Thursday 13 September 2012

ဒုံးကျည်တင် အမေရိကန် ဖျက်သင်္ဘောများ လစ်ဗျား သို့ ထွက်ခွာ



ပင်တဂွန် အနေနဲ့ စစ်သင်္ဘောနှစ်စီးကို လစ်ဗျား သို့ စေလွှတ်လိုက်ပြီဖြစ်ကြောင်း အမေရိကန် အရာရှိက   ပြောကြားတယ်လို့ အေပီ သတင်းဌာနက ကြေငြာလိုက်ပါတယ်။အစောပိုင်းတုန်းက အမေရိကန် အနေနဲ့ လစ်ဗျားမှာရှိတဲ့ သံတမန်တွေရဲ့  လုံခြုံမှုကို ပိုမိုအကာအကွယ်ပေးနိုင်ဖို့အတွက် မရိန်း တပ်သား ၅၀ လောက်သာ စေလွှတ်သွားမယ်လို့ ကြေငြာခဲ့တာပါ။ဒါပေမယ့် အမေရိကန် သံရုံးကို တိုက်ခိုက်မှုကြောင့် လစ်ဗျား နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီးနဲ့ သူ့ ရုံးအဖွဲ့ဝင် ၃ ဦး သေဆုံးသွားပြီးတဲ့နောက် စစ်သင်္ဘောတွေကို စေလွှတ်ခဲ့တာဖြစ်ပါတယ်။



USS Laboon  သင်္ဘောဟာ ဗုဒ္ဒဟူးနေ့မှာ လစ်ဗျားကို ထွက်ခွာသွားပြီး USS McFaul သင်္ဘောဟာလည်း ရက်အနည်းငယ်အတွင်းမှာပဲ အဲဒီကို ရောက်ရှိပူးပေါင်းမှာ ဖြစ်ပါတယ်။သတင်းများအဆိုအရ အဆိုပါ စစ်သင်္ဘောတွေမှာ တိုမာဟော့ခ် ဒုံးကျည်များ တင်ဆောင်ထားပြီး အမေရိကန် သမ္မတ အိုဘားမား ပေး လာမယ့် အမိန့်ကို အဆင်သင့် စောင့်ဆိုင်းနေမှာဖြစ်တယ်လို့ သိရပါတယ်။

စစ်သင်္ဘောများမှာ တပ်ဖွဲ့ဝင် ၃၀၀ လောက်ပါဝင်ပြီး မောင်းသူမဲ့ လေယာဉ်များလည်း ပစ်မှတ်တွေကိုရှာဖွေ တဲ့နေရာမှာ ပူးပေါင်းပါဝင်မယ်လို့ မျှော်လင့်ရပါတယ်။သူတို့အနေနဲ့ အမေရိကန်သံရုံး တိုက်ခိုက်မှုရဲ့    နောက်ကွယ်မှာရှိနေတဲ့ သောင်းကျန်းသူတွေကို အဓိက ရှာဖွေသုတ်သင်သွားမှာဖြစ်တယ် လို့ CNN သတင်းဌာနက အတည်ပြုပါတယ်။

ref:RT

No comments:

Post a Comment