Thursday 13 September 2012

iPhone 5 Is Here

iPhone 5 ရောက်လို့ လာပါပြီ။ ပါးလည်းပါး မြန်လည်မြန် အရင်ပုံစံနဲ့ မတူပဲ လှပတဲ့ Panoramic Screen မှာမှ Reso- lution ကောင်းကောင်းကို Battery သိပ်မစားပါဘူးတဲ့။



အသစ်ထည့်ထားတဲ့ LTE Connection ကြောင့် Website တွေဟိုသွား ဒီသွားလုပ်ဖို့ ပိုမြန်ပါလိမ့်မယ်။ iPhone 5 တရားဝင် မကြေငြာခင် ကောလဟာလ တွေပြန်ခဲ့တဲ့ ပုံစံအတိုင်း တထေရာထည်းပါပဲ. Aluminum Phone body ကိုမှ Screen ကမှန်နဲ့ပါ။ Apple ရဲ့ Vice President ဖြစ်တယ့် Schiller ကထွက်သမျှ ထဲမှာတော့ ဒါကအပါးဆုံး ပါပဲဗျာတဲ့ ။





Physical specifications
အခုလက်ရှိမှာတော့ ကမ္ဘာ့အပါးဆုံး Smart Phone အနေနဲ့တောင် ပြောရမယ်တဲ့ဗျာ။ အခုလက်ရှိ iPhone 4S ထက်နှစ်ဆယ် ရာခိုင်နှုန်း ပိုပေါ့ပြီး အလေးချိန် အနေနဲ့ 3.9 အောင်စ (၁၁၇ ဂရမ်) ပဲရှိပါတယ်တဲ့.။

Connectivity
ကျွန်တော်တို့ မှန်းထားတဲ့ LTE Connectivity ကြောင့် iPhone 4S ထက်ပိုမြန်မှာ သေချာပါတယ်။ ဖုန်း Carrier တွေအတွက် လိုအပ်တဲ့ စံအတိုင်း သေချာလုပ်ထား တဲ့အပြင် Apple အပြောအရ သူတို့ရဲ့ Chip တစ်ခုပဲ သုံးခြင်း အဖြေက နေရာတိုင်းမှာ အဆင်ပြေ ပါလိမ့်မယ်တဲ့။ iPhone 5 မှာ Dual Channel ဖြစ်တဲ့ 802.11N ပါလာပြီမို့ Connection Speed 150Mbps ထိပေးနိုင်ပါလိ့မ်မယ်။




Screen
Apple ရဲ့ 16:9 ရှိတဲ့ ၄လက်မ အရွယ် Panoramic Screen က၄၄% အရင် iPhone 4S ထက်အရောင် ပိုစိုပါတယ်။ iPhone က ကင်မရာ ကောင်းတဲ့ နေရာမှာ နာမည်ကြီးသလို သူရဲ့ pixels ကို နှစ်ဆတိုးထားပြီး ပုံတွေကို ကြည့်နေတဲ့ တပြိုင်နက်တည်းမှာ touch-sensing electrodes လို လုပ်ဆောင်တယ်လို့ Apple က ဆိုပါတယ်။ Apple ရဲ့ iPhone 5 မှာ ရှိနေတယ် ပိုမိုပါးလွှာ ခြင်း၊ ပေါ့ပါးခြင်းနဲ့ ဓါတ်ပုံထွက် ကောင်းခြင်း တို့ဟာ ဈေးကွက်ထဲက ဘယ်ဖုန်းမှာမှ မရှိဘူးလို့ ဆိုပါတယ်။ ဖန်သားပြင်နဲ့ pixels ကြားမှာ ဘာမှမရှိတာကြောင့် ပုံတွေဟာ ပိုမို ပြတ်သား ကြည်လင်တယ်လို့ ဆိုပါတယ်။

