Tuesday 12 May 2015

အောင်မြေသာစံမြို့နယ် စည်ပင် ကိုယ်စားလှယ်လောင်း ဒုတိယအကြိမ် အမည်စာရင်းတင်သွင်းသူ ရှစ်ဦးရှိ

အောင်မြေသာစံမြို့နယ်ကိုယ်စားပြု မန္တလေးမြို့တော် စည်ပင်သာယာရေးကော်မတီ ကိုယ်စားလှယ်လောင်းဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်းတင်သွင်းသူ ရှစ်ဦးရှိကြောင်း မန္တလေး မြို့တော်စည်ပင်သာယာရေး ကော်မတီရွေးကောက်ပွဲ ကော် မရှင်မှသတင်းရရှိသည်။
ပထမအကြိမ်က ဥပဒေပါ သတ်မှတ်အရည်အချင်းများနှင့် ပြည့်စုံသည့် ကိုယ်စားလှယ် လောင်းမရှိ၍ ရွေးကောက်ပွဲ ကျင်းပနိုင်ခြင်းမရှိသော အောင် မြေသာစံမြို့နယ်တွင် ဒုတိယ အကြိမ်ကိုယ်စားလှယ်လောင်း အဆိုပြုလွှာ ထပ်မံခေါ်ယူခဲ့ရာ လျှောက်လွှာလာရောက်ထုတ်ယူ သူ ၂၂ ဦးရှိခဲ့ပြီး အမျိုးသားရှစ် ဦးက ရွေးကောက်ပွဲဝင်ရောက် ယှဉ်ပြိုင်ရန် အမည်စာရင်းလာ ရောက်တင်သွင်းခဲ့သည်ဟု မန္တလေးစည်ပင်သာယာရွေး ကောက်ပွဲကော်မရှင်ရုံးအဖွဲ့မှူး ကပြောသည်။

‘‘အမျိုးသားရှစ်ဦးက ကော်မတီဝင်အဖြစ် ဝင်ရောက် ယှဉ်ပြိုင်ဖို့ အမည်စာရင်းတင် သွင်းတယ်။ သူတို့ရဲ့လျှောက်လွှာ ကို စိစစ်ပြီး ဥပဒေပြဋ္ဌာန်းချက်ပါ သတ်မှတ်အရည်အချင်းတွေနဲ့ ကိုက်ညီမှုရှိရင် စည်ပင်ကော် မတီဝင်အဖြစ် ဝင်ရောက်ယှဉ်ပြိုင် ခွင့်ပြုမှာဖြစ်ပါတယ်’’ဟု မန္တလေး စည်ပင်ရွေးကောက်ပွဲကော်မရှင် ရုံးအဖွဲ့မှူးကပြောသည်။
မေလ ၃ ရက်ကကျင်းပပြု လုပ်ခဲ့သည့် မန္တလေးစည်ပင် ကော်မတီဝင်ရွေးကောက်ပွဲတွင် အောင်မြေသာစံမြို့နယ်အတွက် စည်ပင်ကိုယ်စားလှယ်လောင်း အဖြစ် ဝင်ရောက်ရွေးချယ်ခံရန် အဆိုပြုသူနှစ်ဦးရှိပြီး ၎င်းအမျိုး သားနှစ်ဦးသည် ဥပဒေပါသတ် မှတ်အရည်အချင်းနှင့်ပြည့်စုံမှုမရှိ ဟုဆိုကာ စည်ပင်ရွေးကောက်ပွဲ ကော်မရှင်က ပယ်ချခဲ့သော ကြောင့် အောင်မြေသာစံမြို့နယ် ၌ မန္တလေးစည်ပင်ရွေးကောက်ပွဲကျင်းပပြုလုပ်နိုင်ခဲ့ခြင်းမရှိပေ။
ဗဟိုဦးစီးစနစ်ဖြင့် ဖွဲ့စည်းထားသည့် မန္တလေးစည်ပင် ကော်မတီကို အရပ်သားကိုယ်စားလှယ်များထည့်သွင်း၍ ပြင်ဆင်ဖွဲ့စည်းမည်ဖြစ်သည်။ မန္တလေးစည်ပင်နယ်နိမိတ် အတွင်း မြို့နယ်ငါးမြို့နယ်မှ စည်ပင်ကော်မတီဝင်များအား မဲစနစ်ဖြင့်ရွေးချယ်ခဲ့ပြီး အောင်မြေသာစံနှင့် ချမ်းမြသာစည်မြို့နယ်တို့အတွက် လာမည့်ဇွန်လဆန်းတွင် စည်ပင်ရွေး ကောက်ပွဲ ထပ်မံကျင်းပမည်ဖြစ် သည်။
7 day

No comments:

Post a Comment