Thursday 13 September 2012

မြန်မာနိုင်ငံမှာ အင်တာနက်တွေ ဘာကြောင့်နှေးတယ်လို့ ယူဆပါသလဲ

လူကြောင့်လို့ပဲ ကျွန်တော်ဖြေချင်ပါတယ်။ National Gateway ကို တာဝန်ယူထိန်းသိမ်းရတဲ့လူတွေက Traffic Pattern တွေကို အမြဲစောင့်ကြည့်ပြီး International Link များအပေါ် မျှတမြန်ဆန်နိုင်စေရန် အချိန်နှင့်တစ်ပြေးညီ ဆောင်ရွက်ဖို့လိုမယ်ထင်ပါတယ်။ ဒီလိုမဟုတ်ရင် Traffic များတဲ့အချို့ International Link များတွင် ပြည့်ကျပ်နေနိုင်ပြီး တစ်ချို့Link များတွင် Traffic မရှိဘဲ    မညီမမျှဖြစ်ပြီး နှေးနေနိုင်ပါတယ်။ National Gateway ဆိုတာကလည်း မူအားဖြင့် နိုင်ငံတော်မှ ထိန်းချုပ်တယ်ဆိုပြီး နည်းပညာအားနည်းနေရင် တစ်နိုင်ငံလုံး အင်တာနက်နှေးနေတာ အမှန်တော့ ထူးဆန်းတဲ့ကိစ္စမဟုတ်ပါဘူး။ အမှန်တကယ် ထူးဆန်းနေတာက အင်တာနက်ကသာ   နှေးနေတယ်။ နိုင်ငံတော်က၀ယ်ထားတဲ့ Bandwidth ကိုသုံးစွဲမှုက သုံးပုံမှာတစ်ပုံလောက်ပဲသုံးပြီး ကျန်နှစ်ပုံက အလဟသဖြစ်နေမယ်ဆိုရင် နိုင်ငံတော်ဘဏ္ဍာငွေတွေက အလဟသဖြစ်နေပြီး အင်တာနက်ကလည်း နှေးနေဦးမယ်။ ဒီလိုနှေးနေဦးမယ်ဆိုရင် တိုင်းပြည်နဲ့ပြည်သူတွေအတွက်ကတော့   ငွေကုန်ကြေးကျများပြီး အလုပ်မဖြစ်တဲ့ Internet ၀န်ဆောင်မှုတစ်ခုဖြစ်နေမှာပါပဲ။
 
ကျွန်တော်သိသလောက် ယခင်ရှိနှင့်ပြီးဖြစ်တဲ့ 3.3GB ကနေပြီးတော့ ယခုနောက်ပိုင်း International Bandwidth ချိတ်ဆက်မှုကို NTT (Japan) ကနေပြီး 2.5GB, PCCW Global (USA) သို့ 3.2GB, HGC (HK) သို့ 2.5 GB, Singapore Star Hub သို့ 2.5GB ပမာဏဆီ ထပ်တိုးချဲ့ထားတယ်လို့ သိရတော့ စုစုပေါင်း 14GB Bandwidth ကလာမယ့် အချိန်ကာလတစ်ခုအထိ လုံလောက်မှုရှိတယ်လို့ ဆိုရမှာဖြစ်ပါတယ်။ အင်တာနက်မြန်ဆန်ဖို့ဆိုတာက Bandwidth တွေတိုးနေရုံနဲ့ မရပါဘူး။ Gateway စီမံခန့်ခွဲမှုတွေ ISP လို့ခေါ်တဲ့ Internet Service Provider က Administrator တွေရဲ့ ကျွမ်းကျင်မှု မျှတစွာ တွေးခေါ်နိုင်မှု စိတ်နေ သဘောထားတွေသာမက စိတ်ညစ်မှုပျော်ရွှင်မှုတွေနဲ့လည်း သက်ဆိုင်နိုင်ပါတယ်။National Gateway တာဝန်ယူတဲ့ Policy Maker တွေ၊ စက်ပိုင်းဆိုင်ရာတွေကို တာဝန်ယူကိုင်တွယ်နေတဲ့ အင်ဂျင်နီယာတွေ၊ အရည်သွေးပြည့်မှီမှုရှိမရှိ၊ နိုင်ငံတော်အ ကြီးအကဲများ၏ ညွှန်ကြားမှုကိုတစ်မျိုး အဓိပ္ပါယ်ကောက်စီမံနေမှုရှိမရှိ၊ National Gateway မှ ISP များသို့ မလိုလားအပ်တဲ့ procedure များနှင့် ကြိုးနီစနစ်များ အလွန်အကျွံတည်ရှိနေမှုများရှိမရှိ စစ်ဆေးလျှော့ချလိုက်ရုံနဲ့တင် မြန်သွားနိုင်ပါတယ်......................

ဒေါက်တာသန့် ဇင်လင်း (နည်းပညာ)
(ဟားဗတ်တက္ကသိုလ်)

No comments:

Post a Comment