Brains
iPhone 5 မှာ CPU အသစ်ရှိပြီး CPU ရော၊ graphic ပိုင်းမှာပါ iPhone 4S ထက် နှစ်ဆ ပိုမြန်ပါတယ်။ ဒါ့အပြင် web page တတ်တာလည်း ၂.၁ဆ ပိုမြန်တယ်လို့ ဆိုပါတယ်။ 


Battery Life
ဘက်ထရီကလည်း 3G talk time ၈နာရီ၊ LTE browsing ၈နာရီ၊ Wi-Fi browsing ၁၀နာရီ၊ ဗီဒီယို နာရီ ၃၀စာနဲ့ ဒီတိုင်း ထားမယ်ဆိုရင် နာရီပေါင်း ၂၂၅ နာရီ ခံတယ်လို့ ဆိုပါတယ်။


Camera Features
Camera ပိုင်းကိုလည်း update လုပ်ထားပါသေးတယ်။ iPhone ရဲ့ မျက်နှာပြင်ဟာ ဘယ်လို အခြစ်ရာ ဖြစ်လွယ်တယ်ဆိုတာ iPhone သုံးနေတဲ့ သူတွေ သိမှာပါ။ အခု iPhone 5 မှာ ပိုကောင်းတဲ့ dynamic low light mood နဲ့ sapphire crystal နဲ့ ပြုလုပ်ထားပါတယ်။ Shappire crystal ဆိုတာ စိန်ရဲ့ အထဲပိုင်းက ရဖို့ အခက်ဆုံး ပစ္စည်း ဖြစ်ပါတယ်။ 4S လိုပဲ Five-element optics ပါပြီး 8 megapixel sensor (3264 x 2448) ရှိပြီး အနောက်ဘက်ကိုလည်း တောက်ပတဲ့ အလင်းရောင်နဲ့ လှအောင် လုပ်ထားပါတယ်။


Update:
ဓါတ်ပုံရိုက်တဲ့ နေရာမှာလည်း ၄၀ ရာခိုင်နှုန်းလောက် ပိုမြန်ပါတယ်။ iPhone 4S ကင်မရာတောင် တော်တော် မြန်တယ် ဆိုတော့ iPhone 5 ဆိုရင် ဘယ်လိုများနေမလဲ။

Panorama mode:
ဒါ့အပြင် Panorma လို့ခေါ်တဲ့ capture mode အသစ်ကို ထပ်ထည့်ထားပါတယ်။ ဓါတ်ပုံကိုလည်း တစ်ပုံချင်း ရိုက်လိုက် save လိုက် လုပ်စရာမလိုဘဲ Panorama က ကင်မရာကို စ်ဖက်သို့ အလျဉ်မပြတ် လှည့်ပြီး ဆွဲရိုက်သွားပါလိမ့်မယ်။ တကယ်လို့ ရိုက်တဲ့အချိန်မှာ လက်မငြိမ်ဖြစ်သွားလို့ စိတ်မပူပါနဲ့။ iPhone 5 နဲ့ Gyroscope ကိုသုံးပြီး လှုပ်သွားတဲ့ တုန်ခါမှုတွေကို ညှိပေးပါတယ်။ 


Video face detection:
အရင်တုန်းက iPhone တွေလိုပဲ iPhone 5 မှာလည်း 1080p FullHD capture ရှိပါတယ်။ အဲ့တော့ သူတို့က Face Detection ကို ထပ်ထည့်ထားပြီး ဗီဒီယို ရိုက်နေတဲ့ အချိန်မှာပါ ဓါတ်ပုံရိုက်လို့ရအောင် လုပ်ထားတယ်လို့ ဆိုပါတယ်။  


Front FaceTime Camera
ကင်မရာနဲ့ ပတ်သက်ပြီး 720p Front Camera ကို update တစ်ခုအနေနဲ့ လုပ်ထားပါသေးတယ်။ Front Camera မှာလည်း facer detection ရှိပါတယ်။ နောက်ဆုံး cellular မှာတောင် FaceTime ကို လုပ်လို့ရမှာ ဖြစ်ပါတယ်။

