Thursday 13 September 2012

အိုဟောင်းယာဉ်အပ်နှံမှု နည်းပါးခြင်းက ယာဉ်ကြောပိတ်ဆို့မှုအား ပိုမိုဆိုးရွားစေ


မော်တော်ယာဉ်တင်သွင်းမှုဖြေလျော့ပေးခဲ့သော်လည်း ယာဉ်အိုယာဉ်ဟောင်း အပ်နှံ့ရေး အကောင်အထည် ပေါ်လာခြင်းမ ရှိသည့်အတွက် ရန်ကုန်မြို့အတွင်းရှိ ယာဉ်ကြောပိတ်ဆို့မှုများမှာ တစ်နေ့ထက်တစ်နေ့ ပိုမိုဆိုးရွားလာ ကြောင်း သိရှိရသည်။

လက်ရှိတွင်အိုဟောင်းယာဉ်အပ်နှံမှု၌ “ဗ” အက္ခရာ မော်တော်ယာဉ် ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံနိုင်သည်ဟု စက်တင်ဘာလ(၅)ရက်နေ့တွင် ရထားပို့ဆောင်ရေး ဝန်ကြီးဌာနမှ သတင်း ထုတ်ပြန်ခဲ့ကြောင်း သိရှိရသည်။

ယာဉ်အိုယာဉ်ဟောင်းအပ်နှံရေး ပထမအစီအစဉ်အဖြစ် ပြီးခဲ့သည့် စက်တင်ဘာလအတွင်းက စတင်ခဲ့ပြီး သက်တမ်း နှစ်(၄ဝ)မော်တော်ယာဉ်များကို ၂ဝ၁၁ခုနှစ်၊ စက်တင်ဘာလ (၁၉)ရက်နေ့တွင် လည်းကောင်း၊ အနှစ်(၃ဝ)နှင့်(၄ဝ) အကြား မော်တော်ယာဉ်များကို နိုဝင်ဘာလတွင် လက်ခံဆောင်ရွက်ခဲ့သည်။

ဒုတိယအစီအစဉ်အဖြစ် ၂ဝ၁၂ခုနှစ် စက်တင်ဘာလ(၅)ရက်နေ့တွင် သက်တမ်းနှစ်(၂ဝ)မပြည့်သေးသည့် ယာဉ် ဟောင်းများအား အပ်နှံခွင့်ပြုခဲ့သည်။ နောက်ပိုင်းတွင် ဗ၊ မ စသည့် အက္ခများကိုလည်း အစဉ်အ လိုက် အပ်နှံ နိုင်ရန် စီစဉ်ထားရှိကြောင်း ရထားပို့ဆောင်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူက ပြောသည်။

ယခုလက်ရှိအထိ စီးရေ (၆၁၈၅၂)စီးလက်ခံပြီးကြောင်း ရထားပို့ဆောင်ရေးညွှန်ကြားရေးဦးစီးဌာနမှ သိရှိ ရသည်။ ထိုကဲ့သို့ အပ်နှံနိုင်သည်ဟု ဆိုသော်လည်း အချို့ယာဉ်အိုယာဉ်ဟောင်းလက်ရှိထားထားသော ပိုင်ရှင်အများစုသည် ပြန်မအပ်သေးကြောင်း သိရှိရသည်။ ထပ်မံအပ်နှံနိုင်သည့် အက္ခရာများ တိုးပွား လာသည်နှင့်အမျှ ယာဉ်အိုယာဉ်ဟောင်းများ အပ်နှံမှုမှာ များပြားလာသင့်သော်လည်း များသင့်သလောက် များပြားလာခြင်း မရှိပေ။

ယခုနောက်ပိုင်းတွင် မော်တော်ယာဉ်များသည် တဖြည်းဖြည်းတိုးပွားလာသည့်အပြင် လမ်းများ ကျဉ်းလာခြင်းကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဖြစ်ပေါ်နိုင်ကြောင်းကိုလည်း သိရသည်။

