တရုတ်ပြည်သူ့
သမ္မတနိုင်ငံ ထိပ်တန်း ခေါင်းဆောင် တဦးဖြစ်သည့် အမျိုးသား ပြည်သူ့ ကွန်ဂရက်
အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ၀ူဘန်ဂိုးဟာ ယမန်နေ့ စက်တင်ဘာလ ၁၂
ရက်နေ့ညနေပိုင်း မှာ နေပြည်တော်ကို ရောက်လာခဲ့ပါတယ်။
![]() |
အမျိုးသား ပြည်သူ့ ကွန်ဂရက် အမြဲတမ်း ကော်မတီ ဥက္ကဋ္ဌ မစ္စတာ ၀ူဘန်ဂိုး၊ |
စက်တင်ဘာလ ၁၅
ရက်နေ့အထိ မြန်မာနိုင်ငံမှာနေထိုင်မှာ ဖြစ်ပြီး ချစ်ကြည်ရေး
ကိုယ်စားလှယ်အဖွဲ့ကို ဦးဆောင်ကာ မြန်မာအစိုးရ ခေါင်းဆောင်များအပြင် ကဏ္ဍ
အသီးသီးက ပုဂ္ဂိုလ်များနှင့် လည်းတွေ့ဆုံရန် ရှိ ကြောင်း၊ ခရီးစဉ်အတွင်း ၂
နိုင်ငံ ဆိုင်ရာ ကဏ္ဍ အသီးသီးတွင် ခိုင်မာသည့် အပြန်အလှန် ပူးပေါင်း
လုပ်ဆောင်မှုများ အရှိန်မြင့်မားစေရေး ဖြစ်ပေါ်လာမယ်လို့ ယုံကြည်ကြောင်း
မြန်မာနိုင်ငံဆိုင်ရာ တရုတ် သံအမတ်ကြီး လီယန်ဟွာက ပြောထားပါတယ်။
တရုတ်-မြန်မာ ၂ နိုင်ငံ ဆိုင်ရာ အစိုးရချင်း၊ ပါလီမန်များ၊ တရားရေးဌာန၊
နိုင်ငံရေးပါတီများနှင့် ပိုမိုခိုင်မာသည့် ပူး ပေါင်း လုပ် ဆောင်နိုင်
မည်ဖြစ်ပြီး ၂ နိုင်ငံ ပြည်သူချင်း ထိတွေ့ဆက်ဆံခြင်း၊
အကျိုးတူပူးပေါင်းဆက်ဆံရေး အရှိန် မြင့်မားမှု ကို မြှင့်တင်နိုင်မည်ဟု
ယုံကြည် ကြောင်းလည်း တရုတ်သံအမတ်ကြီးက ဆိုပါတယ်။
မစ္စတာ ၀ူဘန်ဂိုးလာရောက်တာဟာ ပြည်သူ့ လွှတ်တော် ဥက္ကဌ ဦးရွှေမန်းရဲ့ ဖိတ်ကြားချက်အရလို့  နိုင်ငံပိုင် သတင်းစာတွေက ဆိုပါတယ်။
တရုတ်ခေါင်းဆောင်တွေ၊ တရုတ် နိုင်ငံက ကိုယ်စားလှယ်တွေ အခုတလော
ဆက်တိုက်ဆိုသလို မြန်မာနိုင်ငံကို လာရောက်နေတာဟာ တရုတ်ရဲ့ ပြောင်းလဲလာတဲ့
မူဝါဒကြောင့်ပါ။ တချိန်ကတော့ အာဏာလက်ဝယ်ရှိတဲ့ အစိုးရချင်းဆက်ဆံရေး၊
ပါတီချင်းဆက်ဆံရေး ဆိုတဲ့ တရုတ် ကွန်မြူနစ်ပါတီက ဗမာပြည်ကွန်မြူနစ် ပါတီ
နဲ့ ဆက်ဆံရေးတွေသာ လုပ်ခဲ့ဖူးတာပါ။ နောက်ပိုင်း စစ်အစိုးရနဲ့သာ တရုတ်က
ဆက်ဆံရေး လုပ်ခဲ့တာဖြစ်ပါ တယ်။
မြန်မာပြည်က နိုင်ငံရေးပါတီတွေ၊
ပြည်သူတွေနဲ့ အခုတော့ တရုတ်က ထိတွေဆက် ဆံတော့မြှာ ဖစ်ပါတယ်တဲ့ ။ ဒါကလည်း
ပွင့်လင်းလာတဲ့ မြန်မာနိုင်ငံမှာ အမေရိကန်၊ ဥရောပ သမဂ္ဂ၊ အစရှိတဲ့
အနောက်နိုင်ငံများက လာရောက်ရင်းနှီးမြှုပ်နှံမှုတွေ လာတော့မှာ ဖြစ်ပါတယ်။
မြန်မာနိုင်ငံမှာ တရုတ်ရဲ့ ရင်းနှီးမြှုပ်နှံမှုတွေ နဲ့ပတ် သက်ပြီးလည်း လူထု
ဆက်ဆံရေး အားနည်းခဲ့တဲ့ တရုတ်အနေနဲ့ သတိထား မိတာက တရုတ်ရဲ့ တချိန်က
မူဝါဒများကြောင့် မြန်မာနိုင်ငံမှာ တရုတ်လုပ်ငန်းဆန့်ကျင်ရေး စိတ်တွေ
မြန်မာလူထုထဲ ကိန်းအောင်းနေ တာဆိုတာပါဘဲ။
တိုက်ဆိုင်မှု
တခုအနေနဲ့ ပြောရရင် အခုလတ်တလော တရုတ် ၀မ်ပေါင် ကုမ္ပဏီနဲ့ ဦးပိုင်တို့
ဖက်ဆပ် လုပ်နေတဲ့ မုံရွာ ကြေးနီစီမံကိန်းကိစ္စလည်း ဒေသခံ တွေနဲ့
အာဏာပိုင်တွေ၊ ကုမ္ပဏီတွေကြား အကြီးအကျယ် ပြဿနာ တက်နေတာပါ။ ဆန္ဒပြမှုတွေနဲ့
တင်းမာနေတဲ့အချိန်လည်းဖြစ်ပါတယ်။
မြစ်ဆုံ စီမံကိန်းက လည်း မြန်မာပြည်သူတွေရဲ့ ကန့်ကွက်မှုကြောင့် ရပ်ထားရတဲ့အနေအထားမှာ ရှိတာပါ။
ဒါကြောင့် ပြည်သူတွေကိုလည်း တရုတ် ဆက်ဆံတော့မယ်ဆိုပြီး မူဝါဒ ပြောင်းလဲ
ကျင့်သုံး လာရင်း တဖွဲဖွဲ မြန်မာပြည်ကို တရုတ်ကိုယ်စားလှယ်အဖွဲ့တွေ
လာနေကြတာဖြစ်ပါတယ်။
မြစ်ဆုံ စီမံကိန်းက လည်း မြန်မာပြည်သူတွေရဲ့ ကန့်ကွက်မှုကြောင့် ရပ်ထားရတဲ့အနေအထားမှာ ရှိတာပါ။
ဒါကြောင့် ပြည်သူတွေကိုလည်း တရုတ် ဆက်ဆံတော့မယ်ဆိုပြီး မူဝါဒ ပြောင်းလဲ ကျင့်သုံး လာရင်း တဖွဲဖွဲ မြန်မာပြည်ကို တရုတ်ကိုယ်စားလှယ်အဖွဲ့တွေ လာနေကြတာဖြစ်ပါတယ်။
No comments:
Post a Comment