Thursday 13 September 2012

ပုသိမ်သတင်းစာရှင်းလင်းပွဲ အဖွဲ့ချုပ်အတွင်း စိတ်ဝမ်းကွဲစေရန် ရည်ရွယ်ဟု NLD ထုထ်ပြန်

ပုသိမ်မြို့တွင် NLD အဖွဲ့ဝင်အချို့၏ သြဂုတ် ၂၅ ရက်က ကျင်းပခဲ့သော သတင်းစာရှင်းလင်းပွဲ သည် အဖွဲ့ချုပ်အတွင်း စိတ်ဝမ်းကွဲစေရန် ရည်ရွယ်လုပ်ဆောင်သည်ဟု သတ်မှတ်ကြောင်း NLD ဗဟို ညီလာခံကျင်းပရေးကော်မရှင်က ကြေငြာသည်။

ယခုလ ၁၂ ရက်နေ့ တွင်ကျင်းပသော ဗဟိုညီလာခံကျင်းပရေးကော်မရှင်အစည်းအဝေးဆုံးဖြတ်ချက်အရ NLD မှ အချက် ၃ ချက်ပါ ကြေငြာချက်တစ်စောင်ကို ထုတ်ပြန်ရာတွင် ၎င်းအချက်ကိုထည့် သွင်းဖော်ပြ ထားသည်

ယင်းကြေငြာချက်တွင် ပုသိမ်သတင်းစာရှင်းလင်းပွဲသည် အဖွဲ့ချုပ်မှ သဘောတူညီမှုမရှိဘဲ ပြုလုပ်ခဲ့သည် ဟုဆိုသည်။ထို့အပြင် သတင်းစာရှင်းလင်းပွဲကို ဦးစီးဆောင်ရွက်ခဲ့သူများဖြစ်သည့် ဦးညွန့်လှိုင်၊ဒေါက်တာ သန်းထိုက် နှင့် ဦးသန်းဝင်း တို့ကို NLD အဖွဲ့ ၀င်အဖြစ်မှ ဗဟိုညီလာခံကျင်းပချိန်အထိ ရပ်ဆိုင်းထားလိုက် သည်ဟု ဖော်ပြပါရှိသည်။
 
ref:popular

No comments:

Post a Comment