Thursday 13 September 2012

ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်း အမေရိကန် လေ့လာ



အမေရိကန်နိုင်ငံ အာရှ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်း ဦးဆောင်သောအဖွဲ့သည် စက်တင်ဘာ ၁၂ ရက်နေ့က ဘင်္ဂလားဒေ့ရှ် -မြန်မာနယ်စပ်ရှိ ဒုက္ခသည် စခန်းများကို သွားရောက်လေ့လာခဲ့သည်။


လေ့လာရေး အဖွဲ့သည် ကူတူပါလန် ဒုက္ခသည်ကို ညနေ ၄ နာရီခန့်တွင်ရောက်ရှိလာပြီး ဒုက္ခသည် စခန်းတွင်း လှည့်လည်ကြည့်ရှုသော်လည်း ဒုက္ခသည်တွေနဲ့ တွေ့ဆုံခြင်း မရှိဘဲ ဘင်္ဂလားဒေ့ရှ်အစိုးရ အာဏာပိုင်များ၊ UNHCR အရာရှိများနှင့် တွေ့ဆုံသွားကြောင်း သိရသည်။

ဘင်္ဂလာဒေ့ရှ်နိုင်ငံ ကော့စ်ဘာဇာခရိုင်၊ ဦးကီယာမြို့နယ်၊ ကူတူပါလန်ကျေးရွာအနီးတွင် UNHCR က ဒုက္ခသည် အဖြစ် အသိအမှတ်ပြုခံထားရသည့် ဒုက္ခသည် ၁၀၀၀၀ ခန့် နေထိုင်သည့် စခန်းတခုရှိပြီး ယင်းနှင့် ကပ်ပြီး ဒုက္ခသည်အဖြစ် အသိမှတ်ပြု မခံရသူ ဒုက္ခသည် တသိန်းနီးပါး နေထိုင်သည့် စခန်းတခု စုစုပေါင်း ၂ ခု တည်ရှိသည်။

လူဦးရေ ၁၆၀၀၀ လောက်ရှိသော UNHCR မှ ဒုက္ခသည်အဖြစ် အသိအမှတ်ပြု မထားသည့်   လေးဒါ ဒုက္ခသည် စခန်းသို့လည်း သွားရောက်ခဲ့သည့်အပြင် ဒုက္ခသည်များကို အားပေးစ ကားပြောခဲ့ကြောင်း သိရသည်။ တက္ကနာမြို့နယ်အတွင်းရှိ UNHCRမှ အသိမှတ်ပြုထားသည့် ဒုက္ခသည်များနေထိုင် ရာ နော်ယာပါရာ ဒုက္ခသည်စခန်းကိုလည်း သွားရောက်ကြည့်ရှု့ခဲ့သေးသည်။

အမေရိကန် အာရှ ပစိဖိတ်ရေးရာ လက်ထောက် နိုင်ငံခြားရေး ၀န်ကြီး ဂျိုးဇက်ယွန်းသည် စက်တင်ဘာလ ၈-၉ ရက်များတွင် မြန်မာနိုင်ငံ ရခိုင်ပြည်အတွင်း လှည့်လည်ကြည့်ရှုခဲ့ပြီး ၁၁ ရက်နေ့တွင် ဘင်္ဂ လားဒေ့ရှ်နိုင်ငံ သို့ ရောက်ရှိလာခြင်းဖြစ်သည်။

ဘင်္ဂလားဒေ့ရှ်နိုင်ငံသို့ ရောက်ရှိလာသော အမေရိကန်က လေ့လာရေးအဖွဲ့ကို ဘင်္ဂလားဒေ့ရှ် အစိုးရက ရခိုင်ဒေသသည် စီးပွားရေး အထူးချွတ်ခြုံ ကျနေသော ပြည်နယ်တခုဖြစ်သည့် အတွက် နိုင်ငံတကာက ရခိုင်ပြည်နယ်အတွင်း ရင်းနှီးမြှုပ်နှံမှုများ ပြုလုပ်မှသာ စီးပွားရေး အရ ဖွံ့ဖြိုးတိုးတက်လာစေမည် ဖြစ်ပြီး ထွက်ပြေးလာနေသော မွတ်ဆလင် ဒုက္ခသည်များ ရပ်သွားစေလိမ့်မည်ဟု အကြံပြုကြောင်း ဘင်္ဂလားဒေ့ရှ် သတင်းစာများက ရေးသားဖေါ်ပြကြသည်။

ref:ဧရာဝတီ

No comments:

Post a Comment