Tuesday 12 May 2015

စည်ပင်ကပေးတဲ့ရေ ထမင်းချက်လို့တောင်မရပေမယ့် အဖွဲ့အစည်းတွေက ရေသန့်လှူလို့ တစ်ရွာလုံးပျော်ရတယ်

မေလ ၁၀ ရက်နေ့က စီးပွားရေး တက္ကသိုလ်ကျောင်းသားဟောင်းများအဖွဲ့ မှ ရေအခက်အခဲကြုံနေရသည့် ဒလမြို့ နယ် (၁၁) ရပ်ကွက်သို့ရေသန့် ၇ သိန်း ကျော်ဖိုးလှူဒါန်းခဲ့ရာ ဒေသခံရွာသားများ အထူးပျော်ရွှင် ၀မ်းမြောက်လျက်ရှိကြောင်း သိရသည်။

အိမ်ခြေ ၁၀၀၀ ကျော်ရှိသည့် ၎င်းင်း ဒေသတွင် အစိုးရတာဝန်ရှိသူများနှင့် စည်ပင်သာယာကော်မတီတို့မှ ပေးဝေသည့် ရေမှာသုံးရန်သက်သက်ဖြစ်ပြီး ထမင်း ချက်၍ပင်မရကြောင်း အရပ်ဘက်အဖွဲ့ အစည်းများက ရေသန့်ဘူးကြီးများလာ ရောက်လှူဒါန်းကြသဖြင့် သောက်ရေ အတွက်အဆင်ပြေကြရကြောင်း လှူဒါန်း သည့်အဖွဲ့များနှင့် ဒေသခံပြည်သူများက ပြောသည်။

““အဲဒီဒေသက ပေ ၄၀၀ လောက် နက်အောင် အ၀ီစိတွင်းတူးတာတောင် ရေချိုမထွက်ဘူးဗျ။ ရေငန်ပဲ ထွက်တယ်။ သူတို့လှောင်ထားတဲ့ သောက်ရေကန် တွေကလည်းခန်းကုန်ပြီ။ ကျွန်တော်တို့ စီးပွားရေး တက်္ကသိုလ်ကျောင်းသားဟောင်း များအဖွဲ့အနေနဲ့ ဒါဒုတိယအကြိမ်လှူ ဒါန်းတာပါ။ ၇ သိန်းကျော်ကုန်ကျပါ တယ်။ နောက်အပတ်ထဲမှာစတင်ပြီး ပျော်ဘွယ်လေးကျေးရွာမှာ ၂၇ သိန်း လောက်ကုန်မယ့် သောက်ရေ ကန်တကန် တူးပေးဖို့အစီအစဉ်လည်းရှိပါတယ်။ အစိုးရမတတ်နိုင်တဲ့ကွက်လပ်တွေကို ကျွန်တော်တို့ ပရဟိတအဖွဲ့တွေအနေနဲ့ ဖြည့်ဆည်းပေးဖို့အမြဲတမ်းအသင့်ရှိပါ တယ်””ဟု ၎င်းင်းအဖွဲ့ကိုဦးဆောင်သည့် ကိုဇော်မျိုးဦးကဆိုသည်။

““ကျွန်တော်တို့ ဒလမြို့နယ်က ရေ အခက်အခဲအတွက်လာလှူကြတာ ၁၄ ဖွဲ့လောက်ရှိပြီလို့ထင်ပါတယ်။ အစိုးရက မလုပ်ပေးတာတော့ မဟုတ်ပါဘူး။ ဒါ ပေမဲ့စည်ပင်ကလာဝေတဲ့ရေကထမင်း တောင်ချက်လို့ မရပါဘူး။ ချိုးရေလောက် ပဲသုံးလို့ရတယ်။ အခုလို အဖွဲ့အစည်းတွေ က ရေသန့်လှူလို့ တစ်ရွာလုံးပျော်ရွှင် ကြရပါတယ်””ဟု (၁၁) ရပ်ကွက်ဒေသခံ ပြည်သူ ကိုဇေယျာဦးကပြောသည်။ ဒလမြို့နယ်အနေဖြင့် နှစ်စဉ်ကြုံတွေ့ရ လေ့ရှိသော ရေအခက်အခဲမှာ ယခုနှစ်တွင် ပိုမိုဆိုးရွားလာကြောင်းနှင့် အရပ်ဘက် အဖွဲ့ အစည်းများ၏လှူဒါန်းမှုများ ကြောင့်သာ အဆင်ပြေနေခြင်းဖြစ် ကြောင်း ဒေသခံများ၏ပြောကြားချက် အရ သိရသည်။

ဇော်မြင့်
Hot News Journal 

No comments:

Post a Comment