Tuesday 12 May 2015

ဂျရတ်၏ အန်ဖီးလ်ကွင်း နောက်ဆုံးနှုတ်ဆက်ပွဲ လက်မှတ်ဈေးနှုန်း ပေါင် ၂၀၀၀ ထိမြင့်တက်

လီဗာပူးလ် အသင်းခေါင်းဆောင် စတီဗင်ဂျရတ်၏ အန်ဖီးလ်ကွင်း နောက်ဆုံး နှုတ်ဆက်ပွဲစဉ် လက်မှတ် ဈေးနှုန်းမှာ မှောင်ခိုဈေးကွက် တွင် ပေါင် ၂၀၀၀ အထိ မြင့်တက်လျက်ရှိသည်။

ဂျရတ်သည် လီဗာပူးလ်အသင်းတွင် ၁၇ နှစ်ကြာ ကစားခဲ့ပြီးနောက် ယခုနှစ်ရာသီအကုန်တွင် မေဂျာလိဂ် ကလပ် အယ်လ်အေဂလက်ဆီ အသင်းသို့ ပြောင်းရွှေ့တော့မည် ဖြစ်သည်။

လီဗာပူးလ်အသင်းသည် ယခုရာသီ၏ နောက်ဆုံး အိမ်ကွင်းပွဲစဉ်အဖြစ် ခရစ္စတယ်ပဲလေ့စ် အသင်းကို ဧည့်ခံကစားရမည်ဖြစ်ကာ ထိုပွဲစဉ်သည် ဂျရတ်အတွက် နောက်ဆုံး အိမ်ကွင်းပွဲစဉ် ဖြစ်လာခဲ့သည်။

ထို့ကြောင့် အင်တာနက်ရှိ လက်မှတ်မှောင်ခိုသမားများကလည်း လက်မှတ်ဈေးနှုန်းကို အဆမတန်တိုးမြှင့် ခဲ့ကြသည်။ ပုံမှန်လက်မှတ် ဈေးနှုန်းအရဆိုလျှင်  ၄၉ ပေါင် ပတ်ဝန်းကျင်ဖြင့် ထိုပွဲကို ကြည့်ရှုနိုင်မည် ဖြစ်သည်။ အန်ဖီးကွင်း၏ ပွဲကြည့်စင် C တွင် လက်မှတ်ဈေးနှုန်းမှာ ၃၇ ပေါင်မှ ၄၉ ပေါင် ကြားသာ ရှိသည်။

လီဗာပူးလ်အသင်းသည် ထိုပွဲစဉ်တွင် ကစားသမားဟောင်းကြီးများ ဖိတ်ကြားကာ ဂျရတ်ကို ဂုဏ်ထူး ဆောင်ဆု ပေးအပ်ဖွယ်ရှိသည့်အပြင် ဂျရတ်၏သမီးများဖြစ်သော အယ်လာ၊ လော်ဒက်စ်နှင့် လက်ဆီတို့မှာ လာဘ်ကောင်လေးများအဖြစ် ကွင်းအတွင် ၀င်ရောက်ဖွယ်ရှိနေသည်။

လီဗာပူးလ်အသင်း၏ ကွင်းလယ်ကစားသမား လယ်လာနာက ဂျရတ်သည် အစားထိုးမရသည့် ကစား သမားတစ်ဦးဖြစ်ပြီး လီဗာပူးလ်အသင်းနှင့် ပရီးမီးယားလိဂ်ပြိုင်ပွဲအနေဖြင့် သူ့ကို သတိရနေကြရလိမ့်မည် ဖြစ်ကြောင်း ပြောသည်။

Mizzima - News in Burmese​ 

No comments:

Post a Comment