Wednesday 26 November 2014

Garuda နှင့် မြန်မာအဲဝေးစ် ကုမ္ပဏီ လေကြောင်းခရီးစဉ် ပူးတွဲဝန်ဆောင်မှု စတင်

Photo: Garuda နှင့် မြန်မာအဲဝေးစ် ကုမ္ပဏီ လေကြောင်းခရီးစဉ် ပူးတွဲဝန်ဆောင်မှု စတင်
Wednesesday, November 26, 2014

မြန်မာ-အင်ဒိုနီးရှား ၂ နိုင်ငံကြား စီးပွားရေး ဆောင်ရွက်ချက်တွေကို မြှင့်တင်ဖို့နဲ့ အရှေ့တောင်အာရှမှာ Garuda ရဲ့ကွန်ရက်ကို တိုးမြှင့်ဖို့ Garuda အင်ဒိုနီးရှား လေကြောင်းကုမ္ပဏီနဲ့  မြန်မာအဲဝေးစ် အင်တာနေရှင်နယ် လေကြောင်းကုမ္ပဏီတို့ဟာ လေကြောင်းခရီးစဉ် ပူးတွဲဝန်ဆောင်မှု သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ဒီသဘောတူညီချက်ကို ၂ နိုင်ငံ သံအမတ်ကြီးတွေနဲ့ ဂါရုဒလေကြောင်းဥက္ကဌတို့ရှေ့မှောက်မှာ ဂါရုဒလေကြောင်း ဈေးကွက်နဲ့အရောင်း ညွှန်ကြားရေးမှူးနဲ့ မြန်မာအဲဝေးစ်အင်တာနေရှင်နယ်က မန်နေဂျင်းဒါရိုက်တာ တို့က လက်မှတ်ရေးထိုးခဲ့တာပါ။ ဒီသဘောတူညီချက်အရ လေကြောင်း ပူးတွဲဝန်ဆောင်မှုကို  နောက်လကစပြီး အကျုံးဝင် စတင်တော့မှာ ဖြစ်ပါတယ်။

မြန်မာ-အင်ဒို လေကြောင်း ကုမ္ပဏီ ၂ ခုဟာ စင်ကာပူနဲ့ဘန်ကောက်မှာရှိတဲ့ လေဆိပ် အဆောက်အဦတွေကနေ  ရန်ကုန်နဲ့ ဂျကာတာ သွားလာကြမယ့် သူတို့ရဲ့ခရီးသည်တွေကို ချိတ်ဆက်ပေးမှာလည်း ဖြစ်ပါတယ်။

မြန်မာအဲဝေးစ် အင်တာနေရှင်နယ်က မန်နေဂျင်းဒါရိုက်တာ ဦးစည်သူကတော့ နှစ်စဉ် မြန်မာနဲ့အင်ဒိုနီးရှား ၂ နိုင်ငံကြားမှာ အလည်အပတ်နဲ့ စီးပွားရေးကိစ္စတွေအတွက် ခရီးသွားလာကြသူ ၅ သောင်းခွဲလောက် ရှိတယ်လို့ ပြောပါတယ်။

ဒီဗွီဘီ
မြန်မာ-အင်ဒိုနီးရှား ၂ နိုင်ငံကြား စီးပွားရေး ဆောင်ရွက်ချက်တွေကို မြှင့်တင်ဖို့နဲ့ အရှေ့တောင်အာရှမှာ Garuda ရဲ့ကွန်ရက်ကို တိုးမြှင့်ဖို့ Garuda အင်ဒိုနီးရှား လေကြောင်းကုမ္ပဏီနဲ့  မြန်မာအဲဝေးစ် အင်တာ နေရှင်နယ် လေကြောင်းကုမ္ပဏီတို့ဟာ လေကြောင်းခရီးစဉ် ပူးတွဲဝန်ဆောင်မှု သဘောတူစာချုပ်ကို လက်မှတ် ရေးထိုးခဲ့ကြပါတယ်။

ဒီသဘောတူညီချက်ကို ၂ နိုင်ငံ သံအမတ်ကြီးတွေနဲ့ ဂါရုဒလေကြောင်းဥက္ကဌတို့ရှေ့မှောက်မှာ ဂါရုဒ လေကြောင်း ဈေးကွက်နဲ့အရောင်း ညွှန်ကြားရေးမှူးနဲ့ မြန်မာအဲဝေးစ်အင်တာနေရှင်နယ်က မန်နေဂျင်း ဒါရိုက်တာ တို့က လက်မှတ်ရေးထိုးခဲ့တာပါ။ ဒီသဘောတူညီချက်အရ လေကြောင်း ပူးတွဲဝန်ဆောင်မှုကို  နောက်လကစပြီး အကျုံးဝင် စတင်တော့မှာ ဖြစ်ပါတယ်။

မြန်မာ-အင်ဒို လေကြောင်း ကုမ္ပဏီ ၂ ခုဟာ စင်ကာပူနဲ့ဘန်ကောက်မှာရှိတဲ့ လေဆိပ် အဆောက်အဦတွေ ကနေ  ရန်ကုန်နဲ့ဂျကာတာသွားလာကြမယ့် သူတို့ရဲ့ခရီးသည်တွေကို ချိတ်ဆက်ပေးမှာလည်း ဖြစ်ပါတယ်။

မြန်မာအဲဝေးစ် အင်တာနေရှင်နယ်က မန်နေဂျင်းဒါရိုက်တာ ဦးစည်သူကတော့ နှစ်စဉ် မြန်မာနဲ့အင်ဒိုနီးရှား ၂ နိုင်ငံကြားမှာ အလည်အပတ်နဲ့ စီးပွားရေးကိစ္စတွေအတွက် ခရီးသွားလာကြသူ ၅ သောင်းခွဲလောက် ရှိ တယ်လို့ ပြောပါတယ်။

ဒီဗွီဘီ 

No comments:

Post a Comment