Audio
Apple က Audio နဲ့ ပတ်သက်ပြီး microphones, built-in speakers နဲ့ EarPods လို့ခေါ်တဲ့ earbuds တို့ကိုလည်း upgrade လုပ်ထားပါတယ်။  Microphone အတွက် ရှေ့၊ နောက်၊ နဲ့အောက်ဘက်မှာ အပေါက်သုံးပေါက် ရှိပါတယ်။ အဲ့ဒါဟာ voice calls quality ကိုမြှင့်တင် ပေးနိုင်ပါတယ်။ ဒါ့အပြင် အထူးတလည် headphones ကို ရွေးပြီး သုံးစရာမလိုဘဲ ဆူညံ သံတွေကို သူတို့ရဲ့ နည်းပညာနဲ့ ဖျောက်ပေးနိုင်တယ်လို့ Apple ကဆိုပါတယ်။ Speakers ကလည်း 3-5 magnet transducers နဲ့ ပိုကောင်းပြီး ကြည်လင်တဲ့ အသံကို ထွက်စေပါတယ်။ ထို့နောက် voice calls ရဲ့ quality ကိုလည်း မြှင့်တင်ထားပါသေးတယ်။ iPhone 5 ဟာ Wideband Audio လို့ခေါ်တဲ့ အရာကို သုံးနိုင်တယ်လို့ Phil Schiller ကဆိုပါတယ်။ အဲ့ဒါဟာ network ပေါ်ကနေ ပိုပြီး ကြည်လင် ပြတ်သားတဲ့ အသံလှိုင်းကို ပို့ပေးတဲ့ နေရာမှာ သုံးတာ ဖြစ်တယ်လို့ ဆိုပါတယ်။


New Dock Connector: Lighting
အားလုံး ထင်ထားတဲ့အတိုင်း သူတို့ရဲ့ Dock connector ကို ပြောင်းလဲလိုက်ပါတယ်။ ပိုပြီး သေးသွားပြီး Apple က အဲ့ဒါကို Lightning လို့ခေါ်ပါတယ်။ ဒါတွေ အားလုံးဟာ ဒစ်ဂျီတယ် ဖြစ်ပြီး 8 connectors ရှိပါတယ်။ New connector ရဲ့ အကောင်းဆုံး အချက်ကတော့ Reversible လုပ်နိုင်ခြင်း ဖြစ်ပါတယ်။







Price and Availability
သူတို့ဟာ အရင်တုန်းက generation နဲ့ တန်းတူ ဈေးနှုန်းကို ထားထားပါတယ်။ စာချုပ်နဲ့ ဆိုရင် iPhone 5 16GB ကို $199, 32GB ကို $299 နဲ့ 64GB ကို $399 အသီးသီး ဖြစ်ပါတယ်။ ရရှိ နိုင်တဲ့ နိုင်ငံတွေကတော့ အမေရိကား အပါအ၀င် ကနေဒါ၊ အင်္ဂလန်၊ ပြင်သစ်၊ ဂျာမနီ၊ သြစတေးလျ၊ ဂျပန်၊ ဟောင်ကောင် နဲ့ စင်ကာပူ တို့ဖြစ်ပါတယ်။ ဒီအပတ် သောကြာနေ့ကစပြီး ကြိုတင် မှာထားလို့ ရပါပြီ။ စက်တင်ဘာ ၂၈ရက်နေ့ ကစပြီး တခြား နိုင်ငံတွေမှာလည်း ၀ယ်ယူ ရရှိ နိုင်မှာ ဖြစ်ပါတယ်။ အခုဆိုရင် iPhone 4S က စာချုပ်နဲ့ $99 ပဲရှိပြီး iPhone 4 ဆိုရင် အလကား တောင် ရပြီလို့လည်း ဆိုထားပါတယ်။ 


ref:mymclub
     


No comments:

Post a Comment