Wednesday 6 January 2016

အမှုလိုက်ရဲအရာရှိ ဓားခုတ်ခံရပြီး သေဆုံးမှုတွင် စွပ်စွဲခံရသူနှစ်ဦးကို စွဲချက်တင်အမိန့်ချ

သမီးရည်းစားနှစ်ဦးထံမှ ဓားထောက်ပစ္စည်းလုယက်၊ အဓ မ္မပြုကျင့်ခဲ့သည့်အမှုကို လိုက်လံ စုံစမ်းနေသော ရဲအရာရှိတစ်ဦး ဓားခုတ်ခံရပြီး သေဆုံးသွားသည့်အမှုတွင် စွပ်စွဲခံထားရသူ နှစ်ဦးကို ဒီဇင်ဘာ ၅ရက်ကစွဲချက်တင် အမိန့်ချမှတ်လိုက်ကြောင်း ရန်ကုန်မြောက်ပိုင်းခရိုင်တရားရုံးမှ သတင်းရရှိသည်။
အဆိုပါအမှုကို မြောက်ပိုင်း ခရိုင်တရားရုံးမှ ဒုခရိုင်တရားသူ ကြီး(၄)က တာဝန်ယူစစ်ဆေးနေ ခြင်းဖြစ်ပြီး လူသတ်မှုတွင်စွပ်စွဲခံ ရသည့် ချစ်ကိုနှင့်တက်ပုတို့အား ကြိုတင်ကြံရွယ်ချက်ဖြင့် လူသတ်မှုကျူးလွန်သည့်ပုဒ်မ ၃၀၁(၁)(ခ) ဖြင့် စွဲချက်တင်အမိန့်ချမှတ်ခဲ့ကြောင်း မြောက်ပိုင်းခရိုင်တရားရုံးမှ သိရသည်။

အဆိုပါအမှုနှင့်ပတ်သက် ၍ တရားရုံးသို့ တရားလိုပြသက် သေ ၁၄ဦးအထိ တင်သွင်းခဲ့ပြီး နို ၀င်ဘာလအထိ တရားလိုပြသက် သေကိုးဦးအထိ စစ်ဆေးခဲ့ကာ ကျန်တရားလိုပြသက်သေများအားဆက်လက်စစ်ဆေး၍ စွဲချက်တင်အမိန့်ချခဲ့ခြင်းဖြစ်သည်။

အသတ်ခံရသော ရဲအရာရှိ သည် အောင်ဇေယျတံတားပေါ်တွင် လုယက်၊အဓမ္မပြုကျင့်ခဲ့သည့်အမှုကို လိုက်လံစုံစမ်းနေသူဖြစ်ပြီး ယင်းအမှုသည် ငါးလကျော်ကြာမြင့်သည်အထိ ပြစ်မှုကျူးလွန်သူ တစ်ဦးတစ်ယောက်ကိုမျှ ဖမ်းဆီးအရေးယူနိုင်ခြင်းမရှိသေးကြောင်း အင်းစိန်ရဲစခန်းမှမြို့နယ်မှူးက ပြောသည်။

ပြီးခဲ့သည့် ၂၀၁၅ ဇူလိုင် ၂၅ ရက် ည ၉နာရီခွဲခန့်တွင် အင်းစိန် မြို့နယ် ဖော့ကန်ရပ်ကွက်အတွင်း နေထိုင်သည့် အသက် (၂၁)နှစ်အ ရွယ်အမျိုးသမီးတစ်ဦးနှင့် အင်း စိန်မြို့နယ် ရွာမအနောက်ရပ် ကွက်၌ နေထိုင်သည့် အသက် (၂၀)အရွယ်အမျိုးသားတစ်ဦးတို့သည် အောင်ဇေယျကြိုးတံတား ပေါ်တွင် ချိန်းတွေ့စဉ်အမည်မသိ အမျိုးသားတစ်ဦးက ဓားရှည်ကိုင် ၍ ရောက်လာပြီး သမီးရည်းစား နှစ်ဦးတွင်ပါရှိသည့် လက်ကိုင်ဖုန်း နှစ်လုံး၊ အမျိုးသမီးထံမှ ကျပ်ခု နစ်သောင်းခန့်တန်ကြေးရှိ ရွှေနားကပ်တစ်ရန်နှင့် ငွေသားတစ် သောင်းကို တောင်းယူသွားခဲ့ခြင်း ဖြစ်သည်။

ယင်းနောက် တံတားပေါ်ရှိ ကင်းတဲအတွင်းသို့ခေါ်ကာ အမျိုး သမီးကို ဓားဖြင့်ထောက်၍ သားမ ယားပြုကျင့်ခဲ့ပြီးရဲစခန်းသို့တိုင်ပါ က သတ်မည်ဟုပြောကာ အင်း စိန်ကမ်းနားဘက်သို့ ထွက်ပြေး သွားခဲ့ကြောင်း လုယက်ခံရသူအမျိုးသားထံမှသိရသည်။

အဆိုပါ အမှုကို လိုက်လံစုံ စမ်းနေသည့် ခရရမြောက်မှုခင်း နှိမ်နင်းရေးဌာနမှ ရဲတပ်ကြပ်အေး မင်းလူနှင့်အတူ ကမ်းနားလမ်း အလယ်ရပ်ကွက်မှ ရာအိမ်မှူးဦး အေးမင်းအောင်(ခ)ဖိုးလပြည့်တို့ သည် ကမ်းနားလမ်းအနောက် ရပ်ကွက် အောင်ဇေယျအိမ်ရာ လမ်းရှိ လမင်းရိပ်လက်ဖက်ရည် ဆိုင်ရှေ့၌ သတင်းစုံစမ်းနေစဉ် အမျိုးသားနှစ်ဦးရောက်ရှိလာပြီး ဓားရှည်ဖြင့်ခုတ်၍ စကေဘာဖြင့် ထိုးခဲ့သဖြင့် ရဲတပ်ကြပ်သေဆုံး သွားခဲ့ခြင်းဖြစ်သည်။

7Day Daily

No comments:

Post a Comment