Tuesday 12 May 2015

ရုပ်မြင်သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာဥပဒေကြမ်းတွင် ပြည်ပနိုင်ငံ များမှ တင်သွင်းသော ဂြိုဟ်တုစလောင်းများနှင့် ဂြိုဟ်တုရုပ်မြင် သံကြားဖမ်းစက်များကို ကြီးကြပ်ရန်ပြဋ္ဌာန်းချက် ထည့် သွင်းထား

ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းတွင်ပြည်ပနိုင်ငံများမှ တင်သွင်းသော ဂြိုဟ်တု စလောင်းများနှင့် ဂြိုဟ်တုရုပ်မြင်သံကြား ဖမ်းစက်များကိုကြီးကြပ်ရန် ပြဋ္ဌာန်းချက် ထည့်သွင်းထားကြောင်း သိရသည်။

မေ ၁၁ရက်တွင် ကျင်းပသည့် ပြည်သူ့လွှတ်တော် (၁၂)ကြိမ်မြောက် ပုံမှန်အစည်းအဝေးတွင် ရုပ်မြင် သံကြားနှင့်အသံထုတ်လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းအပေါ် အမျိုးသား လွှတ်တော်၏ ပြင်ဆင်အတည်ပြု ချက်များနှင့် စပ်လျဉ်းပြီး ပြည်သူ့ လွှတ်တော်ဥပဒေကြမ်း ကော်မတီ၏ လေ့လာ တွေ့ရှိချက်အစီရင်ခံစာကို လွှတ်တော်သို့တင်ပြရာမှသိရှိရခြင်း ဖြစ်သည်။

ဂြိုဟ်တုစလောင်းများနှင့်ဂြိုဟ်တုရုပ်မြင်သံကြားဖမ်းစက်များအား ပြည်ပနိုင်ငံများမှတင်သွင်းမှုများပြား လာပြီး ယင်းသို့တင်သွင်းလာသည့် ပစ္စည်းများကိုစံချိန်၊ စံညွှန်းနှင့် ညီမညီ စိစစ်နိုင်မှုမရှိခြင်းကြောင့် နိုင်ငံ တော်၏ စီးပွားရေး၊ လူမှုရေးနှင့် ရုပ်သံထုတ်လွှင့်ခြင်းဆိုင်ရာ ဝန်ဆောင်မှုလုပ်ငန်းများတွင် ဆုံးရှုံး နစ်နာ မှုများဖြစ် ပေါ်နေသဖြင့် ဥပဒေနှင့် စနစ်တကျ ဆောင်ရွက်နိုင်ရန် အတွက်အမျိုးသားရုပ်မြင်သံကြား နှင့် အသံထုတ်လွှင့်ခြင်းလုပ်ငန်းများ ဖွံဖြိုးတိုးတက်ရေးအဖွဲ့၏ လုပ်ငန်း တာဝန်များအခန်းတွင် ထည့်သွင်း ပြဋ္ဌာန်းလိုကြောင်းပြန်ကြားရေးဝန် ကြီးဌာနကဥပဒေကြမ်းကော်မတီ သို့ တင်ပြလာသဖြင့် ဖြည့်စွက်ထည့် သွင်းခဲ့ခြင်းဖြစ်ကြောင်းသိရသည်။

ရုပ်မြင်သံကြားနှင့်အသံထုတ် လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်းအရ အမျိုးသားရုပ်မြင်သံကြားနှင့် အသံ ထုတ် လွှင့်ခြင်းလုပ်ငန်းများဖွံဖြိုးတိုး တက်ရေးအဖွဲ့ကို ပြန်ကြားရေးဝန် ကြီးဌာန ပြည်ထောင်စုဝန်ကြီးမှ ဥက္ကဋ္ဌ အဖြစ်လည်းကောင်း ဆက်သွယ်ရေးသတင်း အချက်အလက်နှင့် နည်းပညာဝန်ကြီးဌာနမှ ပြည် ထောင်စု ဝန်ကြီးက ဒုတိယဥက္ကဋ္ဌ အဖြစ်ပါဝင်ဖွဲ့စည်းရန်ပါရှိသည်။

ရုပ်မြင်သံကြားနှင့်အသံထုတ် လွှင့်ခြင်းဆိုင်ရာ ဥပဒေကြမ်း၏ အဓိကရည်ရွယ်ချက်မှာ နိုင်ငံတော်အတွင်း ရုပ်မြင်သံကြားနှင့်အသံ ထုတ်လွှင့်ခြင်းဆိုင်ရာ လုပ်ငန်းများ စနစ်တကျ ဖွံဖြိုးတိုးတက်ရေးနှင့် အများပြည် သူ ၏ အကျိုးစီးပွားကိုထိ ရောက်စွာ ပံ့ပိုးပေးနိုင်ရန်ဖြစ်ကြောင်း လည်းသိရသည်။

အမျိုးသားလွှတ်တော်ကပြင်ဆင်ချက်ဖြင့်အတည်ပြု ပေးပို့ခဲ့သည့် ရုပ်မြင်သံကြားနှင့် အသံထုတ်လွှင့်ခြင်း ဆိုင်ရာ ဥပဒေကြမ်းအား ပြည်သူ့ လွှတ်တော်ဥပဒေကြမ်းကော်မတီ၏ ပြင်ဆင်ရန် တင်ပြချက်များနှင့် စပ် လျဉ်းပြီး ပြင်ဆင်လိုသည့် လွှတ် တော်ကိုယ်စားလှယ်များရှိပါက လွှတ်တော်တွင် ဆက်လက် ဆွေးနွေး အတည်ပြုမည်ဖြစ်သည်။

YM
‎Democracytoday‬

No comments:

Post a Comment