မိုးသီးဇွန်ရဲ့ သတင်းစာရှင်းလင်းပွဲကို ရောက်ပြီးတဲ့နောက်၊ ဒေါက်တာနိုင်အောင်နဲ့ အင်တာဗျူးပြီး တဲ့နောက်မှာ မြောက်ပိုင်းကိစ္စအတွက် ကျမ ဆက်မေးမှ ရတော့မယ်ဆိုတာ နားလည်ခဲ့ပါတယ်။
အထူးသဖြင့် မြောက်ပိုင်းကိစ္စတွေကို အနီးစပ်ဆုံးသိနိုင်တဲ့သူတွေ
ကိုညိုအုန်းမြင့်ရဲ့ အမေအိမ်ကို ကျမတို့မြစ်မခ သတင်းထောက် ကျော်ဇင်မန်းရယ်၊ ငြိမ်းချမ်းရယ် နံနက် ၉နာရီ မထိုးမီမှာပဲ ထွက်လာခဲ့ကြတယ်။
မိုးဖွဲဖွဲတွေကျနေတဲ့ အချိန် FMI City ရောက်တော့ ခြံဝင်းဝက ခေါင်းလောင်းလေးကို ကျမ ခပ်လှုပ် လိုက်တယ်။
အပြာစင်းတွေပါတဲ့ ရှပ်အကျီာင်္လက်ရှည်နဲ့ ဂျင်းဘောင်ဘီအပြာရောင် တွဲဝတ်ထားတဲ့ ခပ်၀၀နဲ့ အမျိုးသားတဦးက ပြေးလာပြီး ခြံဝင်းတံခါးကို လာဖွင့်ပေးတယ်။
အဲဒီလူဟာ အများက ညိုညိုလို့ ခေါ်တဲ့ ကိုညိုအုန်းမြင့်ပါပဲ။ ဆံပင်တိုတို၊ ရှပ်အကျီာင်္အဖြူပေါ်မှာ အပြာစင်းကို တံတောင်ဆစ်နားထိ မရောက်တရောက်ခေါက်တင် ၀တ်ထားတဲ့ သူက ကျမကို ပြုံးပြနှုတ်ဆက်ပါတယ်။
`“facebook ထဲမှာတော့ တွေ့ဖူးတယ်၊ လူချင်းတော့ ခုမှ တွေ့ဖူးတယ်“လို့ ကိုညိုအုန်းမြင့်က ပြုံးရင်း ပြောပါတယ်။
ကျမကလည်း ကိုညိုအုန်းမြင့်တို့ မြန်မာပြည်ကို ပြန်လာတဲ့နေ့က ကျမတို့မြစ်မခသတင်းထောက်တွေ
ဧည့်ခန်းထဲမှာ ၀င်ထိုင်ပြီးတော့ ကျမအနေနဲ့ မေးချင်တဲ့ သိချင်တဲ့ အကြောင်းတွေပြောပြရင်း ဗီဒီယိုမှတ်တမ်းယူဖို့ကိုလည
အပြင်မှာ မိုးအုံ့နေတဲ့အတွက် အိမ်ခန်းထဲမှာ ဗီဒီယိုရိုက်ရလောက်အောင် အလင်းရောင် မကောင်းပါဘူး။ ကိုညိုအုန်းမြင့်က အလင်းရောင်ရအောင် မီးတွေလိုက်ဖွင့်ပေးတယ်၊ အသံလုံအောင်လည်း ဖွင့်ထားတဲ့ ပြတင်းပေါက်တွေကို ကိုယ်တိုင်ထပြီး ပိတ်ပေးတယ်။
မေး။ ။ အကိုရဲ့ နိုင်ငံရေးBackgroundလေးကပဲ
ဖြေ။ ။၁၉၈၈တုန်းက ကျနော် ကရန်ကုန်တက္ကသိုလ်လ်၊ သမိုင်းဋ္ဌာနက ဆရာပါ၊ နည်းပြဆရာပါ။ ပင်မပေါ့။ အရေးအခင်းဖြစ်တဲ့အခါကြတော့ အဲဒီတုန်းက ဘာခေါ်မလဲ ဆရာသမဂ္ဂလည်း ပါတယ်ပေါ့။ ဒေါ်အောင်ဆန်းစုကြည်ဆီကိုလည်
အဲဒီတုန်းက စစ်အစိုးရကို တော်လှန်တဲ့အချိန်မှာ ကျနော့်ရဲ့ ဆုံးဖြတ်ချက်က တိုင်းရင်းသားတွေနဲ့ ပိုပြီးတော့ ရင်းရင်းနှီးနှီးရှိချင်တယ်
