Thursday 13 September 2012

Japan Products Expo & Comic Party 2012 အခမ်းအနား မိတ်ဆက်ပွဲ အခမ်း အနား ကျင်းပ

 Japan Products Expo & Comic Party 2012 အခမ်းအနား မိတ်ဆက်ပွဲ အခမ်း အနားကို ယနေ့ စက်တင်ဘာလ ၁၃ ရက် မနက်ပိုင်းက Sedona Hotel ရန်ကုန် တွင် ပြုလုပ်ခဲ့ပါတယ်။ ဂျပန်ထုတ်ကုန် များကို ပြသမယ့် အဆိုပါပွဲကို အောက်တိုဘာလ ၅ ရက်နေ့ကနေ ၈ ရက်နေ့ အထိ တပ်အတော်ခန်းမ မှာ ပြုလုပ်ဖို့ စီစဉ်ထားတယ်လို့ သိရပါတယ်။ အဆိုပါပွဲကို Myanmar Proffessional Services Co., Ltd က စီစဉ်ကျင်းပမှာ ဖြစ်ပြီး Japan Expo အနေနဲ့ တတိယ အကြိမ်မြောက်ျကင်းပါခြင်း ဖြစ်ပါတယ်။ အဆိုပါပွဲမှာ ဂျပန်ထုတ်ကုန်မှားကို အဓိကထား ပြသမှာ ဖြစ်ပြီး Panasonic, Yamaha, Nipro, Hitachi အစရှိတဲ့ ထုတ်ကုန်များကို ပြသမှာ ဖြစ်ပါတယ်။

ဖျော်ဖြေရေး အစီအစဉ်များလဲ စီစဉ်ထားရှိပြီး အထူး အစီအစဉ်အနေနဲ့ ဂျပန် နှင့် ထိုင်း တို့မှ Cosplayers ဖက်ရှင်များလဲ ပြသကြမြှ ဖြစ်ပါတယ်။ Cosplayers များဟာ ဂျပန် မှာ ခေတ်စားနေတဲ့ Manga ခေါ် ကာတွန်း ရုပ်ပြစာအုပ် များထဲမှ ဇာတ်ကောင် များအတိုင်း ဝတ်စားဆင်ယင် ပြသမှာ ဖြစ်ပါတယ်။ ဂျပန်နိုင်ငံမှာ ကျော်ကြားတဲ့ cosplayer Ms. ENAKO လဲ ပြပွဲကာလ အတွင်း လာရောက် Cosplay ပြသမယ်လို့ ဆိုပါတယ်။ 
 
 ref:CJ Myanmar

No comments:

Post a Comment