Thursday 13 September 2012

ရဲဘက် စခန်းများ ရပ်ဆိုင်းရန် သမ္မကို တင်ပြမည်ဟုဆို

ပြည်တော်ပြန် ABSDF ဥက္ကဌဟောင်း မိုးသီးဇွန်က မြန်မာနိုင်ငံတော် သမ္မတကြီးနှင့် တွေ့ဆုံစဉ် ရဲဘက်စခန်းများ ရပ်ဆိုင်းဖို့ ဆွေးနွေး တင်ပြသွားမည် ဖြစ်ကြောင်း  The Voice Weekly ကို ပြောကြားသည်။

မိုးသီးဇွန် အပါအဝင် ၇ဦး အဖွဲ့သည့် သမ္မတကြီးနှင့် စက်တင်ဘာလ ၁၅ ရက်နေ့ တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာ ဒီမိုကရေစီများနေ့ မတိုင်မီ တွေ့ဆုံသွားဖွယ် ရှိသကဲ့သို့ အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်နှင့်လည်း တွေ့ဆုံမည် ဖြစ်ကြောင်း မိုးသီးဇွန်က ရှင်းသည်။
"မြန်မာနိုင်ငံက ရဲဘက်စခန်းတွေနဲ့ ပတ်သက်ပြီး ကမ္ဘာက ပြောနေတော့ မြန်မာ ဖြစ်ရတာ ရှက်မိတယ် " ဟု ၄င်းက ဆိုသည်။

မြန်မာနိုင်ငံတွင် ရာဇဝတ်သား အကျဉ်းကျ နေသူများကို စိုက်ပျိုးရေး စခန်းများ၊ ရဲဘက်စခန်းများတွင်   နေထိုင်ကာ ပြစ်ဒဏ်ကျခံ စေကြောင်း ဥပမာ- မွန်ပြည်နယ် မော်လမြိုင်ဘက်တွင် ကျောက်ထု စခန်းများ ရှိပြီး၊ ကချင်ပြည်နယ် မြစ်ကြီးနား မြို့တွင် စိုက်ပျိုးရေး စခန်းများ ရှိကြောင်း တချို့ရာဇဝတ်သား များသည် အဆိုပါစခန်းများသို့ ထွက်ပြေး လွတ်မြောက်ရန် လွယ်ကူခြင်းကြောင့် ဖြစ်ကြောင့် သွားချင်ကြကြောင်း   နိုင်ငံရေး အကျဉ်းသားဟောင်း ဦးဘမြင့်က မြန်မာနိုင်ငံရှိ အကျဉ်းထောင်စခန်း အချို့ အကြောင်းကို ရှင်းပြသည်။

မိုးသီးဇွန်က ၄င်းအနေဖြင့် ခေါင်းဆောင် မဖြစ်ချင်ဘဲ ပြည်သူထဲက ပြည်သူ တစ်ယောက်သာ   ဖြစ်ချင်ကြောင်း    မြန်မာနိုင်ငံသား တစ်ဦး ပြန်ဖြစ်ချင်ပြီး နိုင်ငံသား အခွင့်အရေးများ ရချင်ကြောင်း ၄င်းအပေါ် စွပ်စွဲချက်များ ကိုလည်း ၄င်း၏ အတွေ့အကြုံအရ အရေထူ နေပြီ ဖြစ်ကြောင်း Facebook တွင် ၄င်းအပေါ် ဝေဖန်ချက်များနှင့် ပတ်သက်၍ မှတ်ချက်ပြု ပြောဆိုသည်။

" မိုးသီးဇွန်နဲ့ မိတ်ဆွေ ၁၀ ပါတီ တွေ့ဆုံမှုက အပြုသဘော အောင်မြင် ပါတယ်။ လိုအပ်ချက်တွေတော့  ရှိတယ်။ သူတို့ အဖွဲ့က မိတ်ဆွေ ၁၀ ပါတီကို လေ့လာ ရဦးမယ်။ သူ့တို့ အကြောင်းက ကျွန်တော်တို့က သိပြီးသား။ သူ့တို့က ကျွန်တော်တို့ကို လေ့လာရမယ်" ဟု ဒီမိုကရက်တစ် ပါတီ(မြန်မာ) ၏ ပြန်ကြားရေး တာဝန်ခံ ဦးလှမြင့်က ကိုမိုးသီးဇွန်တို့ အဖွဲ့အပေါ် သုံးသပ် ပြောဆိုသည်။

ref:thevoiceweekly

No comments:

Post a Comment