Wednesday 6 January 2016

ပုသိမ်မြို့တွင် ကလေးခိုးသည့်သတင်းများသည် ကောလာဟလသာဖြစ်ဟု တာဝန်ရှိသူများဖြေရှင်း

ကလေးများခိုးယူခံရသည် ဆိုသည့် သတင်းများမှာ ကောလာ ဟလသတင်းများသာဖြစ်ပြီး ပြည် သူများအနေဖြင့် စိုးရိမ်ထိတ်လန့် ရန်မလိုကြောင်း ပုသိမ်မြို့နယ် အုပ်ချုပ်ရေးမှူးနှင့် မြို့နယ်ရဲတပ် ဖွဲ့မှူးတို့က ဇန်န၀ါရီ ၅ ရက်တွင် သတင်းစာရှင်းလင်းပွဲပြုလုပ်၍ ပြောကြားသည်။
‘‘ကလေးခိုးသွားတယ်။ ကလေးကိုချပြီး ထွက်ပြေးသွား တယ်ဆိုတဲ့သတင်းတွေထွက်ပေါ် လာတယ်။ လူတစ်ရာ၊ နှစ်ရာ လောက်ကလည်း တုတ်တွေကိုင် ပြီး လိုက်ရှာနေကြတယ်။ ရဲတပ် ဖွဲ့က သတင်းအမှန်ကို ချက်ချင်း စုံစမ်းတယ်။ ပြည်သူကိုဖြစ်တဲ့ ည တွင်းချင်းပဲ သတင်းအမှန်ကို ရှင်း ပြတယ်။ တွေ့ရင် ရိုက်မှာဆို တော့ ရာဇ၀တ်မှုတွေဖြစ်မှာစိုး တယ်။ အမှန်ကိုလည်း သိစေချင် တယ်’’ဟု ပုသိမ်မြို့နယ် ရဲတပ်ဖွဲ့ မှူး ရဲမှူးကျော်စိုးကပြောသည်။

ဇန်န၀ါရီ ၄ ရက် ည ၇ နာရီ ခန့်တွင် ပုသိမ်မြို့ ဘုရားကြီးကုန်း ကျေးရွာရှိ ကျန်ဆင်ဝပ်ဆန်စက် ၀င်းအတွင်း နေထိုင်သည့်အသက် (၁၂) နှစ်အရွယ် မမေသူက အိမ် နောက်ဘက်တွင် လူစိမ်းတစ်ဦး တွေ့မြင်ရကြောင်း မိခင်ဖြစ်သူ ဒေါ်နှင်းနှင်းအေးအား ပြောခဲ့ သည်။

ယင်းနောက် ၎င်း၏ဖခင် အိမ်ပြန်ရောက်လာသောအခါ အဆိုပါဖြစ်စဉ်ကို ပြောပြခဲ့ရာ ဖခင်ဖြစ်သူက အိမ်အနောက် ဘက်ငါးကန်များရှိရာသို့ ဆင်း သွားခဲ့သည်။

‘‘ကျွန်မအမျိုးသားက တစ် ယောက်တည်းသွားကြည့်တယ်။ ခဏနေတော့ ဘာမှမရှိပါဘူးဆို ပြီး ပြန်တက်လာတယ်။ လူတွေ လည်း ၀ိုင်းလာတယ်။ ခဏနေ တော့ ဟိုအနားတွေ့တယ်၊ ဒီအ နားတွေ့တယ်ဆိုတဲ့ သတင်းတွေ ထွက်လာတော့တာပဲ’’ဟု မမေသူ ၏ မိခင် ဒေါ်နှင်းနှင်းအေးကပြော သည်။

ကလေးခိုးသူကို တွေ့သည် ဆိုသည့် သတင်းသည် အဆိုပါ ကျေးရွာမှစတင်ကာ ဥမ္မာဒန္တီရပ် ကွက်၊ ပန်းဆက်ရပ်ကွက်၊ ပန်း တင်ရပ်ကွက်တို့တွင်သာမက ပုသိမ်တစ်မြို့လုံးရှိ ရပ်ကွက်များ သို့ ပျံ့နှံ့သွားခဲ့သည်။

အဆိုပါကောလာလဟ သ တင်းများထွက်ပေါ်လာမှုကြောင့် ပုသိမ်မြို့ရှိ ကျောင်းများသို့ မိဘ များကိုယ်တိုင် သွားရောက်ကြိုဆို ခဲ့ကြပြီး ကျောင်းများတွင်လည်း ကျောင်းချိန်အတွင်း လူစိမ်းများ မ၀င်ရောက်ရန် ဆရာ၊ ဆရာမ များကိုယ်တိုင် စောင့်ကြပ်နေ ကြောင်း တွေ့ရှိခဲ့ရသည်။

‘‘မိဘတွေကတော့ အရမ်း စိုးရိမ်နေတာကိုတွေ့ရတယ်။ မိဘတွေအနေနဲ့လည်း ဒီဖြစ်စဉ် တွေအပေါ်မှာသေချာဝေဖန်၊ဆန်း စစ်မှုတွေ လုပ်ဖို့ လိုအပ်တယ်။ ကလေးတွေကို မခြောက်လှန့်သင့် ဘူး။ ကလေးရဲ့စိတ်တွေကနုနယ် တော့ ဒီအချိန်မှာကြောက်လန့်ရင် ကြောက်စိတ်က တစ်သက်လုံးစွဲ သွားလိမ့်မယ်’’ဟုပုသိမ်မူလတန်း ကြိုကျောင်းမှ ကျောင်းအုပ်ဆရာ မကြီး ဒေါ်မြမြသိန်းကပြောသည်။

ယင်းကဲ့သို့ကလေးခိုးသည် ဆိုသည့် ကောလာဟလသတင်း နှင့် သဏ္ဌာန်တူသောဖြစ်စဉ်များ လက်ရှိအစိုးရ စတင်တာဝန်ယူ ချိန်ကလည်း ဖြစ်ပွားခဲ့ဖူးသည်။ ထိုစဉ်က မေ့ဆေးသရေကွင်းဖြင့် ပစ်ကာ အမျိုးသမီးများနှင့်ကလေး များကို လုယက်သည်ဆိုသည့် သတင်းများ ဧရာဝတီတိုင်းအတွင်း ထွက်ပေါ်ခဲ့ဖူးသည်။

7Day Daily

No comments:

Post a Comment