Tuesday 12 May 2015

ပင်လယ်အတွင်းမှ ဘင်္ဂါလီ ၆ဝဝ နီးပါးကို အင်ဒိုနီးရှားကယ်တင်

ဘင်္ဂလားဒေ့ရှ်နှင့်မြန်မာနိုင်ငံမှ နေရပ်စွန့်ခွာရွှေ့ပြောင်းနေထိုင်သူများအဖြစ် ယူဆခြင်းခံထားရသည့် ဘင်္ဂါလီ ၆ဝဝ နီးပါးကို အင်ဒိုနီးရှားတံငါသည်များက ယမန်နေ့တွင် ကယ်တင်လိုက်ကြောင်း ရိုက်တာ သတင်းဌာနက ဖော်ပြထားသည်။

လူများမတန်တဆ တင်ထားသည့်လှေနှစ်စင်းထဲတွင် အမျိုးသမီးနှင့် ကလေးများလည်း ပါဝင်ကြောင်း၊ အဆိုပါ လှေနှစ်စင်းကို ဒေသခံတံငါသည်များ ကြိုးဖြင့်ဆွဲကာ ကမ်းသို့ ယမန်နေ့တွင် ခေါ်ဆောင်ခဲ့ ခြင်းဖြစ်ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက အတည်ပြုသည်။ 

ကယ်တင်ခဲ့ရသူများသည် ပင်လယ်အတွင်းတွင် သီတင်းတစ်ပတ်ကြာ မျှောနေသည်ဟုယူဆရကြောင်း၊ စားနပ်ရိက္ခာပြတ်တောက်ခြင်းနှင့် ပင်ပန်းနွမ်းနယ်သည့်ဝေဒနာများခံစားနေရကြောင်း၊ ၄င်းတို့သည် မလေးရှားနိုင်ငံသို့ ရည်ရွယ် ထွက်ခွာလာခြင်းဖြစ်နိုင်ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များကပြောသည်။ 

ကယ်တင်ခဲ့ရသူများအနက် ၅ဝ ခန့် သည် အသက်ရှင်ရန်အတွက် ဆေးရုံတင်ကာကုသပေးရမည်ဖြစ် ကြောင်း၊ လူကုန်ကူးသူများက ၄င်းတို့ကို စွန့်ပစ်ထားခဲ့ခြင်း ဖြစ်ကြောင်း အင်ဒိုနီးရှားအာဏာပိုင်များက ပြောသည်။ ယနေ့တွင် လှေသုံးစီးပြီးဖြင့်ရောက်ရှိလာသော ဘင်္ဂါလီ ၁ဝ၁ ၈ဦးကို မလေးရှားက ထိန်းသိမ်း ထားကြောင်း သိရသည်။

The Union Daily 

No comments:

Post a Comment