Thursday 13 September 2012

၂၀၁၆ တွင် မြန်မာနိုင်ငံ၌ စက်မှုလုပ်ငန်းသုံး ယန္တရားကြီး၊ ယာဉ်များ တင်သွင်းမှုစီးရေတစ်သောင်းကျော်မည်ဟုအမေရိကန်ကုမ္ပဏီ ခန့်မှန်း

မြန်မာနိုင်ငံတွင်း၌ တစ်ဟုန်ထိုးတိုးတက်လာနေသော သတ္တုတူးဖော် ရေးလုပ်ငန်းများနှင့် အခြေခံအဆောက်အအုံ လမ်းတံတားဆိုင် ရာစီမံကိန်းကြီးများ တိုးတက်လာ မှုကြောင့် လာမည့် ၂၀၁၆ ခုနှစ် တွင် စက်မှုလုပ်ငန်းသုံး အကြီးစား စက်ယန္တရားကြီးများ၊ ကုန်တင် ယာဉ်ကြီးများတင်သွင်းမှု စီးရေတစ်သောင်းကျော်အထိ ပိုမိုများ ပြားလာနိုင်ကြောင်း အမေရိကန်မှ Frost & Sullivan ကုမ္ပဏီက ပြောကြားလိုက်သည်။

ယင်းကုမ္ပဏီ၏ မော်တော် ယာဉ်နှင့် ပို့ဆောင်ရေးဆိုင်ရာ အာရှပစိဖိတ်ဒေသ၏ အကြံပေး ပညာရှင် မစ္စတာမာဆာကီဟွန်ဒါ က မြန်မာနိုင်ငံတွင် ၂၀၁၆ ၌ စက်မှုလုပ်ငန်းသုံး အကြီးစား ယန္တရားယာဉ်ကြီးများ တင်သွင်းမှု မှာ စီးရေ ၁၂,၇၀၀ အထိရှိလာနိုင် ကြောင်းဆိုသည်။ ၎င်းက နိုင်ငံ တွင်း၌ မှတ်ပုံတင်ထားသော ထရပ်ကားကြီးများအရေအတွက် မှာ ပြည်တွင်း၌ တပ်ဆင်မှုနှင့် ပြည်ပမှ တင်သွင်းမှုအပါအ၀င် ၂၀၁၆ ၌ လက်ရှိ စီးရေ ၄"၀၀၀ မှ ၁၀"၁၀၀ အထိ တိုးလာနိုင် ကြောင်းပြောသည်။

၎င်းက “ဒီတိုးတက်မှုဟာ မြေသယ်ထရပ်ကားကြီးတွေနဲ့ တခြားလုပ်ငန်းသုံး စက်ယန္တရားကြီးတွေ သုံးစွဲမှုက သတ္တုတွင်းလုပ်ငန်းနဲ့ အခြေခံအဆောက်အအုံ လုပ်ငန်းတွေမှာ တိုးတက်လာလို့ ဖြစ်ပါတယ်”ဟုပြောသည်။

မစ္စတာဟွန်ဒါက မြန်မာနိုင် ငံတွင် ၂၀၁၁ ၌ မှတ်ပုံတင်ထားသော ဘတ်စ်ကားအသစ် စီးရေ ၇၀၀ ခန့်ရှိပြီး ယင်းအရေအတွက်မှာ နိုင်ငံတွင်း ခရီးသည်များနှင့် အိမ်နီးချင်းနိုင်ငံများမှ ခရီးသည် များသွားလာမှု တိုးပွားလာသော ကြောင့် ၂၀၁၆ တွင် စီးရေ ၂,၆၀၀ အထိ ရှိလာနိုင်ကြောင်း ခန့်မှန်းပြောကြားသည်။

Frost & Sullivanကုမ္ပဏီ သည် ဈေးကွက်သုတေသန၊ ဖွံ့ ဖြိုးရေးနှင့် ဈေးကွက်မဟာဗျူဟာ ဆိုင်ရာ အကြံပေးကုမ္ပဏီတစ်ခု ဖြစ်ပြီး ကယ်လီဖိုးနီးယားပြည်နယ် မောင်တိန်ဗြူးတွင် အခြေစိုက်ကာ နိုင်ငံပေါင်း ၄၀ ကျော်တွင် ရုံးခွဲ များဖွင့်လှစ်ထားသည်။

No comments:

Post a Comment