Tuesday 12 May 2015

မွေးရာပါ ဝမ်းဗိုက်အပြင်ဘက်တွင် အူအခွေလိုက်ထွက်၍ မွေးဖွားလာသည့် ကလေးနှစ်ဦး ခွဲစိတ်ကုသမှုခံယူရန် ရန်ကင်းကလေးဆေးရုံကြီးသို့ ရောက်ရှိနေ

မွေးရာပါဝမ်း ဗိုက်အပြင်ဘက်တွင် အူအခွေလိုက် ထွက်၍ မွေးဖွားလာသည့် ကလေး နှစ်ဦးခွဲစိတ်ကုသမှု ခံယူရန် ရန်ကင်း ကလေးဆေးရြုံကီးသို့ ရောက်ရှိနေ ကြောင်း သိရသည်။

အဆိုပါ ကလေးငယ်နှစ်ဦးစ လုံးမှာ ပဲခူးတိုင်းဒေသကြီးအတွင်း မွေးဖွားခဲ့ကြသည့် သားဦးယောက်ျား လေးများဖြစ်ပြီး တစ်ဦး (Baby မိုး မိုးအေး)မှာ မေ ၄ရက်က ဖွားမြင် ခဲ့ခြင်းဖြစ်ပြီး ဇရပ်ကြီးမြို့နယ်၊ အင် ကြင်းသာကျေးရွာမှဖြစ်ကာ နောက် တစ်ဦး (Baby သိန်းသိန်းမိုး)မှာ မေ ၁၁ရက်နေ့ဖွားမြင်ခဲ့ပြီး အုတ်တွင်း မြို့နယ်၊ ရွှေလောင်းစူအဝေရာ ကျေး ရွာမှဖြစ်ကြောင်း တောင်ငူမြို့၊ ၂၄ နာရီနာရေးကူညီမှုအသင်းမှ ဆင်း ရဲချို့တဲ့လူနာများအား ကူညီစောင့် ရှောက်ရေးအဖွဲ့မှ ကိုဇော်လွင်က ပြောသည်။

''ဒီကလေးနှစ်ယောက်စလုံးက ရိုးရိုးမွေးဖွားတာပါ။ အင်ကြင်း သာကျေးရွာက ပထမကလေးက မေ ၄ရက် ညမှာ တောင်ငူဆေးရုံကို ရောက်လာလို့ ကျွန်တော်တို့က အဲဒီညမှာ ရန်ကင်းကလေးဆေး ရုံကြီးကိုပို့ပေးခဲ့ တာပါ။ အုတ်တွင်း မြို့နယ်က မွေးတဲ့ဒုတိယကလေး ကလဲမွေးဖွားပြီးပြီးချင်း တောင်ငူ ဆေးရုံကို ရောက်လာတဲ့အတွက် အဲဒီဆေးရုံအုပ်ကြီးကိုယ်တိုင် ကား စီစဉ်ပေးပြီး ရန်ကုန်က ရန်ကင်း ကလေး ဆေးရုံကြီးကို ၁၁ရက်နေ့မှာပဲ ပို့ပေးခဲ့ပါတယ်''ဟု ကိုဇော်လွင်က ပြောသည်။

လက်ရှိအချိန်တွင် ဇရပ်ကြီးမြို့ နယ်၊ အင်ကြင်းသာကျေးရွာမှ က လေးငယ် (Baby မိုးမိုးအေး)မှာ ပြင်ပ ရောက်နေသော အူကိုသုံးကြိမ် ခန့်ခွဲစိတ်ပြီး ခန္ဓာကိုယ်အတွင်းသို့ ပြန်လည်သွင်းပေးရမည်ဖြစ်ကာ လက်ရှိတွင် ပထမအကြိမ်ခွဲစိတ်ပြီး ဖြစ်ကြောင်း၊ အဆိုပါကလေးငယ်၏ ကျန်းမာရေးအခြေအနေမှာလည်း ကောင်းမွန်ကြောင်း သိရသည်။

''Babyပ မိုးမိုးအေးကိုတော့ ကုန်ကျစရိတ်အစစအရာရာ ကျွန် တော်တို့အဖွဲ့ကပဲ ကူညီပေးနေ တယ်။ နောက်ကလေးကလဲ လိုအပ် မယ်ဆိုရင် ကျွန်တော်တို့အဖွဲ့ကပဲ ဆက်ကူညီပေးသွားမယ်။ ကုန်ကျ စရိတ်ဘယ်လောက်ရှိမလဲဆိုတာ တော့ မပြောနိုင်သေးပါဘူး''ဟု ကို ဇော်လွင်က ထပ်မံပြောသည်။

ရန်ကင်းကလေးဆေးရုံကြီး၊ ဆေးကုသဆောင်(၂)မှ တာဝန်ခံ ကလေးအထူးကုဆရာဝန်ကြီးပါ မောက္ခ ဒေါက်တာကျော်ဇင်ဝေက''ဗိုက် မှာရှိတဲ့ကြွက်သားကမလုံရင် အူ အခွေလိုက်ထွက်နေနိုင်တယ်။တစ် ခါတ လေ ကျရင် အူအခွေတင်မ ကဘူး။ ဗိုက်ထဲက ကလီစာတွေ တောင်ထွက်နေနိုင်တယ်။ အဲဒီတော့ အကောင်းဆုံးက ချက်ချင်း ပြန်သွင်းနိုင်ရင်အကောင်းဆုံးပဲ။အ ပြင်မှာကြာနေမယ်။ ချက်ချင်း ပြန်မသွင်း နိုင်ဘူး ဆိုရင်မကောင်းဘူး။ စိုနေအောင်ပဲလုပ်ထားပေးရမယ်။ ကြာသွားရင်သွင်းရခက် တယ်။ စိုအောင် လုပ်တယ် ဆိုတာ ကလဲ အကြောဆေးသွင်းတဲ့ဆား ရည်တွေစွတ်ပြီးတော့ အဲဒီမှာရေ ငွေ့နဲ့အမြဲတမ်း ပျော့နေအောင်လုပ် ထားပြီး အမြန်ဆုံးခွဲလို့ရတဲ့ ရန်ကုန် ကလေးဆေးရုံကြီးတို့၊ ရန်ကင်းက လေးဆေးရုံကြီး တို့၊ မန္တလေးကလေး ဆေးရုံကြီးတို့ကိုပို့ပေးရမှာ။အဲဒါ ဆိုရင်တော့ ဘာပြဿနာမှမရှိဘူး''ဟု ပြောသည်။

KTM
Democracytoday‬

No comments:

Post a Comment