၂၀၁၂ ခုနှစ် လယ်ယာမြေ ဥပဒေကို ၂၀၁၂ ခုနှစ် မတ်လ ၃၀ ရက်နေ့တွင် ၂၀၁၂ ခုနှစ် ပြည်ထောင်စု လွှတ်တော် ဥပဒေ အမှတ် (၁၁) ဖြင့် ပြဌာန်းခဲ့ပါသည်။ ဥပဒေပါ ပုဒ်မ (၂) အရ နိုင်ငံတော် သမ္မတက အမိန့်ကြော်ငြာစာဖြင့် သတ်မှတ်သည့် နေ့ရက်တွင် စတင် အာဏာတည်မည် ဖြစ်ပါသည်။ ယင်း ဥပဒေ ပုဒ်မ ၉(ခ) အရ လယ်ယာမြေကို အားလုံးဖြစ်စေ၊ တစ်စိတ်တစ်ပိုင်း ဖြစ်စေ လုပ်ပိုင်ခွင့်အား သတ်မှတ်ထားသော စည်းကမ်းချက်များနှင့် အညီ ရောင်းချခွင့်၊ ပေါင်နှံခွင့်၊ ငှားရမ်းခွင့်၊ လဲလှယ်ခွင့်နှင့် ပေးကမ်းခွင့် စသည့် အခွင့်အရေးများကို တောင်သူများအား ပေးအပ် လိုက်ပါသည်။ ယင်းဥပဒေ အာဏာ တည်သည့် အချိန်တွင် အောက်ပါ ဥပဒေများကို ရုပ်သိမ်းပြီးလည်း ဖြစ်ပါသည်။
(က) ၁၉၅၃ ခုနှစ်၊ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ၊
(ခ) ၁၉၆၃ ခုနှစ် သီးစားချထား ရေးဥပဒေ၊
(ဂ) ၁၉၆၃ ခုနှစ် တောင်သူလယ် သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ၊ ထို့ကြောင့် လယ်ယာမြေဥပဒေ
အတည်ပြု ပြဌာန်းပြီးချိန်တွင် အောက်ပါ ကိစ္စရပ်များ ဆက်လက် ဆောင်ရွက်ရန် လိုမလိုစဉ်းစား ရပါမည်။
(က) မြေခွန် နှုန်းထားများ တိုးမြှင့် ကောက်ခံရန်။
(ခ) သီးစား ဥပဒေ တစ်ရပ် အသစ် ရေးဆွဲ ပြဋ္ဌာန်းရန်။
အဘယ့်ကြောင့် ဆက်လက် ဆောင် ရွက်ရန် လိုအပ်သည်ကို အောက်တွင် တင်ပြပါမည်။
ယခုလက်ရှိ ကောက်ခံနေသော မြေ ခွန်နှုန်းထားမှာ ခေတ်စနစ်နှင့် လျော်ညီ မှု မရှိတော့ပါ။ ယခင်က လယ်ယာမြေကို လုပ်ကိုင်ခွင့်သာ ပေးခဲ့ပြီး ရောင်း၊ ပေါင်၊ ငှား၊ ပေး ကိစ္စရပ်များကို ပိတ်ပင်ထားခဲ့ ပါသည်။ ထွက်ရှိသမျှ သီးနှံကိုလည်း နိုင်ငံတော်မှ သတ်မှတ်သည့် အရေအတွက် ကို သတ်မှတ်သည့် ဈေးနှုန်းဖြင့် ရောင်း ချ ခဲ့ရသဖြင့် မြေခွန်နှုန်း မတိုးခဲ့သည်မှာ မှန်ကန် သော်လည်း ယခုအချိန်တွင် ယင်း ကန့်သတ်ချက်များကို ပယ်ဖျက်ခဲ့ရာ မြေခွန်နှုန်းကို ခေတ်နှင့် လျော်ညီသော နှုန်းသို့ ပြောင်းလဲရန် လိုအပ်ပါသည်။
ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဇယား (၂) အရ မြေယာခွန်ကို တိုင်းဒေသကြီးနှင့် ပြည်နယ် အစိုးရများ၏ ဥပဒေပြုစာရင်း တွင် ထည့်သွင်း ထားခဲ့ရာ ယင်းကိစ္စကို တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရများနှင့် သက်ဆိုင်ရာ လွှတ်တော် အသီးသီးက ဆွေးနွေး အကောင်အထည် ဖော်ကြရပါ မည်။ ယခုလက်ရှိ ကောက်ခံ နေသော မြေခွန်နှုန်းထားမှာအခွန် ကောက်ခံရန် အတွက် အသုံးပြုရသည့် စာရွက်စာတမ်း စရိတ်ပင် ကျေပါ၏လားဟု သံသယဖြစ် စရာ ကောင်းပါသည်။လယ်ယာမြေ နိုင် ငံပိုင် ပြုလုပ်ရေး အက်ဥပဒေ နောက်ဆက်တွဲ ဇယားတွင် လျော်ကြေးကို မြေခွန် နှုန်းထား၏ ၁၂ ဆ ပေးလျော်ရမည် ဟူသည့် သတ်မှတ်ချက် ရှိပါသည်။ ယင်းပြဋ္ဌာန်းချက်များမှာ လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး လုပ်ငန်း ဆောင်ရွက်ရန် အတွက် သိမ်းယူခြင်း ခံရသည့် မြေများနှင့်သာ သက်ဆိုင်ပါ သည်။ အခြား ကိစ္စရပ်များအတွက်သိမ်း ယူခြင်းများနှင့် ပတ်သက်၍ မြေသိမ်း အက်ဥပဒေပါ ပြ ဋ္ဌာန်းချက်များ အရ ပြု လုပ်ရပါမည်။ မြေသိမ်း အက်ဥပဒေ တွင် လျော်ကြေး သတ်မှတ်ရန်မှာ ကော် လိတ္တော်အရာရှိ (ခရိုင် အုပ်ချုပ်ရေးမှူး) ၏ တာဝန် ဖြစ်ပါသည်။ လယ်ယာမြေ ဥပဒေသစ် ပုဒ်မ ၂၆ တွင်လည်း မြေယာ သိမ်းကိစ္စရပ်များနှင့် ပတ်သက်၍ လယ် ယာမြေ လုပ်ပိုင်ခွင့် ရထားသူ နစ်နာမှု လုံးဝ မရှိစေရန် လျော်ကြေးပေးခြင်းနှင့် အခြား နည်းလမ်းဖြင့် စီမံ ဆောင်ရွက်ခြင်း တို့ကို သက်ဆိုင်ရာမှ ပြုလုပ်ပေးနိုင်ရေး ဗဟို လယ်ယာမြေ စီမံခန့်ခွဲမှု အဖွဲ့မှ လို အပ်သလို ညှိနှိုင်း ဆောင်ရွက်ရမည်ဟု ပါရှိပါသည်။
ယင်းပြဌာန်းချက်မှာ နောင် လာမည့် မြေသိမ်း ကိစ္စရပ်များ ဆောင် ရွက်ရာတွင် မြေသိမ်းဆည်း ခံရသူများ ၏ ဆုံးရှုံး နစ်နာမှု မရှိစေရန်နှင့် ကော် လိတ္တော် အရာရှိမှ လျော်ကြေး သတ်မှတ် ရာတွင် ကာလဒေသနှင့် ကိုက်ညီသည့် လျော်ကြေးငွေ ပြန်ပေးရေး ကူညီ ပံ့ပိုးရန် ပြဌာန်းထားသည်ဟု ယူဆ ရပါသည်။
ယခု မြေယာ ဥပဒေသစ်တွင် ရောင်း၊ ဝယ်၊ ပေါင်၊ ငှား၊ ပေး ကိစ္စရပ်များကို ခွင့်ပြုလိုက်ရာ ယခုတောင်သူများ လက် ငင်း ကြုံတွေ့နေရသည့် အခက်အခဲများ အရ ငွေရလမ်း အလွယ်လိုက်လိုသူ တောင်သူများ ပေါ်ပေါက် လာနိုင်ပါသည်။
