Tuesday 12 May 2015

မန္တလေးနှင့် စစ်ကိုင်းတွင် မိုးခေါင်ပြီး အပူရှိန်မြင့်မားသဖြင့် သောက်ရေအခက်အခဲ ဖြစ်ပေါ်နေ

စစ်ကိုင်းမြို့နယ် ဆည်လေးကျေးရွာတွင် သုံးရေခပ်နေသူတစ်ဦးကို တွေ့ရစဉ် (ဓာတ်ပုံ−ညီညီဇော်)
မန္တလေးနှင့် စစ်ကိုင်း တိုင်းဒေသကြီးရှိ ကျေးရွာများ တွင် မိုးခေါင်ပြီး အပူရှိန်မြင့်မား မှုကြောင့် ရေကန်များ ခန်းခြောက် ကာ သောက်ရေအခက်အခဲဖြစ် ပေါ်နေကြောင်း သတင်းရရှိသည်။မန္တလေးတိုင်းဒေသကြီးရှိ တောင်သာ၊ မိတ္ထီလာမြို့နယ်နှင့် ကျောက်ပန်းတောင်းမြို့ နယ်တို့ရှိ ကျေးရွာ ခြောက်ရွာတွင် သောက်ရေ ကန်များ ခန်းခြောက် နေသည့်အတွက် ရေကားများဖြင့် ပို့ဆောင်ပေးနေပြီး စက်မောင်း၍ ရေပေးဝေ မှုလည်း ပြုလုပ်နေ ကြောင်း တိုင်းဒေသကြီး ကျေး လက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦး စီးဌာနမှ တိုင်းဦးစီးမှူး ဦးမျိုးနိုင် အောင်က ပြောသည်။

‘‘အပူချိန်တိုးလာလို့ ကန် တွေက ခန်းလာတာပါ။ သုံးရေကရှိတယ်။ သောက်ရေအတွက် အခက်အခဲဖြစ်တာပါ’’ဟု ၎င်းက ပြောသည်။

စစ်ကိုင်းမြို့နယ်အတွင်း မင်းဝံတောင်ရိုးအနောက်ဘက်ရှိ ကျေးရွာအချို့တွင် မိုးရေ လှောင်ကန်များ စတင် ခန်းခြောက် နေပြီး မကြာမီသောက်ရေအခက် အခဲကြုံတွေ့လာနိုင်ကြောင်း ဒေသခံများက ပြောသည်။

‘‘နောက်သုံးပတ်လောက် အတွင်း မိုးမရွာဘူးဆိုရင် ရေ အတွက် ဒုက္ခရောက်လာနိုင် တယ်’’ဟု ဆည်လေး ကျေးရွာမှ ဆရာတော် ဦးဇောတိဿရက မိန့်ကြားသည်။

သောက်ရေအခက်အခဲရှိ နေသည့်အပြင် မိုးရွာသွန်းမှုမရှိခြင်းကြောင့် ယခုရာသီတွင် စိုက်ရ မည့် ပဲတီစိမ်း များ မျိုးစေ့ချစိုက် ပျိုးနိုင်ခြင်းမရှိသေးကြောင်း၊ အချိန်အခါအလိုက် စိုက်ပျိုးနိုင်ခြင်းမရှိပါက အခက်အခဲများ ဖြစ်ပေါ်လာနိုင်ကြောင်း ဒေသခံ တောင်သူများက ပြောသည်။

မန္တလေးနှင့် စစ်ကိုင်းမြို့အ နီးရှိ ကျေးရွာများအပြင် မုံရွာနှင့် မကွေးဒေသများရှိ ကျေးရွာအချို့ တွင်လည်း သောက်ရေသုံးရေ ပြတ်လပ်မှုများ ကြုံတွေ့နေရ ကြောင်း သတင်းရရှိသည်။

မန္တလေးမြို့၏ အမြင့်ဆုံး အပူချိန်မှာ ၄၁ ဒီဂရီစင်တီဂရိတ် အထိရှိနေပြီး မြန်မာနိုင်ငံအထက် ပိုင်းဒေသ များနှင့် အရှေ့ပိုင်း ဒေသများတွင် မိုးတိမ်တောင်များ အားကောင်းနေ၍ မိုးတိမ်တောင်များ ဖြစ်ထွန်းရာ နေရာတစ်လျှောက်တွင် မိုးထစ်ချုန်းခြင်း၊ လေပြင်းတိုက်ခတ်ခြင်း၊ မိုးသီးကြွေခြင်း၊ လျှပ်စီးလက်ခြင်း များ ဖြစ်ပေါ်နိုင်သဖြင့် ပြည်သူများ သတိပြုသင့်ကြောင်း မိုး/ဇလက မေလ ၁၁ ရက်တွင် သတင်း ထုတ်ပြန် ထားသည်။

7Day Daily 

No comments:

Post a Comment