Thursday 13 September 2012

မန္တလေးမြို့တော်စည်ပင်သာယာရေးကော်မတီ မှ မြို့တွင်းဖြတ်သန်းစီးဆင်းနေသောရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်ရေးအတွက် မြောင်းဆယ်ဝန်ထမ်းများဖြင့် မြောင်းများဆယ်ယူရှင်းလင်း

မြို့တော်အတွင်းအဓိက ဖြတ်သန်းစီးဆင်းနေသော ရေနုတ်မြောင်းကြီးများ၊မြို့နယ်အလိုက်   ရေနုတ်မြောင်းများ ရေစီးရေလာကောင်းမွန်စေရေး အတွက်မြောင်းဆယ်ယူ ရှင်းလင်းခြင်း လုပ်ငန်းများကို စည်ပင်ဝန်ထမ်းအင်အားဖြင့် နေ့စဉ်စနစ်တကျဆောင်ရွက်လျက်ရှိသည်။
ထိုသို့ဆောင်ရွက် မြို့တွင်းအဓိက ဖြတ်သန်းစီးဆင်းနေသော အရှည်ပေ(၃၇၇၄၁)ရှိသည့် ရွှေတေ ချာင်းမြောင်း၊  အရှည်ပေ(၂၄၈၁၆)ရှိသည့် ငွေတချောင်းမြောင်း၊အရှည်ပေ(၁၈၈၆၇)ရှိသည့် ကိုလံဘိုမြောင်း၊အရှည်ပေ(၃၀၅၄၀)ရှိသည့် နဒီမြောင်း၊အရှည်ပေ(၃၇၀၃၀)ရှိသည့် ပရံတော်ချောင်း၊ အရှည်ပေ(၁၅၆၁၀)ရှိသည့် သင်္ဂဇာချောင်း၊အရှည်ပေ(၁၄၇၆၄)ရှိသည့် တက်မျောချောင်း၊ အရှည်ပေ(၉၃၃၃)ရှိသည့် မြောင်းကြီးမြောင်း၊ အရှည်ပေ(၅၀၀၀)ရှိသည့် မင်္ဂလာတူးမြောင်း တို့ကိုစက်ယန္တရားအင်အား၊စည်ပင်မြောင်းဆယ် ၀န်ထမ်းအင်အားတို့ဖြင့် နေ့စဉ်ဆယ်ယူရှင်းလင်း လျက်ရှိသည်။ 
ထိုပြင် မြို့တော်စည်ပင်အနေဖြင့် တိုင်းဒေသကြီးကျန်းမာရေးဦးစီးဌာန၊မိဘပြည်သူများဖြင့် ပူးပေါင်းကာ မြို့တော်အတွင်း သွေးလွန်တုပ်ကွေးရောဂါ နှင့် ခြင်ကြောင့်ဖြစ်ပွားစေသော ရောဂါများ လျော့နည်း ကျဆင်းစေရန် အတွက်ဖုံး၊သွန်၊လဲ၊စစ် လုပ်ငန်းများနှင့် စုပေါင်းသန့်ရှင်းရေး လုပ်ငန်းများကို ရပ်ကွက်အလိုက် အပတ်စဉ် ဆောင်ရွက်လျက်ရှိသည်။ သို့ဖြစ်ရာ ရပ်ကွက်နေ မိဘပြည်သူများ အနေဖြင့် ကျန်းမာမူနှင့် ပြည့်ဝသော မြို့တော်ဖြစ်စေရေး အတွက် ၀ိုင်းဝန်းကူညီကြပါရန် လိုအပ်ကြောင်း သိရသည်။

ref:MCDC

No comments:

Post a Comment