စမတ်ဖုန်းနယ်ပယ်တွင် Apple နှင့် Samsung တို့က ကြီးစိုးနေရာ ယင်းတို့ကို စိန်ခေါ်မည့် Feature များဖြင့် Fire Phone ကို Amazon က ဖန်တီးခဲ့ခြင်းဖြစ်သည်။ ယခုဖုန်းတွင် အထင်ရှားဆုံးဆန်းသစ်တီထွင်မှုမှာ 3D Effect များထောက်ပံ့ပေးနိုင်ခြင်းဖြစ်ပြီး မြေပုံစနစ်နှင့် ဂိမ်းကစားခြင်းတို့ကို 3D နည်းပညာဖြင့် ပံ့ပိုး မည်ဖြစ်သည်။

Android ကိုပင် အခြေခံဖန်တီးထားသည့် Fire OS 3.5.0 အသုံးပြုထားသည့် ဖုန်းတွင် အရာဝတ္ထုများ၊ ပုံရိပ်နှင့် သီချင်းများကို ခြေရာခံစစ်ဆေးကာ Amazon ၏ ၀န်ဆောင်မှုများဖြင့် ၀ယ်ယူနိုင်သည့် ထုတ်ကုန် များကို သုံးစွဲသူအား သတင်းအချက်အလက်ထောက်ပံ့ပေးမည့် Fire Fly ခေါ် Feature လည်း ပါဝင်လာ သည်။

ဖုန်းမျက်နှာပြင်မှာမူ ဈေးကွက်ထဲတွင် လူကြိုက်များသည့် Android ဖုန်းအများစုထက် သေးငယ်ကာ ၄ ဒသမ ၇ လက်မသာရှိပြီး ရော်ဘာအုပ်ထားသည့် ကိုယ်ထည်တွင် အလူမီနီယံခလုတ်များကို တပ်ဆင် ပေးထားသည်။

ဖုန်း၏ CPU အဖြစ် 2.2 GHz Quad-Core Qualcomm Snap- dragon Processor ကို အသုံးပြုထားပြီး 2GB RAM ဖြင့် အားဖြည့်ထားသည်။ GPU မှာမူ Adreno 330 ဖြစ်သည်။

ဖုန်း၏ ကျောဘက်ကင်မရာမှာ 13 Megapixel ပုံရိပ်ဖော်အရည်အသွေးရှိပြီး ဖုန်း၏ အရှေ့ဘက်တွင် Video Chat အတွက် 2.1 megapixel ကင်မရာကို တပ်ဆင်ထားပေးသည်။ ဖုန်း၏ ကျောဘက် ကင်မရာသည် iPhone 5S နှင့် Galaxy S5ဖုန်းများထက် ပုံရိပ်အရည်အသွေးပိုမိုကောင်းမွန်စွာ ရိုက်ကူးနိုင်ကြောင်းလည်း Amazon ကဆိုသည်။ ဓာတ်ပုံများကို Ama-zon Cloud Device ဖြင့် ပမာဏကန့်သတ်ချက်မရှိဘဲ သိမ်းဆည်းထားနိုင်မည်ဖြစ်သည်။

Amazon အမှုဆောင်ချုပ် ဂျက်ဖ်ဘီဇော့စ်က 720p HD Displayတပ်ဆင်ထားသော ဖုန်းအသစ်ကို ဆီ ယက်တဲလ်မြို့တွင် မိတ်ဆက်ခဲ့ပြီးနောက် ‘‘ခုချိန်မှာတော့ Apple ဆီက သရဖူကိုလက်ပြောင်းယူဖို့ အချိန် တန်လာပါပြီ’’ဟု ပြောကြားခဲ့သည်။

၎င်းက Fire Phone အတွက် ရည်မှန်းချက်ကြီးကြီးမားမားထားရှိသော်လည်း စမတ်ဖုန်းဈေးကွက် တစ်ခု လုံးကို လွှမ်းမိုးနိုင်ရန်မှာမူ ဖြစ်နိုင်ခြေမရှိကြောင်းလည်း ဆိုသည်။ ‘‘လူတွေက ဖုန်းတွေကို အမျိုးမျိုး ပြောင်း လဲပြီး ကိုင်ချင်ကြတယ်လေ။ ကျွန်တော်တို့က လူတစ်ယောက်အတွက် အကောင်းဆုံးဖြစ်နိုင်မယ့် ဖုန်း တစ်လုံးကို ဖန်တီးပေးလိုက်တဲ့ သဘောပါပဲ။ လူတိုင်းက ကိုယ့်အကြိုက်နဲ့ ကိုယ်ပဲလေ။ တချို့က ဗနီ လာကြိုက် တယ်။ တချို့က ချောကလက်ကြိုက်တယ်။ Fire Phoneက Smart Phone တွေ ရွေချယ်နိုင်ခွင့် နယ်ပယ်ကို ပိုပြီးကျယ်ပြန့်လာစေပါလိမ့်မယ်’’ဟု ဘီဇော့စ် က မှတ်ချက်ပြုခဲ့သည်။

Amazon သည် Fire Phone ကို သိုလှောင်မှု ပမာဏ 32 GB နှင့် 64 GB ဟူ၍ နှစ်မျိုးခွဲခြား ထုတ်လုပ် ထားပြီး AT&Tမှ တစ်ဆင့် ၂ နှစ် စာချုပ်ဖြင့် ရောင်းချချိန်၌ ၁၉၉ ဒေါ်လာစီ ဈေးနှုန်းသတ်မှတ် သွား မည်ဖြစ် သည်။ လက်လီရောင်းဈေးမှာမူ 32 GB အတွက် ၆၄၉ ဒေါ်လာ၊ 64GB အတွက် ၇၄၉ ဒေါ်လာ အသီးသီး ရှိကြသည်။

7Day News Journal 

No comments:

Post a Comment