'' အခုနောက်ပိုင်း ပြည်သူတွေ ကားစီးလာနိုင်တာတော့ ကောင်းပါတယ်၊ ဒါပေမဲ့ ကားစီးရေ တိုးလာနဲ့အမျှ လမ်းတွေလည်း ပိုကျယ်ရမယ်၊ ပိုကောင်းရမယ်လေ၊ ပြီးတော့ ယာဉ်အိုယာဉ် ဟောင်းတွေကိုလည်း လက်ထဲ ကိုင်မထားတော့ဘဲနဲ့ ပြန်အပ် သင့်တယ်လေ၊ အခုဆို ယာဉ်ပိတ်ဆို့မှုတွေက နေရာတိုင်းမှာ လိုလို တွေ့နေ ရတယ်လေ၊ ဟိုနေ့ကဆို ဘုရင့်နောင်လမ်းဆုံမှာ ပိတ်နေတာ ၄၅ မိနစ်   လောက်တောင်ကြာ သွားတယ်''ဟု သုဝဏ္ဏမြို့နယ်မှ ကိုဇော်မင်းထွန်းက ပြောကြားသည်။

ထို့အပြင် ယာဉ်ကြောပိတ်ဆို့မှုမှာ ယာဉ်မောင်းများ ယာဉ်မောင်းမကျွမ်းကျင်သည့်အချက်၊ ယာဉ်စည်းကမ်း နားမလည်သည်က တစ်ကြောင်း၊ ယာဉ်စည်းကမ်းကို သိသော်လည်း မလိုက်နာခြင်းကြောင့်တစ်ကြောင်း စသည့် စည်းကမ်းမဲ့မှုများကြောင့် ယာဉ်ကြောပိတ်ဆို့မှုများ ဆိုးရွားလာရခြင်းဖြစ်ကြောင်း ဟံသာဝတီ ကားပွဲစားတန်းမှ ဝါရင့်ကားပွဲစားတစ်ဦးက ပြေကြားသည်။

''အခုဆိုရင် ဆိုင်သွားဖို့ကို အစက နာရီဝက်လောက်ပဲ ကြိုထွက်ရင်ရတယ်လေ၊ အခုတော့ တစ်နာရီကျော် ကျော်လောက် စောထွက်မှ ရတယ်လေ၊ အဲဒါတောင် တစ်ခါတစ်လေ ကားအဆင် မပြေရင် နောက်ကျ သေးတာလေ၊ ပြီးတော့ နောက်ကျရင်လည်း အလုပ်က ဆင်ခြေမကြိုက်ဘူးလေ၊ ပိုက်ဆံအဖြတ်ခံရတယ်လေ '' ဟု ဖုန်းအရောင်းစင်တာတစ်ခုတွင် အလုပ်ဝင်နေသော မသဇင်အေးက လမ်းပိတ်ဆို့မှုနှင့်ပတ်သက်၍ ပြောသည်။

တာဝန်ရှိသူများအနေဖြင့်လည်း ယာဉ်အိုယာဉ်ဟောင်းအပ်နှံရေးကို ထိရောက်စွာ ဆောင်ရွက်သင့်ကြောင်း ယာဉ်ဟောင်းများ အပ်နှံခြင်း နည်းပါးနေပါက ယာဉ်များ ပိုမိုတိုးပွားလာသည့်အတွက် ယာဉ်ကြောပိတ် ဆို့မှုတွင် ပါဝင်သော အချက်တစ်ခုဖြစ်လာနိုင်ကြောင်းနျင့် ယာဉ်ဟောင်းပိုင်ရှင်များအနေဖြင့်လည်း ယာဉ်များကို အပ်နှံခြင်း ဖြင့် ယာဉ်ကြောပိတ်ဆို့မှုမှ လျှော့နည်းစေနိုင်ကြောင်းကိုလည်း ပြည်သူများက အကြံပြုပြောဆိုကြသည်။


ref:myitmakha

No comments:

Post a Comment