Tuesday 12 May 2015

ဗုံးသီးဟောင်းထမ်းလာစဉ် ပြုတ်ကျ ပေါက်ကွဲ၍ လူတစ်ဦးသေဆုံး

ဧရာဝတီတိုင်းဒေသ ကြီးတွင် ဗုံးသီးဟောင်းတစ်လုံး တွေ့သဖြင့် အမျိုးသားနှစ်ဦးထမ်း လာစဉ် ပြုတ်ကျပြီး ပေါက်ကွဲ သွားရာတစ်ဦးသေဆုံးကာ တစ်ဦးဒဏ်ရာရရှိသွားကြောင်း မြန်မာနိုင်ငံရဲတပ်ဖွဲ့မှ သတင်း ရရှိသည်။

မေလ ၉ ရက် နံနက်က ဧရာ ဝတီတိုင်းဒေသကြီး၊ အင်္ဂပူမြို့ နယ်၊ မကျီးပင်ကွင်းကျေးရွာရှိ ချောင်းအတွင်း ဓားသွေးကျောက် ရှာဖွေနေသည့် အမျိုးသားနှစ်ဦးသည် ဒလက်ပါသည့် ငှက်ပျောဖူးပုံ ဗုံးသီးဟောင်း တစ်လုံး ကို တွေ့ရှိခဲ့သည်။ 

ဗုံးသီးဟောင်းကို ၎င်းတို့နှစ် ဦး သယ်ဆောင်လာစဉ် ပြုတ်ကျ ပေါက်ကွဲကာ ဒဏ်ရာရသဖြင့် အသက်(၃၀)အရွယ် အမျိုးသား တစ်ဦး ဆေးရုံတွင် သေဆုံးပြီး အသက်(၂၃)နှစ်အရွယ် အမျိုးသားတစ်ဦးမှာ ဆေးကုသ မှု ခံနေ ဆဲဖြစ်သည်။ 

ယင်းဗုံးသီးဟောင်း ပေါက်ကွဲမှုကို အင်္ဂပူမြို့နယ်ရဲ တပ်ဖွဲ့မှူး က သွားရောက်စစ်ဆေးခဲ့ရာ ပေါက်ကွဲခဲ့သည့် ဗုံးသီးမှာ ဂျပန် ခေတ် စစ်ကျန်ဗုံးသီးဟောင်း ဖြစ်ကာ ဗုံးသီးနောက်ပိုင်း၌ အရှည်တစ်ပေ၊ အချင်း ၃ လက်မ၊ လုံးပတ် ၁၀ လက်မခန့်ရှိ ဒလက်များပါရှိကြောင်း မြန်မာနိုင်ငံ ရဲတပ်ဖွဲ့မှ သတင်းရရှိသည်။

7Day Daily

No comments:

Post a Comment