အရင်တုန်းကတော့ ကျနော် နိုင်ငံရေးလှုပ်ရှားမှု ဘာမှ မရှိဘူး၊ အတွေ့အကြုံလည်း မရှိဘူး၊ နိုင်ငံရေး မိသားစုကလည်း ပေါက်ဖွားလာတာ မရှိဘူး။အမေရော အဖေရောက အစိုးရ၀န်ထမ်းတွေပါ။ ဒါပေမဲ့ လုပ်သင့်လုပ်ထိုက်တယ် ထင်လို့ ကျနော်ပါလာခဲ့တာပါ။ အဲဒါကတော့ ကျနော့်အယူအဆပေါ့။
ခပ်ဖြေးဖြေး အေးအေးနဲ့စကားကို ပီပီသသနဲ့ ပြောတတ်ပေမဲ့ တခါတရံမှာတော့ စကားသံလုံးနေတတ်တာ သတိထားမိပါတယ်။
မေး။ ။အကိုတို့က ၈၈ ပြီးတော့၊တောခိုတဲ့ နေရာမှာ ဘယ်ဘက်ကို ထွက်ခဲ့တာပါလဲရှင့်။
ဖြေ။ ။ကျနော်က ၈၈ မှာ မထွက်ပါဘူး ခင်ဗျာ၊ ၈၉ မှာ ထွက်တာပါ။ ကျနော်အရင်တုန်းက ဒေါ်အောင်ဆန်းစုကြည်ရဲ့ အနီးကပ် ၊ အရင်တုန်းက သူ့ရဲ့ ပြောရေး ဆိုခွင့်ရှိသူပေါ့နော်။ ရုံးအဖွဲ့တွေ မလုပ်ခင်ကပေါ့၊နောက်ပိုင်းေ
မေး။ ။ အကိုကလေ ဒေါ်အောင်ဆန်းစုကြည်နားမှာ နေခွင့်ရခဲ့တယ်ဆိုတော့လေ ဘာကြောင့်တော ခိုဖြစ်ခဲ့တာပါ
ဖြေ။ ။ ဘာကြောင့်တောခိုဖြစ်တာလဲ ဆိုတော့လေ။ ဒေါ်အောင်ဆန်းစုကြည်ကတော့ အကြမ်းမဖက်တဲ့ လမ်းစဉ်ပေါ့နော်။ ဒါပေမဲ့ ရှင်းရှင်းပြောရရင် ကျနော်ရဲ့ ယုံကြည်ချက်က ဖိအားဆိုတာက တခုတည်းဖိ လို့မ ရဘူးပေါ့နော်
မေး။ ။အကိုက သမိုင်းဆရာလည်းဖြစ်တယ် ၁၉၈၉မှာလည်း တောခိုခဲ့တော့ လက်နက်ကိုင်ပြီး တိုက်ပွဲဝင်တဲ့ အဖွဲ့တွေနဲ့ရော သဟဇာတ ဖြစ်ပါသလားရှင့်။
ဖြေ။ ။ကျနော်ကတော့ လက်နက်ကိုင်ပြီး တိုက်ပွဲတော့ မ၀င်ခဲ့ပါဘူး။ ABSDF လည်း ကျနော် မလုပ်ပါဘူး။ ဒါပေမဲ့ အဲဒီအချိန်က ABSDF ခေါင်းဆောင်တွေပေါ့နော် ဒေါက်တာနိုင်အောင် ဆိုရင်လည်း ငယ်ငယ်တည်းက ကျောင်းနေဖက်၊ ဒါပေမဲ့ သူက တတန်းကြီးပါတယ်။ ကိုမိုးသီးကလည်း ဒီဘက်မှာ သိသွားတယ်ပေါ့နော်။ သိသွားတော့ ကျနော်တို့ရဲ့ စိုးရိမ်ချက်က အဲဒီအချိန်တုန်းကလည်း ကိုမိုးသီးက NLD ပေါ်မှာ အမြင်သဘောထားတွေ မရှင်းခဲ့ဖူးပေါ့နော်။ မရှင်းခဲ့တော့ ကျနော်တို့အနေနဲ့ မှားသွားမဲ့ သတင်းစကား စိုးရိမ်တယ်၊နောက်တခုက အဲဒီအချိန်က ကိုသန်းလွင်ထွန်းပေါ့နော်၊ သူတို့ကလည်း ရှိနေတယ်။ အဲဒီတော့ ကျနော်တို့ပူးပေါင်းပြီးတော
မေး။ ။ ကျမအနေနဲ့ ရှေ့က အကိုတို့ရဲ့ သမိုင်းတွေကို သေချာမသိပါဘူး၊ခုလို အချိန်ရောက်မှ အကိုတို့ ရဲ့ နောက်ခံသမိုင်းကြောင်းတွေကိ