လာမည့်နှစ် အနည်းငယ်အတွင်း အကြောင်း အမျိုးမျိုးကြောင့် လယ်ယာမြေ လက် လွတ်ရသူ မြေမဲ့၊ ယာမဲ့များ ပေါ်ပေါက် လာနိုင်ပြီး မြေယာ အများအပြားလုပ် ကိုင်သူ မြေရှင်ကြီးများလည်း ပေါ်ပေါက် လာနိုင်ပါသည်။ မြေမဲ့ယာမဲ့များအတွက် အခြား အလုပ်အကိုင် အခွင့်အလမ်းများ ကို မဖန်တီးနိုင်ပါက သို့တည်းမဟုတ် အခြား အလုပ်အကိုင် အခွင့်အလမ်းများ တွင် ၎င်းတို့ ကိုယ်တိုင်ဝင်ရောက် လုပ် ကိုင်နိုင်မည့် စွမ်းရည် မရှိပါက ၎င်းတို့ လက်လွတ် ခဲ့ရသည့် လယ်ယာမြေ အပေါ် တွင် သီးစား အဖြစ် ပြန်လည် လုပ်ကိုင် ရသည့် အခြေအနေ တစ်ရပ် ပေါ်ထွန်း လာနိုင်ပါသည်။
ဤနေရာ၌ ရှေ့ကကြုံ တွေ့ ခဲ့ရသော ဖြစ်စဉ်များကို အခြေခံ၍ မြေရှင်နှင့် သီးစား နှစ်ဦး စလုံးအတွက် တရားမျှတမည့် သီးစားခ ရယူ ပေးဆောင် နိုင်ရန် သီးစား ဥပဒေသစ် တစ်ရပ် လိုအပ် ပါသည်။ ဖျက်သိမ်းတော့မည့် ၁၉၆၃ ခုနှစ်၊ သီးစား ချထားရေး ဥပဒေ (၁၉၆၅ ခုနှစ်၊ ပြင်ဆင်ချက် ဥပဒေ မပေါ်ထွက် မီက) တွင် သီးစားခကို မြေခွန်၏ (၂/၄) ဆ သတ်မှတ် ခဲ့ဖူးပါသည်။
ယခု ကောက်ခံ နေသော မြေခွန်နှုန်းဖြင့် ဆိုပါက လူ ရယ်စရာ ဖြစ်နေပါမည်။ မြေခွန်နှုန်း ထားကို ပြင်ဆင် ရပါမည်။ သီးစား ဥပဒေ အသစ်ကို ပြည်ထောင်စု လွှတ်တော် သို့တည်းမဟုတ် ပြည်ထောင်စု အစိုးရ အဖွဲ့တို့မှ စဉ်းစား ရေးဆွဲ သင့်ပါသည်။
အထက်က တင်ပြခဲ့သည့် အချက် နှစ်ချက်ကို ဆောင်ရွက်ခြင်းဖြင့် အောက် ပါ အကျိုးကျေးဇူးများ ဖြစ်ထွန်း နိုင်မည်။ (က) မြေခွန်နှုန်းထားကို သင့်တင့် လျော်ညီအောင် တိုးမြှင့် ကောက်ခံခြင်းဖြင့် တိုင်းဒေသကြီး၊ ပြည်နယ် အစိုးရတို့၏ ဝင်ငွေကို တိုးတက်စေပြီး ဒေသ ဖွံ့ဖြိုးရေး လုပ်ငန်း ဆောင်ရွက်ရန် လိုအပ်သည့် ရန်ပုံငွေ အခက်အခဲကို တစ်စိတ်တစ်ပိုင်း ပြေလည်စေမည် ဖြစ်ပါသည်။
(ခ) နောင် ပေါ်ထွက်လာနိုင်သည့် မြေရှင်နှင့် သီးစားများအတွက် နှစ်ဦး နှစ်ဖက် မျှတသည့် သီးစားခကို ဥပဒေ နှင့်အညီ ပြဋ္ဌာန်း ပေးနိုင်မည် ဖြစ်ပြီးသီး စားတို့၏ ဘဝ လုံခြုံမှုကို အာမခံချက် ပေးနိုင်မည် ဖြစ်ပါသည်။
ref:thevoicemyanmar
No comments:
Post a Comment