Thursday 13 September 2012

ဖန်သားပြင် လေးလက်မအကျယ်ရှိ 4G LTE စနစ်သုံး အပါးလွှာဆုံး iPhone 5 စတင်မိတ်ဆက်

Apple ကုမ္ပဏီသည် စမတ်ဖုန်း တစ်ခေတ်ပြောင်းလဲစေခဲ့သော iPhone များ၏ နောက်ဆုံးမျိုးဆက်သစ် iPhone 5 ကို စက်တင်ဘာလ ၁၂ ရက်နေ့ (မြန်မာ့စံတော်ချိန် ည ၁၁ နာရီခွဲ)တွင် စတင်ပြသခဲ့သည်။



ဆန်ဖရန်စစ္စကိုတွင် ပြုလုပ်ခဲ့သော ယင်းအခမ်းအနားတွင် Apple ၏ ဈေးကွက်ရှာဖွေရေးဆိုင်ရာ အကြီးတန်းဒုတိယဥက္ကဋ္ဌ ဖိလစ်ရှီးလားက iPhone 5 ကို ပြသသွားခဲ့သည်။ ကြိုတင်ထွက်ပေါ်နေခဲ့သည့် သတင်းများအတိုင်း iPhone 5 ၏ ဖန်သားပြင်မှာ လေးလက်မအထိရှိလာခဲ့ပြီး 4G LTE စနစ် ပါဝင်လာခဲ့သည်။ ချိတ်ဆက်သည့် ကြိုးခေါင်းမှာလည်း သတင်းများထွက်ပေါ်ထားခဲ့သည့်အတိုင်း ပိုမိုသေးငယ်သွားခဲ့သည်။ အထူမှာ ၇ ဒသမ ၆ မီလီမီတာသာရှိပြီး စမတ်ဖုန်းများတွင် အပါးလွှာဆုံးဖြစ်သည်။ Apple ၏ နောက်ဆုံးမျိုးဆက် A6 processor ကို အသုံးပြုထားသည်။






မြင်ကွင်းကျယ်ဗီဒီယို

- မှန်နှင့်အလူမီနီယမ်ဖြင့်သာ ပြုလုပ်ထား၊ အဖြူနှင့်အနက် နှစ်မျိုးသာရနိုင်။

- ၇ ဒသမ ၆ မီလီမီတာ အထူရှိပြီး ဆမ်ဆောင်း၏ Galaxy S3 ထက် ပိုမိုပါးလွှာ။

- အလေးချိန် ၁၁၂ ဂရမ်။

- ဖန်သားပြင်အကျယ် ၄ လက်မ။

- 1136 x 640 Pixels။

- ထိတွေ့မျက်နှာပြင်ကို ဖန်သားအတွင်း ပေါင်းထည့်နိုင်ခဲ့ခြင်းကြောင့် အလွှာပို နည်းသွားပြီး ပိုမိုပါးလွှာအောင် ထုတ်လုပ်နိုင်ခဲ့။
အမြန်နှုန်းပိုကောင်းလာမှုကို ပြသသည့် ဇယား

- ၀ါယာလက်နည်းပညာ ပိုမိုမြန်ဆန်လာပြီး Ultrafast Wireless နည်းပညာဖြစ်လာဟုဆို။

- စက်လည်ပတ်မှု မြန်နှုန်းအားလုံးကို မြှင့်တင်နိုင်ခဲ့ဟုဆို။

- ဘက်ထရီမှာ 3G ဖြင့် ဖုန်းပြောလျှင် အင်တာနက်သုံးလျှင် ၈နာရီ။ LTE စနစ်ဖြင့် သုံးပါက ၁၀နာရီ၊ သီချင်း သီးသန့် နာရီ ၄၀။

- iSight ကင်မရာကို 8 Megapixel Sensor၊ 3264x2448 resolution နှင့် အခြားအဆင့်မြှင့်မှုများ၊ ဗီဒီယိုရိုက်နေစဉ် ဓာတ်ပုံရိုက်နိုင်၊ အလင်းနည်းသော နေရာတွင်ရိုက်ကူးမှု အဆင့်မြှင့်ထား၊ မြင်ကွင်းကျယ်ရိုက်ပါက ၂၈ 28 megapixels အထိရိုက်နိုင်။ ဗီဒီယိုမှာ 1080p HD ရလာ။

- မိုက်ကရိုဖုန်းသုံးခုထိပါလာ( ယခင်နှစ်ခု)ပြီးအသံစနစ်အဆင့်မြှင့်ထား။

- ချိတ်ဆက်ကြိုးသစ် Thunderbolt မှာ ယခင်ကြိုးထက်ကြိုးခေါင်း သိသိသာသာ သေးငယ်သွား။

မြင်ကွင်းကျယ်ဓာတ်ပုံရိုက်ကူးပါက ၂၈ megapixels အထိ ရိုက်ကူးနိုင်

- မောင်းနှင်စနစ်သစ် iOS 6 နှင့် iTunes အသစ်ကို စက်တင်ဘာလ ၁၉ ရက်နေ့မှစပြီး ဒေါင်းလုပ်ရယူသုံးစွဲနိုင်မည်၊ စွမ်းဆောင်ရည်သစ် ၂၀၀ ကျော် ပါဝင်လာဟုဆို၊ iOS 6 ကို iPhone 4S,4, New iPad,iPad 2,4th Generation iPod တို့တွင် သုံးနိုင်မည်။

- ကိုယ်ပိုင်သုံးဖက်မြင်ပါ မြေပုံသစ်၊ ဖေ့စ်ဘွတ်ခ်နှင့်တွစ်တာကို မည်သည့် Application မှမဆို ချိတ်ဆက်သုံးနိုင်မှုတို့ ပါရှိလာ။

- Passport အက်ပလီကေးရှင်းသစ် ပါဝင်လာ၊ စတားဘတ်ခ်ကော်ဖီဆိုင်များ၊ ရုပ်ရှင်ရုံများ၊ အားကစားပွဲများ၏ ပွဲလက်မှတ်အဖြစ် သုံးနိုင်၊ Boarding Pass အဖြစ် လေယာဉ်ခရီးတွင်သုံးနိုင်။

- ပုံရိပ်ယောင် ကိုယ်ရေးလက်ထောက် Siri ကို အဆင့်မြှင့်ပြီး နှုတ်ဖြင့် ဘောလုံးပွဲရလဒ်မှ အစမေးနိုင်လာ၊ Siri ကို နှုတ်ဖြင့်ပြောပြီး ဖေ့စ်ဘွတ်ခ်တွင် Post တင်နိုင်။

- Sim Card အရွယ်အစား ပိုမိုသေးငယ်လာ။
 
မိုက်ကရိုဖုန်းသုံးခုပါဝင်လာမှု

- iPhone 5 မှာ နှစ်နှစ်ဖုန်းလိုင်းစာချုပ်ဖြင့်ဆိုပါက ၁၆ ဂီဂါဘိုက်လျှင် ၁၉၉ ဒေါ်လာကျသင့်၊ ဖုန်းအလွတ်ဈေးနှုန်း မထုတ်ပြန်၊ စက်တင်ဘာ ၁၄ မှ စပြီး ကြိုမှာနိုင်။

- iPod Touch နှင့် iPod Nano သစ်များ ပါပြသ၊ အက်ပဲလ်၏ နားကျပ်ပုံစံများ လုံးဝပြောင်းလဲ။

- Foo Fighters အဖွဲ့၏ သီဆိုမှုဖြင့် အဆုံးသတ်။
 
 
ref:EMG

No comments:

Post a Comment