Tuesday 12 May 2015

နေအိမ်တွင် အိပ်ပျော်နေသူ ယာဉ်တိုက်ခံရသဖြင့် သေဆုံး

တာချီလိတ်မြို့ ကျေး ရွာတစ်ရွာတွင် ဟိုင်းလတ်ယာဉ် တစ်စီး အရှိန်မထိန်းနိုင်ဘဲ လမ်းဘေးရှိ နေအိမ်ကို ဝင်ရောက် တိုက်မိခဲ့ရာ အိမ်ထဲ၌ အိပ်ပျော်နေသော အမျိုးသားတစ်ဦးသေဆုံးခဲ့ ကြောင်း မဇ္ဈိမလူမှု ကူညီရေး အသင်းမှ သတင်းရရှိသည်။

ရှမ်းပြည်နယ် တာချီလိတ်- ကျိုင်းတုံကားလမ်းပေါ်ရှိ တာချီ လိတ်မြို့ ရန်ရှင်း (၂)ရွာတွင် မေလ ၉ ရက်က တာလေမြို့မှ တာချီလိတ်မြို့သို့ မောင်းနှင်လာ သော တိုယိုတာဟိုင်းလတ်ယာဉ် သည် လမ်းကွေ့၌ အရှိန် မထိန်းနိုင်ဘဲ လမ်းညာဘက်ရှိ အိမ်တစ်လုံးကို ဝင်တိုက်ခဲ့ခြင်း ဖြစ်သည်။ 

ခြံဝင်းအတွင်း တဲအိမ်ပေါ် တွင် အိပ်ပျော်နေသော အမျိုးသားကို တိုက်မိခဲ့ပြီး တာချီလိတ် ဆေးရုံကြီးသို့ ပို့ ဆောင်စဉ် လမ်း၌သေဆုံးခဲ့ကြောင်း တာချီလိတ်မြို့ရှိ မဇ္ဈိမလူမှုကူညီရေးအသင်းမှ ဦးနေမျိုးကပြောသည်။

‘‘တာချီလိတ်ကနေ ကား တိုက်မှုဖြစ်တဲ့ ရန်ရှင်းရွာကိုသွား ဖို့က မိနစ် ၄၀ ကျော်မောင်းရ တော့ သတင်း ကြားကြားချင်း သွားတာတောင် မမီတော့ဘဲ သူတို့လည်း တာချီလိတ်ဆေးရုံ သယ်လာတုန်း လမ်းမှာတင် ဆုံး သွားတယ်’’ဟု ၎င်းက ပြောသည်။

ယာဉ်တိုက်မှုကြောင့် ယာဉ်မောင်းသူကို တာချီလိတ်မြို့မ ရဲစခန်းတွင် ယာဉ်မဆင်မခြင် မောင်းနှင်မှု၊ လူ သေစေမှုတို့ဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment