Thursday 13 September 2012

ရှင်းနေတာကို ရှုပ်အောင်လုပ်တဲ. မိုးသီးဇွန်



၂၀၁၂ စက်တင်ဘာ ၁၀ ရက်နေ.ထုတ် Messenger ဂျာနယ် ( Vol 3, No.16 )
မှာပါတဲ." ကိုမိုးသီးဇွန်နှင်.တွေ.ဆုံမေးမြန်းခြင်း " အင်တာဗျူးမှာ မိုးသီးဇွန်ဖြေထား  တဲ.အထဲမှာ ငြင်းအခုန်ဖြစ်စရာ ၊မေးခွန်းထုတ်စရာတွေတော်တော်ပါပါတယ် ။
နိုင်ငံရေးကိစ္စတွေ ၊ ADSDF ကိစ္စတွေ၊ တောခိုကျောင်းသား အချင်းချင်း သတ်ကြဖြတ်ကြတဲ.ကိစ္စ တွေ နဲ့ ပတ်သက်ပြီးကိုယ်တိုင်ကြုံခဲ. သူ ကာယကံရှင်တွေကဖွင်. ဖော်ပြောကြားလာပြီမို.
ပတ်သက်သက်ဆိုင်သူတွေဟာ တရားရုံး မှာ မလွဲမသွေ အနှေးနဲ.အမြန်ရင်ဆိုင်ဖြေရှင်း ကြရတော.မှာမို. စာဖတ်ပရိသတ်တစ်ရောက်အနေနဲ. ဘာမှဝင်ပြီးပြောစရာမရှိပါဘူး ။


ဒါပေမယ်. အင်တာဗျူးထဲမှာ မိုးသီးဇွန်က လူတတ်ကြီးလုပ်ပြီး ရခိုင်အရေးမှာမြန်မာပြည်သူပြည်သားတွေ အားလုံးကိုရော ၊ မြန်မာပြည်တွင်းကဂျာနယ်လစ်တွေကိုရော ၊ ရခိုင်တိုင်းရင်းသားတွေအပေါ်မှာ ရော အပေါ်စီးကနေရင်.ရင်.သီးသီး ပြောလာတာကတော. ဘယ်လိုမှ သီးခံနိုင်စရာမရှိပါဘူး ။
ရခိုင်ပြည်နယ်မှာ ဖြစ်ပွားခဲ.တဲ. အရေးအခင်းဟာ အထိအခိုက်မခံတဲ. ထိလွယ်ရှလွယ်ကိစ္စ တစ်ခုမို. သမ္မတကြီး ကိုယ်တိုင်က ပြည်သူလူထုလေးစားယုံကြည်ရတဲ.သူတွေနဲ. စုံစမ်းရေးကော် မရှင်ဖွဲ.ပြီး ဆောင်ရွက်နေတဲ.အချိန်မှာ ၂၄ နှစ်လုံးလုံး မြန်မာနိုင်ငံပြင်ပမှာ နေခဲ.သူတစ်ယောက်အနေနဲ.
သတင်းအရင်းအမြစ်တွေကိုရော ၊ သမိုင်းကြောင်းကိုရော ၊ပြည်တွင်းမှာဖြစ်နေတာ ကိုရော ထဲထဲ ၀င်ဝင် မလေ.လာမသိရှိပဲ ထင်မိထင်ရာတွေကိုပညာရှိလိုလိုနဲ.၀င်ပြီးသုံးသပ်ပြတာ အရုပ်ဆိုးလွန်းပါတယ်။

အင်တာဗျူးထဲမှာသူပြောထားတာက

"ရိုဟင်ဂျာက သူ.ဘာသာ Claim လုပ်တယ် ။သူ.ဘာသာသူ Claim လုပ်တာပဲ ဖြစ်မယ်
။လွှတ်တော်ကဆုံးဖြတ်တာရှိတာမှမဟုတ်တာ ။အဲဒါကိုဘာလို.ဆဲနေကြတာလဲဒီမိုကရေစီကိုယုံကြည်ရင် ဘယ်လွှတ်တော်ပဲဖြစ်ဖြစ်ဆုံးဖြတ်ချက်ကိုလိုက်နာရမှာပဲ ။အခုလူတွေတော်တော်များများက
ရိုဟင်ဂျာပဲဖြစ်ဖြစ် သူတို.က ဘယ်သူ.ကို အကျယ်ဆုံးဆဲသလဲ။ဒါကတကယ်.အဖြေမှမဟုတ်တာ "

မိုးသီးဇွန်ပြောသလို မြန်မာပြည်သူပြည်သားတွေက ဘယ်သူ.ကိုမှအားအားလျားလျား  ဆဲမနေကြပါ ။ အပနာမ ပြောမနေကြပါ ။ သူပြောသည်.ပုံစံကရိုဟင်ဂျာ သည် မြန်မာ နိုင်ငံသား တိုင်းရင်းသား တစ်မျိုးဖြစ်သည်လို.လွှတ်တော်ကမကြေငြာ မချင်း ဘာမှ အရေးတယူပြောဆိုနေကြဖို.မလို ။(သူ.လိုပဲ )
အေးအေးသက်သာ နေကြ စားကြပါလို. သွန်သင်နေဟန်ရှိသည် ။ မြန်မာနိုင်ငံ၏
အနောက်ဖက်တံခါးကျိုးပျက်သွားပြီး တစ်နိုင်ငံ လုံး ရေရှည်တွင်ဒုက္ခရောက်သွား နိုင်သည်.ကိစ္စ ကို နားမလည် နိုင်သောမိုးသီးဇွန်လိုပုဂ္ဂိုလ်မျိုး၏ ဥာဏ် အဆင်.အတန်းကိုအံ.သြမိပါသည် ။ ၁၉၄၂ ခု၌
ဘူးသီးတောင်တွင် မူဆလင်မိသားစု ၁၄ စု ( လူဦးရေ ၁၀၀ ) ခန်.သာ ရှိပြီး ၊
၂၀၀၉ တွင် ဘင်္ဂလီ လူဦးရေသည် ဘူးသီးတောင်၌ ၂၈၀,၀၀၀(နှစ်သိန်းရှစ်သောင်း) ၊
ရခိုင်လူဦးရေ ၅၁၀၀၀ ( ငါးသောင်းတစ်ထောင် )သာ ရှိတော.သည်ကိုမှတ်တမ်းမှတ်ရာများနှင်.   ကျွမ်းကျင်သူများ က လေ.လာသုတေသနပြုထားသည်ကိုမိုးသီးဇွန်သိပါသလား ။   ယခုအခါ မောင်တော ဒေသတွင် ဘင်္ဂလီ ၉၄ % ၊ရခိုင်လူဦးရေ ၆% သာ ရှိတော.  သည် ကို မိုးသီးဇွန်သိပါသလား ။ ဤမျိုးပွားနှုန်း ( ခိုးဝင်ပုံမျိုး) နှင်.ဆိုလျှင် နောင်အနှစ် ၅၀ တွင်
ထိုဒေသတွင် ရခိုင်လူမျိုးလုံးဝပျောက်ကွယ်သွားပေလိမ်.မည် ဆိုတာလောက်တော.
ထမင်းစားသူမှန်လျှင်သိဖို.ကောင်းပါသည် ။

ွှဤ မျှနှင်.မပြီးသေးပါ ။ မိုးသီးဇွန်ကပြောပြန်ပါသည် ။
"စတုတ္ထမဏ္ဍိုင်ကိုက  Virus ဖြစ်နေတယ်ဗျာ ။ သတင်းစာတွေအများကြီးဖြစ်လာပြီး
လွတ်လပ်လာပြီဆိုတော.မှ အခြားလူမျိုးတစ်မျိုးကို ဖိနှိပ်ဖို.က Ethically
ကလက်မခံနိုင်တာပဲ ။မဲမပေးရင်နေ၊ မထောက်ခံရင်နေ ၊ ခေါင်းဆောင်မဖြစ်ရင်နေ ၊
ဒါကျင်.၀တ်အရကိုကမ္ဘာကြီးကလက်ခံမှာ မဟုတ်ဘူး ဒါကိုကျွန်တော်ပြောပါရစေ၊
ကမ္ဘာကြီးမှာ ဗမာတစ်စုတည်းနေတာမဟုတ်ဘူး "

သူပြောပုံအရဆိုလျှင် မြန်မာပြည်သူပြည်သား အားလုံးနှင်. ၊ ဂျာနယ်လစ် ၊
သတင်းစာဆရာ ၊ နိုင်ငံရေး သမားအားလုံးက လူမျိုးတစ်မျိုးကို မတရား
ဝိုင်းဝန်းနှိပ်စက်နေကြသယောင်ဖြစ်သည် ။ တကယ်.အ
ဖြစ်အပျက်နှင်.တော.ပြောင်းပြန်ဖြစ်သည် ။ မည်သူက
မည်သူတွေကိုနှိပ်စက်နေသနည်း ။ မည်သူ ကမည်သူ. ကို
အကြမ်းဖက်တိုက်ခိုက်နေသနည်း ဆိုတာ ကို အထူးအထွေရှင်းမပြတော.ပါ ။
မိုးသီးဇွန်လဲ မြန်မာပြည်ရောက်နေခိုက်ဖြစ်၍ ရခိုင်ပြည်နယ် သို.
ကိုယ်တိုင်ကိုယ်ကျသွားကြည်. ပြီးမှ ဤ စကားကို ပြောစေလိုပါသည် ။
သက်ဆိုင်ရာမှ တရားဝင်ထုတ်ပြန်သောစာရင်းအရ ရခိုင်အရေးအခင်းတွင်
သေဆုံးသူပေါင်း ၈၈ ယောက်အနက် ရခိုင်တိုင်းရင်းသား ( ၃၁ ဦး) ၊
မိုးသီးဇွန်တို.က ရိုဟင်ဂျာဟုခေါ်သော ဘင်္ဂလီ လူမျိုး ( ၅၇ ဦး) ။
မီးရှို.ခံရသော အိမ် ၄၈၂၂ လုံးအနက် ဗလီ (၁၇)လုံး ၊ ဘုန်းတော်ကြီးကျောင်း
(၁၄)လုံး ၊အစိုးရ စာသင်ကျောင်း (၃) ကျောင်း မီးလောင်ပျက်စီး ကြောင်း
စာရင်းဇယားများအရ ဤဖြစ်စဉ်တွင် မိုးသီးဇွန် စွပ်စွဲသလို
လူမျိုးတစ်မျိုးကို အဓမ္မ ဖိနှိပ်နေခြင်းဟုတ်မဟုတ် ချင်.တွက်စေလိုပါသည်။
ထိုသို. အမှန်အတိုင်းဝင်၍ ရေးနေပြောနေကြသူများမှာလည်း
ခေါင်းဆောင်ဖြစ်ချင်၍ ၊ ရွေးကောက်ပွဲတွင်မဲလိုချင်၍
ဝင်ပြောနေကြသူများမဟုတ်ကြပါ

နောက်တစ်ခါလာပါသေးသည်။ မိုးသီးဇွန်ကပင်ဆက်လက်၍
"ဒီ Issue ကို Awareness အဖြစ်ဆုံးက မီဒီယာရယ် ၊ဒီမိုကရေစီ အင်အားစုတွေ
Confuse ဖြစ်နေတယ် ။ကင်တာနား Message ကို Confuse ဖြစ်နေတာ ။ အင်္ဂလိပ်လို
နားမလည်တာလားမသိဘူး "

မြန်မာစကားတစ်ခွန်းပြောရာတွင်ပင် မလိုအပ်ပဲ အင်္ဂလိပ်စကားလုံး ၎
လုံးထည်.သုံးသော မိုးသီးဇွန်သည် သူ.ကိုယ်သူ သိပ်အထင်ကြီးကာ
မြန်မာနိုင်ငံသားများကိုနှိမ်လိုက်ပြန်သည် ။ မြန်မာနိုင်ငံသားများထဲတွင်
ယောအတွင်းဝန်ဦးဘိုးလှိုင်တို.မှ စကာ ဗိုလ်ချုပ်အောင်ဆန်း ၊ ဦးသန်. တို.
အလည် ၊ ယနေ.ခေတ် ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုကိုကြီးတို. အဆုံး
၊ မျိုးဆက်သစ်ဂျာနယ်လစ်များထဲမှာပါ အင်္ဂလိပ်လို ကျွမ်းကျွမ်းကျင်ကျင်
တတ်မြောက်သူတွေ အများကြီးရှိပါသည် ။ ပုဂ္ဂိုလ်ရေးအရပြောရလျှင် ကျွန်တော်
သည် မိုးသီးဇွန်လို နယူးယောက်တွင်မနေဖူး ၊ အမေရိကန်ပြည်ထောင်စု
နယ်စပ်သို.မျှပင်မရောက်ဖူးပါ ။ သို.သော် လိုအပ်ပါက
မိုးသီးဇွန်နှင်.တွေ.ဆုံ ကာ မြန်မာလို တစ်ခွန်းပြောလျှင် လက်ဖြတ်ကြေး
လောင်းကြေးစားကြေးဖြင်. ရက်အကန်.အသတ်မရှိ အင်္ဂလိပ်စကားပြောချင်ပါသည် ။
မိုးသီးဇွန်ကထပ်ကွန်.ပြန်သည်မှာ

" အထဲရောက်ပြီးသား မျိုးဆက် သုံးလေးငါးဆက်ဆိုရင် နိုင်ငံသားပေးရမယ် ။ သူ
(ကင်တားနား) ဆိုလိုတာက အထဲရောက်ပြီးသား နိုင်ငံသား သုံးလေးငါးဆက်ဆိုရင်
မျိုးဆက်ပေးကိုပေးရမယ်။အဲဒိလိုမှမပေးရင်
မြန်မာအစိုးရပြဿနာတက်မယ်။မြန်မာပြည်သူတွေလည်းထပ်ပြသနာတက်မယ် ။
ကျွန်တော်ကကမ္ဘာကိုပါတ်ပြီး ထွက်လာတဲ.သူ
အနေနဲ. အကြံပေးတာ "
မစ္စတာ ကန်တားနား ပြောသည်ကို မြန်မာတွေနားမလည်၍ ကန်.ကွက်နေသည်. ပုံစံမျိုး
ပြောလာသဖြင်. ၄.၈.၂၀၁၂ နေ.ကရန်ကုန်လေဆိပ်ဝယ် သတင်းစာရှင်းလင်းပွဲ၌
သောမတ်စ် ကန်တားနားပြောသွားသော မိန်.ခွန်းမူရင်းကိုရှာ ကြည်.ရာ ဤ
သို.တွေ.ရပါသည် ။

" In this respect, I have, throughout my mandate, consistently
highlighted concerns regarding systematic discrimination against the
Rohingya community. Such concerns include the denial of citizenship
or legal status to Rohingyas, restrictions on their freedom of
movement, marriage restrictions, and other discriminatory policies. I
hope that steps will be taken to address these issues, including a
review of the 1982 Citizenship Act to ensure that it is in line with
international human rights standards. "

