Tuesday 12 May 2015

ခံတွင်းရနံ့ မနံစေဖို့ ရှောင်ကြဉ်သင့်တဲ့ အစားအစာများ

ပါးစပ်ကထွက်တဲ့ အနံ့ဆိုးတွေဆိုတာ သင့်ရဲ့ အစာအိမ်ထဲကလာတာပါ။ တစ်နည်းအားဖြင့် သင်စား ထားတဲ့ အစားအစာအပေါ်မူတည်ပြီး ပါးစပ်ကအနံ့ထွက်နိုင်ပါတယ်။ ကြက်သွန်ဖြူတို့ ဒညင်းသီးတို့လို အနံ့ပြင်းတဲ့ အစားအစာတွေ စားမိမှ ပါးစပ်ကနံတာမဟုတ်ပါဘူး။ သင်မထင်မှတ်ထားတဲ့ အစားအစာ တစ်ချို့ကလည်း သင့်ကို အနံ့ဆိုးတွေ ဖြစ်ပေါ်စေပါတယ်။ အဲဒီအစားအစာ တွေကတော့ - 

၁။ ၀ါးစားလို့ရတဲ့ ပူရှိန်းများ
ထူးဆန်းပါတယ်။ သင့်ရဲ့ ခံတွင်းကို ရနံ့ မွှေးစေနိုင်တယ်ဆိုတဲ့ ပူရှိန်းတွေဟာတစ်ဖက်မှာလည်း သင့်ရဲ့ ခံတွင်းကို နံစေနိုင်ပါတယ်။ ပူရှိန်းအရသာ ကုန်လွန်သွားတဲ့အခါမှာ ပါးစပ်အတွင်းက အမွှေးဓါတ်ဟာ ခမ်းခြောက်သွားပြီး မကောင်းတဲ့ အနံ့ဆိုးမျိုးအဖြစ် ပြန်လည် ဖန်တီးလိုက်တာဖြစ်ပါတယ်။

၂။ အချိုလွန် အစားအစာများ
Cupcake ၊ ကွတ်ကီး တွေနဲ့ ချော့ကလက်လို အရမ်းချိုတဲ့ အစားအစာတွေဟာ ချိုလွန်းတဲ့အရသာကြောင့် ပါးစပ်အတွင်းမှာဘက်တီးရီးယားပိုးမွှားတွေ ၀င်ရောက်စေပြီးတဲ့နောက် သင့်ရဲ့ ခံတွင်း ကို နံစေနိုင်ပါတယ်။

၃။ ပရိုတိန်းများ
ပရိုတိန်းဓါတ်ဆိုတဲ့ အစားအစာဆိုရင် အားလုံးက အသားတွေကို ပြေးမြင်မိမှာပါ။ ဟုတ်ပါတယ်။ အသား တွေဟာ စားပြီးတဲ့အခါမှာ ပါးစပ်အတွင်းက စားကြွင်းစားကျန်တွေကြောင့် ရနံ့ဆိုးတွေကို ဖြစ်ပေါ်စေနိုင် ပါတယ်။

၎။ အက်ဆစ် ပါဝင်တဲ့အစားအစာများ
ကော်ဖီ ၊ ခရမ်းချဉ်သီး ဖျော်ရည် ၊ ကြက်ဥ ၊ ထောပတ် အစရှိတဲ့ အစားအစာတွေဟာ သင့်ပါးစပ်အတွင်းကို အနံ့ဆိုးများထုတ်လွှတ်ပေးတဲ့ ဘက်တီးရီးယားတွေ ၀င်ရောက်စေနိုင်ပါတယ်။ ဒီအစားအစာ တွေကို ရှောင်ကြဉ်ခြင်းအားဖြင့် ခံတွင်း သာမကပဲ အစာအိမ်အတွက်ပါ ကောင်းမွန်နိုင်မှာပါ။

၅။ ယမကာ 
အရက် ၊ ဘီယာစတဲ့ ယမကာတွေဟာ သင့်ရဲ့ ခံတွင်းကို ခြောက်သွေ့စေပါတယ်။ ခံတွင်း ခြောက် သွေ့ခြင်းဟာ ပါးစပ်ထဲ ဘက်တီးရီးယား ပိုးတွေဝင်ရောက်ခြင်းကိုကာကွယ်ပေးတဲ့ တံတွေးနဲ့ အောက်စီဂျင် ကို လျော့နည်းစေပါတယ်။

Ref:menxp
Trend Myanmar 

No comments:

Post a Comment