Thursday 13 September 2012

ပါရှန်ပင်လယ်ကွေ့အတွင်း စစ်ရေးလှုပ်ရှားမှုများ အီရန် စဉ်ဆက်မပြတ်စောင့်ကြည့်လျက်ရှိ


အီရန်နိုင်ငံ အနေဖြင့် ပါရှန် ပင်လယ်ကွေ့ အတွင်း စစ်ရေး လှုပ်ရှားမှုကို စဉ်ဆက်မပြတ်စောင့်ကြည့် လျက်ရှိကြောင်း အီရန်နိုင်ငံခြားရေး ဝန်ကြီးဌာနမှ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက စက်တင်ဘာ ၁၁ ရက်တွင် ပြောကြား ခဲ့သည်။


ပါရှန် ပင်လယ်ကွေ့ အတွင်း စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်ရန် ပိုမိုနီးကပ် လာသည့်အတွက် လုံခြုံရေးကို အလေးထား ဆောင်ရွက်လျက်ရှိ ကြောင်းနှင့် အီရန်နိုင်ငံ အနေဖြင့် ပါရှန် ပင်လယ်ကွေ့ လုံခြုံမှု ထိန်းသိမ်းရေး နှင့် စစ်ရေးအရ လှုပ်ရှားမှု အားလုံးကို စောင့်ကြည့်လျက် ရှိကြောင်း အဆိုပါ ပြောရေး ဆိုခွင့်ရှိသူက ပြောကြား ခဲ့သည်။

အမေရိကန် နိုင်ငံသည် နိုင်ငံပေါင်း ၂ဝ နှင့် ပူးပေါင်း၍ စက်တင်ဘာ ၁၆ ရက်မှ ၂၇ ရက်အထိ စစ်ရေး လေ့ကျင့်မှုများ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။ အီရန်နိုင်ငံ အနေဖြင့် ဟော်မုဇ် ရေလက်ကြား၊ ပါရှန် ပင်လယ်ကွေ့နှင့် ဒေသတွင်း နိုင်ငံများ လုံခြုံရေးကို ကာကွယ်ပေး နိုင်ကြောင်း အီရန်စစ်ဘက် အရာရှိကြီး များကမကြာ ခဏ ပြောကြား လေ့ရှိသည်။

နိုင်ငံတကာ အဏုမြူ အေဂျင်စီအဖွဲ့ဝင် ၃၅ ဦး ပါဝင်သည့် ဘုတ်အဖွဲ့သည် အီရန် နျူကလီးယား အရေးနှင့် ပတ်သက်၍ သီတင်းပတ် တစ်ပတ်ကြာ ဆွေးနွေးမှု စတင်ခဲ့ကြောင်း သိရသည်။ အီရန် နျူကလီးယား အရေးနှင့် ဆွေးနွေးမှု များသည် နည်းပညာနှင့် တရားဥပဒေ ဘောင်အတွင်းကသာ လုပ်ဆောင် သင့်ကြောင်း အီရန် အစိုးရ၏ ပြောရေး ဆိုခွင့်ရှိသူ တစ်ဦးက ပြောကြားခဲ့သည်။

No comments:

Post a Comment