Thursday 13 September 2012

"အစိုးရဖြေ ရမည့် မေးခွန်း ၁ဝဝ ကျော် ပြည်သူ့ လွှတ်တော် တွင် ကျန်နေသေး"

ပထမအကြိမ် ပြည်သူ့ လွှတ် တော် စတုတ္ထ ပုံမှန် အစည်း အဝေး တွင် အစိုးရ အဖွဲ့မှ ဖြေရန် မေးခွန်း ၁၁၁ ခုနှင့် အဆို ၉ ခုကျန်ရှိ ကြောင်း ပြည်သူ့ လွှတ်တော်ဥက္ကဋ္ဌ သူရ ဦးရွှေမန်းက ပြောသည်။

''ကြယ်ပွင့်ပြ မေးခွန်း အနေဖြင့် ၅၅၅ ခုရှိသည့် အနက် အစိုးရရုံး အဖွဲ့ သို့ ပေးပို့ခဲ့ သည့် မေးခွန်း ၄၂၉ ခုရှိပါတယ်။ ၄င်းတို့အနက် အ သင့်ဖြစ်မေး ခွန်း ၁၃၄ ခု ဖြေကြားပြီး မေးခွန်း ၁၅၉ ခု အစိုးရ အဖွဲ့ရုံး မှ ရရန်ကျန်မေး ခွန်း ၁၁၁ ခုနဲ့ လွှတ်တော် မှ ဆောင်ရွက်ရန် မေးခွန်း တစ်ခု ဖြစ်ပါတယ်။ ကြယ်ပွင့် မပြ မေးခွန်း အနေနဲ့ မေးခွန်း အရေအတွက် စုစုပေါင်း ၄၄၄ ခု ရှိသည့် အနက် ဖြေကြားချက် ရရှိပြီး မေးခွန်း၂၆၆ ခုရှိပြီး အဖြေ မရရှိသေးေ သာမေးခွန်း ၁၅၉ ခုဖြစ်ပါတယ်'' ဟု ဥက္ကဋ္ဌက လွှတ်တော် တွင် ပြောကြား ခဲ့သည်။



ထို့အပြင် ယခုအစည်းအဝေး တွင် အဆိုအနေဖြင့် စုစုပေါင်း ၁ဝ၈ ခု ရှိပြီး ယင်း အဆိုများမှ အစိုး ရအဖွဲ့နှင့်သက်ဆိုင်သော အဆို ၉၆ ခုကိုပေး ပို့ခဲ့ကာ ဆောင်ရွက်ဆဲ အဆို ၂၈ ခုနှင့် တင်သွင်းရန် အသင့်ဖြစ် နေသော အဆို ၁၅ ခု ရှိနေကြောင်း၊ သို့သော် အစိုးရအဖွဲ့မှ ပြန်လည်ပေးပို့ရန်ကျန်နေ

 သော အဆိုမှာ ၉ ခုရှိနေ သေးကြောင်း သိရသည်။ ဥပဒေကြမ်း များ တွင် တတိယ အကြိမ် ပုံမှန် အစည်းအဝေး မှ မပြီးပြတ်ဘဲ ကျန်ရှိနေ ခဲ့သော ဥပဒေကြမ်း ၈ ခု၊ ယခု အစည်း အဝေး တွင် တင်သွင်း ထားသော ဥပဒေ ကြမ်း ၁၁ ခု၊ အမျိုးသား လွှတ်တော်မှ ဆွေးနွေးပြီး ပေးပို့လာသော ဥပဒေကြမ်း ၁၂ ခုနှင့် အမျိုးသား လွှတ်တော် မှ ပြန်လည် တောင်းယူ ၍ ဆွေးနွေးနေသော ဥပဒေကြမ်း ၁ ခုရှိနေသေးကြောင်း သိရသည်။

''လွှတ်တော်မှာ ဆွေးနွေးနေ တဲ့ အဆိုတွေ၊ မေးခွန်းတွေနဲ့ ဥပဒေ ကြမ်းတွေ က အစိုးရ အဖွဲ့က လာပြီး မဖြေသေး တာတွေ ရှိနေ လို့ပါ။ အ သင့် မဖြစ်သေး တာလည်း ပါမှာပေါ့။ ဒီအစည်းအဝေး မှာ ပြန်ကြားရေးက ဒုဝန်ကြီး ဦးရဲထွဋ်က စက်တင်ဘာ ၁ဝ ရက်မှာမှ ဖြေ ပေးပါ့မယ် ဆိုပြီး ပြော သွားတာ။ ဒါပေမဲ့ အစည်းအဝေးက နားလိုက် ပြီဆိုတဲ့ ဟာမျိုးတွေလည်း ရှိနေသေး တာကိုး။ ဥပဒေကြမ်းတွေ ကျတော့ ညှိနှိုင်း ရမယ့် ကိစ္စတွေ ဆို တော့ ကြာနေ တာလည်း ပါပါတယ်'' ဟု ဒီချုပ်ကိုယ်စားလှယ် ဦးမင်း သူက အစည်း အဝေး ဆွေးနွေး ချက် များနှင့် စပ်လျဉ်း ၍ပြောသည်။

လက်ရှိ အစည်း အဝေး ပြီး ဆုံးချိန်တွင် ပြည်ထောင်စု လွှတ်တော်သို့ အတည်ပြုရန် ပေးပို့ ထားသော ဥပဒေကြမ်းနှင့် ကိုယ် စားလှယ် က တင် သွင်းပြီး သက်ဆိုင်ရာ ဌာနနှင့် အဖွဲ့အစည်း များ နှင့်တစ်ပေါင်း တည်းေ ဆွးနွေး ရန် ကျန်ရှိနေသော ဥပဒေ များလည်း ရှိကြောင်း၊ ဆက် လက်ေ ဆွးနွေးခြင်း မပြုဘဲ အသစ်ပြန် လည်ရေးဆွဲရန် ကျန်ရှိသော ဥပဒေကြမ်း တစ်ခုရှိ နေပြီး ပြည်သူ့ လွှတ်တော် မှဆွေးနွေး ရန် ဆောင်ရွက်ဆဲ ဥပဒေ ကြမ်း စုစု ပေါင်း ၂၃ခုရှိကြောင်း သိရ သည်။ ပထမ အကြိမ် ပြည်သူ့ လွှတ် တော် စတုတ္ထ ပုံမှန် အစည်း အဝေးကို နှစ်လ အကြာ ကျင်းပခဲ့ပြီး ယခု လ ၆ ရက် တွင် ပြီးဆုံး ခဲ့သည်။ ပဉ္စမပုံ မှန် အစည်း အဝေးကို မူ အော က်တိုဘာ တတိယ အပတ်တွင် ပြန်လည် ကျင်းပ သွားမည်ဟု သိရ သည်။

ref:popular

No comments:

Post a Comment