Tuesday 12 May 2015

မြန်မာနှင့် တရုတ် နှစ်နိုင်ငံရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရန် သမ္မတနှင့် တရုတ်နိုင်ငံတော်ကောင်စီအထွေထွေအတွင်းရေးမှူး တွေ့ဆုံ

သမ္မတဦးသိန်းစိန်နှင့်တရုတ်နိုင်ငံကောင်စီ အထွေထွေအတွင်းရေးမှူး နေပြည်တော်၌တွေ့ဆုံဆွေးနွေးစဉ် (ဓာတ်ပုံ−MOI)
မြန်မာ-တရုတ်နှစ်နိုင်ငံ ကြား ရင်းနှီးမြှုပ်နှံမှုတိုးမြှင့်ရေး နှင့် အာရှအခြေခံအဆောက်အအုံ ရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB)တွင် ပူးပေါင်းဆောင်ရွက်ရေးတရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီ အထွေ ထွေအတွင်းရေးမှူး မစ္စတာ ယန်ကျင်းသည် နေပြည်တော်တွင် မေလ ၁၁ ရက်က သမ္မတဦးသိန်းစိန်နှင့် တွေ့ဆုံခဲ့ကြောင်း သတင်းရရှိသည်။

အဆိုပါတွေ့ဆုံမှုတွင် မြန် မာနိုင်ငံ၌ စက်မှု၊ စွမ်းအင်စသည့် ကဏ္ဍအစုံတို့၌ ရင်းနှီးမြှုပ်နှံမှု များ တိုးမြှင့်ဆောင်ရွက်ရေး၊ ကျောက်ဖြူအထူးစီးပွားရေးဇုန် ဖွံ့ဖြိုးရေး၊ ၂၁ ရာစု၏ ပင်လယ် ပြင်ပိုးလမ်းမကြီး၌ ချိတ်ဆက် ဆောင်ရွက်နိုင်ရေး၊ အာရှအခြေ ခံအဆောက်အအုံရင်းနှီးမြှုပ်နှံမှု ဘဏ်(AIIB) တွင် ပူးပေါင်း ဆောင်ရွက်ရေးတို့ကို ဆွေးနွေးခဲ့ ကြကြောင်း သတင်းရရှိသည်။ 

အာရှအခြေခံအဆောက် အအုံရင်းနှီးမြှုပ်နှံမှုဘဏ် (AIIB) သည် အခြေခံအဆောက်အအုံဖွံ့ ဖြိုးမှုနည်းသော ဒေသများ တွင် ထုတ်ချေးပေးနေသည့် ဘဏ်ဖြစ် ပြီး တရုတ်နိုင်ငံမှ ရင်းနှီးမြှုပ်နှံမှု အများဆုံးပြုလုပ်ထားသည့် ဘဏ်တစ်ခု ဖြစ်သည်။

7Day Daily

No comments:

Post a Comment