အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥ က္ကဌ
ဒေါ်အောင်ဆန်းစုကြည်၏ အမေရိက ခရီးစဉ်မှာ စက်တင်ဘာလ ၁၆ ရက်မှ အောက်တိုဘာလ ၅
ရက်နေ့အထိ ရက်ပေါင်း ၂၀ ကြာမြင့်မည်ဖြစ်ကြောင်း
အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်မှ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးအုန်းကြိုင်၏ ပြောကြားချက်အရ သိရသည်။
''ခရီးစဉ်မှာ ဘယ်သူတွေ လိုက်ပါမယ်ဆိုတာတော့ အတိအကျ မပြောနိုင်သေးဘူး။
အောက်တိုဘာလ ၅ ရက်နေ့မှာတော့ ပြန်ရောက်မယ်'' ဟု ဦးအုန်းကြိုင်က ပြောပါ သည်။
အဆိုပါခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေ ယျာသော်နှင့် ကိုယ်ရေးအရာရှိဖြစ်သူ
ဒေါက်တာတင်မာအောင်တို့ လိုက်ပါသွားဖွယ်ရှိကြောင်းနှင့် ၎င်းတို့အပြင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ လွှတ်တော်ကိုယ်စားလှယ်အချို့ လိုက်ပါသွားဖွယ်ရှိကြောင်း သိရသည်။
အဆိုပါခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ဝါရှင်တန်အခြေစိုက်
National Endowment for Democracy တွင် စက်တင်ဘာလ ၂၀ ရက်နေ့၌
မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင်းနှင့်
အမေရိ ကန်ပြည်ထောင်စုတွင် မြန်မာ အများဆုံးနေထိုင်သည့်
ကယ်လီဖိုးနီးယားပြည်နယ်ရှိ ဆန်ဖရန်စစ္စကို (ဘေးဧရိယာ)သို့ လာရောက်ရန်
အဆိုပါဒေသရောက် မြန်မာများက ဖိတ်ကြားထားကြောင်းလည်း သိရသည်။
ref:EMG
အဆိုပါခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးဖြိုးဇေ ယျာသော်နှင့် ကိုယ်ရေးအရာရှိဖြစ်သူ ဒေါက်တာတင်မာအောင်တို့ လိုက်ပါသွားဖွယ်ရှိကြောင်းနှင့်
အဆိုပါခရီးစဉ်တွင် ဒေါ်အောင်ဆန်းစုကြည်သည် အမေရိကန်ဝါရှင်တန်အခြေစိုက် National Endowment for Democracy တွင် စက်တင်ဘာလ ၂၀ ရက်နေ့၌ မိန့်ခွန်းပြောကြားမည်ဖြစ်ကြောင
No comments:
Post a Comment