Tuesday 12 May 2015

လူမှောင်ခို ကွန်ယက်ကို ဖြိုဖျက်ဖို့ အီးယူ တောင်းဆို

မြေထဲပင်လယ်ကို ဖြတ်ကူးလာနေတဲ့ ဒုက္ခသည်တန်းကို အင်အားသုံးပြီး တားဆီးခွင့်ပြုတဲ့ အစီအစဉ်ကို ထောက်ခံဖို့ အီးယူ ဥရောပသမဂ္ဂ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ ဖယ်ဒရီကာ မိုဂါရီးနီက ကုလ သမဂ္ဂ မှာ တောင်းဆိုခဲ့ပါတယ်။

လူမှောင်ခိုကွန်ယက်တွေကို ဖြိုဖျက်ဖို့ ဥရောပသမဂ္ဂက ရည်မှန်းထားပြီး အဲဒီအထဲမှာ လူတွေကို တင်ဆောင် ရာမှာ သုံးတဲ့ လှေတွေကို ဖျက်ဆီးဖို့လည်း ပါဝင်တယ်လို့ မစ္စ မိုဂါရီးနီက လှုံခြုံရေးကောင်စီမှာ ပြောကြားခဲ့ပါတယ်။

ဒါပေမယ့် ပင်လယ်ပြင်မှာ ကယ်တင်လို့ရတဲ့ ဒုက္ခသည်တွေကိုတော့ သူတို့ရဲ့ဆန္ဒမပါဘဲ နေရပ်ကို ပြန်မပို့ ဘူးလို့လည်း ပြောကြားခဲ့ပါတယ်။

ဒီလူတွေကို ဂျနီဗာ သဘောတူစာချုပ်နဲ့အညီ ကောင်းမွန်စွာ ထားရှိမှာ ဖြစ်တယ်လို့လည်း မစ္စ မိုဂါရီးနီက ပြောပါတယ်။

လစ်ဗျားကမ်းရိုးတန်းနဲ့ ရေပြင်မှာ ၀င်ပြီးတော့ တားဆီးခွင့်ပေးဖို့ ဥရောပသမဂ္ဂက စီစဉ်ထားတဲ့ ဆုံးဖြတ် ချက် မူကြမ်းတရပ်ကိုလည်း ရက်ပိုင်းအတွင်းမှာ ကုလသမဂ္ဂကို တင်သွင်းဖို့ ရှိနေပါတယ်။

လစ်ဗျားနိုင်ငံရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကတော့ ဒီအစီအစဉ်ကို ကန့်ကွက်ခဲ့ပါတယ်။

BBC Burmese

No comments:

Post a Comment