ဖြေ။ ။ ဟုတ်ကဲ့ ဒီလိုပါ ခင်ဗျ၊ ကျနော် ဒီဘက်ကို တောခိုလာတဲ့အခါကျတော့ DAB ဆိုတာ ဒီမိုခရက်တစ် တပ်ပေါင်းစု တခုပါ။ အဲဒီတုန်းကတော့ အကြီးဆုံးပါ။ မာနယ်ပလောမှာ အခြေစိုက်ပါတယ်။ အဲတော့ ကျနော်တို့ရဲ့ ယုံကြည်ချက်က အကြမ်းမဖက်တဲ့နည်း၊ ဒေါ်အောင်ဆန်းစုကြည် နည်းပဲ။ ဒေါ်အောင်ဆန်းစုကြည်ဟာ ဘယ်အခါတုန်းကမှ အကြမ်း မဖက်ခဲ့သလို၊ တပ်မတော်ပြိုကွဲအောင်လည်း သူဘယ်တုန်းကမှ မစဉ်းစားဘူးပေါ့နော်။ အချို့လူတွေ ရှိတယ်၊ လာပြောကြတဲ့ လူတွေ ရှိတယ်။ ဒါပေမဲ့ သူက ယုံကြည်တာက တပ်ကွဲတာ တိုင်းပြည်ပျက်တာပဲလေ။ တိုင်းပြည်ပျက်တဲ့ နည်းက တပ်ကွဲ တဲ့နည်းပဲ၊ သူက ဒါကို မဖြစ်စေချင်ဘူး။ အဖြစ်စေရဘူးဆိုတော့ သူ့ရဲ့ သဘောထားကို ဟိုဘက်က လက်နက် ကိုင်တဲ့သူတွေ နားလည်အောင်လည်း ရှင်းပြဖို့လိုတယ်လို့ ကျနော် ထင်တယ်လေ။ ဒါတွေအားလုံးကို ဒေါ်အောင်ဆန်းစုကြည် ခိုင်းတာ မဟုတ်ဘူး။ ကျနော်တို့က ဒေါ်အောင်ဆန်းစုကြည်ရဲ့ ဦးဆောင်မှု နောက်ကို လိုက်ရတဲ့ အခါကျတော့ သူတို့ရဲသဘောထားကို ဟိုဘက်မှာ လုပ်ပေးဖို့ပေါ့။
အဲဒီအချိန်မှာ ကျောင်းသားက လေးခု ရှိပါတယ်။ ကိုမင်းကိုနိုင်တို့၊ ကိုကိုကြီးတို့၊ ကိုဋ္ဌေးကြွယ်တို့ ကိုမင်းဇေယျာတို့နဲ့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ကြားထဲမှာ ကျနော်ရယ် ဦးထွေးမြင့်ရယ်က သွားသွားပြီး စကားပြောရတယ်။ အဲဒီအချိန်မှာ ကျောင်းသားရပ်နေတာက မြေပေါ်မှာ ဆိုရင် လူ့ဘောင်သစ် ပါတီအနေနဲ့ ရပ်မယ်၊ ကျောင်းသားသမဂ္ဂတရားဝင် မဖွဲ့အခြင်း မြေအောက်မှာ ကျောင်းသားသမဂ္ဂနဲ့ ရပ်မယ်၊ ပြီးတော့ ကျနော်တို့ တိုင်းပြည်မှာ လက်နက်ကိုင်ပြီးတော့ လမ်းစဉ်ကလွဲပြီး ဘာမှ မရှိတော့ပါဘူးဆိုတဲ့ ယုံကြည်တဲ့ လမ်းစဉ်နဲ့ နောက်တခါ မြို့မှာနေရင် အဖမ်းခံရမယ်ဆိုတာကို စဉ်းစားခဲ့တဲ့ သူတွေပေါ့။ အဲဒီတုန်းက တောခိုခဲ့တာက ထိုင်းမြန်မာ နယ်စပ်တခုတည်းတင် လူ သုံးသောင်းလောက်ရှိပါတယ်။ြေ
အဲလိုပြောရင်း အိမ်အပြင်ကနေ ကြောင်တကောင်အော်နေသံကြားလိ
မေး။ ။အဲဒီအချိန်တုန်းက ABSDF အဖွဲ့အနေနဲ့တောခိုကျောင်းသာ
