Thursday 13 September 2012

သတ္တ မမြောက်မျိုးဆက် iPod Nano ကို Apple ကုမ္ပဏီ ပြသ

 
 အရွယ်ကြီးမားသည့် display အပြင် ပါးလွှာသည့် ဒီဇိုင်းနှင့် volume rocker သစ်ပါဝင်သည့် သတ္တ မမြောက်မျိုးဆက် iPod Nano ကို Apple ကုမ္ပဏီက ဆန်ဖရန်စစ္စကိုမြို့၌ ကျင်းပပြုလုပ်ခဲ့သည့် Apple event တွင် ပွဲထုတ်မိတ်ဆက် ပြသခဲ့သည်။ iPod Nano သစ်တွင် ပါဝင်လာသည့် volume rocker သစ်သည် သီချင်းများကို play, pause, scroll ပြုလုပ်နိုင်ပြီး built-in FM tuner တွင်လည်း live pause feature ပါဝင်ကြောင်း သိရသည်။ ခရမ်းရောင်၊ အပြာရောင်၊ အဝါရောင်၊ အနီရောင်၊ အနက်ရောင်၊ ငွေရောင် စသည့် အရောင်မျိုးစုံဖြင့်ရရှိနိုင်ပြီး device ၏ အရောင်နှင့် လိုက်ဖက်သည့် background wallpaper ကို default ပြုလုပ်ထားနိုင်သည်။
 
 
 Web browser နှင့် Wi-Fi ပါဝင်ခြင်းမရှိသော်လည်း Bluetooth ကို အထောက်အပံ့ပေးထားသောကြောင့် သီချင်းနှင့် ဗီဒီယိုများကို နားကြပ်၊ စပီကာများနှင့် အခြား Bluetooth device များထံ ကြိုးမဲ့စနစ်ဖြင့် stream လုပ်ပေးနိုင်သည်။ Apple ၏ Lighting Dock connector နှင့် EarPod နားကြပ်တို့ဖြင့် အသုံးပြုနိုင်ပြီး 16GB အတွက် အမေရိကန် ဒေါ်လာ ၁၄၉ ဖြင့် အောက်တိုဘာလတွင်   ရောင်းချမည်ဖြစ်သည်။  
 
 Ref: CNET

No comments:

Post a Comment