ကန်တားနားပြောသမျှတွင် မိုးသီးဇွန် ကိုယ်ထင်ရာတွေ လျှောက်ပြောသလို
မျိုးဆက် လေးဆက်ဆိုတာလည်းမပါပါ ။သုံးဆက်ဆိုတာလည်းမပါပါ။
တစ်ဆက်ဆိုတာလည်းမပါပါ ။ ၁၉၈၂ နိုင်ငံသားဥပဒေကို ပြန်ပြီးသုံးသပ်ဖို.
ကိုသာ အကြံပေးသွားပါသည် ။ တကယ်တော. ယခု ရခိုင်တွင်ဖြစ်နေသောပြဿနာမှ
မြန်မာပြည်မှာ အနေကြာပြီး မျိုးဆက်သုံးလေးဆက်ရှိနေပြီဖြစ်သည်. သူများ
၏ပြဿနာ မဟုတ်ပါ ။ မနေ.တစ်နေ.က မှ မြန်မာပြည်နယ်စပ်ကို
တဖြည်းဖြည်းခိုးဝင်ကာ ယာရှင်ကိုမျောက်နှင်သော ဘင်္ဂလီ ကျူးကျော်သူများ၏
ပြဿနာသာဖြစ်ပါသည် ။ ဘိုးစဉ်ဘောင်ဆက် မြန်မာပြည်မှာနေကာ
နိုင်ငံသားအဆင်.ရနေကြသူများကို ကြည်.လိုလျှင် ခပ်ဝေးဝေးမသွားပါနှင်.
ရန်ကုန်မြို. ရွှေဘုံသာလမ်းတစ်ဝိုက်နှင်. ၊ ဆူးလေ ဘုရားအနီး ဘင်္ဂလီ
ဆွန်နီဂျာမေ ဗလီတစ်ဝိုက်မှ လူမျိုးခြားများကိုသာ
မှတ်ပုံတင်တောင်းကြည်.လိုက်ပါ ။
ပန်းရောင်နိုင်ငံသားစိစစ်ရေးကဒ်ပြားထုတ်ပြကြပါလိမ်.မည် ။ မဟုတ်တာကို
လူတတ်ကြီးလုပ်ကာ မိုးသီးဇွန် အနေဖြင်. အရမ်းဘာသာမပြန်သင်.ပါ ( ကန်တားနား၏
အဂ်လိပ်ဘာသာ မိန်.ခွန်းအပြည်.အစုံကို
http://unic.un.org/imucms/yangon/80/110/home.aspx ၌မိုးသီးဇွန်
လေ.လာနိုင် ပါသည် )

တစ်ဖန် မိုးသီးဇွန် တို.ရှုတ်ချပြောဆိုနေသော ၁၉၈၂ မြန်မာနိုင်ငံသားဥပဒေ
သည် တကယ် ဆိုးရွားနေသလားဟုရှာဖွေလေ.လာကြည်.ရာ " ၁၉၈၂ ခုနှစ်
ပြည်သူ.လွှတ်တော် ဥပဒေအမှတ် ၄ ၊ အခန်း(၂) နိုင်ငံသားဖြစ်ခြင်းကဏ္ဍ၌
မြန်မာနိုင်ငံ အတွင်း နှစ်ကာလ ရှည်ကြာစွာရောက်ရှိနေထိုင်နေကြသော
ဧည်.နိုင်ငံသားများ တရားဝင် မြန်မာနိုင်ငံသားဖြစ်ခွင်.ကို
လုံလုံလောက်ခွင်.ပြုထားပြီးဖြစ်ကြောင်း အောက်ပါအတိုင်းတွေ.ရပါသည် ။

ပြည်ထောင်စုဆိုရှယ်လစ်သမ္မတ မြန်မာနိုင်ငံတော် မြန်မာနိုင်ငံသားဥပဒေ (
၁၉၈၂ ခုနှစ် ပြည်သူ.လွှတ်တော် ဥပဒေအမှတ် ၄ )

အခန်း (၂ ) နိုင်ငံသားဖြစ်ခြင်း

၃။ နိုင်ငံတော်တွင်ပါဝင်သောနယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်

၃။ နိုင်ငံတော်တွင်ပါဝင်သောနယ်မြေတစ်ခုခု၌ မြန်မာသက္ကရာဇ် ၁၁၈၅ ခုနှစ်

ယနေ. ဆက်လက်ပို.ပါမည်
သရ၀ဏ် (ပြည် )
၁၂.၉.၂၀၁၂


ref:FB 

No comments:

Post a Comment