ဖြေ။ ။ဟုတ်ကဲ့ ABSDF ရဲ့ အနေအထားပေါ့ပြီးတော့ကျနော် စိုးရိမ်တာက ကျနော်က သမိုင်း ဆရာလည်းဖြစ်ခဲ့တယ်။ ဗိုလ်ချုပ်အောင်ဆန်းနဲ့ သခင်သန်းထွန်းရဲ့ အခန်းကဏ္ဍပေါ့နော်။ အဲလို အခန်းကဏ္ဍတွေမှာ ကျနော့်အနေနဲ့ သမိုင်းတပတ်လည်မှာလည်း စိုးရိမ်မိတယ်။ စိုးရိမ်ခဲ့တယ်ဆိုတော့ ဒီမိုကရေစီကို ကျနော်တို့ လုပ်ကြပါတယ်။ နောက်ပိုင်းမှာတော့ အာဏာတွေ့လာတဲ့အခါကျတော့ ခွဲပြားလာတာတွေ ဖြစ်လာတယ်ပေါ့နော်။ ကျနော်တို့က ကြိုပြီးတော့ နည်းနည်း Moderate ဖြစ်တဲ့ အတွေးအခေါ်ရှိတဲ့ သူတွေနဲ့ မော်နီတာ လုပ်ဖို့ပေါ့နော်။ဒါပေမဲ့ အဲဒီအချိန်မှာ ABSDF ဟာကလည်း သူတလူ ငါတမင်းဖြစ်ခဲ့တယ်။ အဲတော့ အဲဒီလို သူတလူငါတမင်းဖြစ်တဲ့ ပြဿနာတွေကို ကျနော်တို့က နေပြီးတော့ အတတ်နိုင်ဆုံး ဘယ်လိုဖြေရှင်းမလဲပေါ့နော်။
မေး။ ။အဲဒီလို တောခိုပြီးတဲ့နောက်ပိုင်းမှ
ဖြေ။ ။သူနဲ့ တိုက်ရိုက်တော့ ကျနော် မရတော့ဘူးခင်ဗျာ၊မရတော့ဘူးဆ
မေး။ ။အကိုက နောက်ပိုင်းမှာလည်း ဒေါ်အောင်ဆန်းစုကြည်နဲ့ အဆက်အသွယ် မရတော့ ဘူးဆိုတော့ နိုင်ငံရေးလုပ်တဲ့အခါမှာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ သဘောထားဖြစ်လိမ့်မယ်လို့ ရိပ်ဖမ်းသံဖမ်းနဲ့ လုပ်နေရသလို ဖြစ်နေတာပေါ့။
ဖြေ။ ။ပြောနိုင်တာကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ရက် ၂၀၀ လောက်တော့ အနီးကပ်နေ ဖူးတယ်ဆိုတော့ မူတွေကတော့ အကုန်သိထားပြီးသားဖြစ်နေတာေ
ကျနော် ဘယ်လောက်ထိလဲ ဆိုတော့ ၁၉၉၅ မှာ စီးပွားရေးပိတ်ဆို့မှု လုပ်တာက ဘယ်သူ့အတွက်မှ အကျိုးမရှိဘူးဆိုပြီး စာတမ်းတွေ ရေးခဲ့တဲ့အတွက် ဒီနေ့ ကျနော် NLD ကိုတော့ ပြန်ဖို့ တော်တော်လေးခက်တယ်ပေါ့နော်။
မေး။ ဒါဆို အကိုက ABSDF အဖွဲ့နဲ့ ပတ်သက်မှု မရှိဘူးသီးခြားဖြစ်နေတယ်ဆိုတဲ့ သဘော ရှိတာပေါ့နော်။
ဖြေ။ ဟုတ်ကဲ့၊ ဟုတ်ပါတယ်။
မေး။ဒါဆိုကျမ တခုလောက်မေးချင်ပါတယ်။ ၁၉၉၂ ခုနှစ်ပြည်ထောင်စုနေ့မှာ ABSDF မြောက်ပိုင်းက AB ကျောင်းသားတွေကိုပဲ သံသယစိတ်နဲ့ သတ်ပစ်ခဲ့တယ်ဆိုတာကိုတော့ အကို ကြားခဲ့ဖူးပါသလားရှင့်။
ဖြေ။ ဟုတ်ကဲ့ပါ။
မေး။ အဲဒါကို ဘယ်လိုကြားခဲ့တာပါလဲရှင့်။
ဖြေ။ အဲဒီတုန်းက သမိုင်းမှာ အင်မတန်မှ ဆိုးဝါးခဲ့ပါတယ်။ ဒါက ကချင်ဘက်တင် ဖြစ်တာမဟုတ်ဘူး။ တယောက်နဲ့ တယောက်ယုံကြည်မှု မရှိဘူး၊ နောက်တခါ အင်မတန်နုနယ်တယ်၊ ကျနော်တို့ လူမျိုးတွေ အင်မတန်ကြောက်စရာကောင်းတယ်။
ရှေ့ဆက်ဖော်ပြပေးပါမည်။
မိတ်ဆွေများအားလုံးကို လေးစားခင်မင်လျက်ပါ
မေသင်္ကြန်ဟိန်(မြစ်မခ)
No comments:
Post a Comment