Monday 12 January 2015

လက်ပံတောင်းအရေး အစိုးရ၊ အရပ်ဘက်နှင့် ကုမ္ပဏီတို့ သုံးပွင့်ဆိုင် ဆွေးနွေးရန် လက်ခံပြီ

Photo: လက်ပံတောင်းအရေး အစိုးရ၊ အရပ်ဘက်နှင့် ကုမ္ပဏီတို့ သုံးပွင့်ဆိုင်
ဆွေးနွေးရန် လက်ခံပြီ
Monday, January 12, 2015

လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် အရေးကိစ္စများ ဆွေးနွေးရန် အရပ်ဘက်အဖွဲ့ အစည်း၊ အစိုးရနှင့် လက်ပံတောင်းတောင်တွင် ကြေးနီစီမံကိန်း ဆောင်ရွက်သည့်ကုမ္ပဏီတို့ ပါဝင်သည့် သုံးပွင့်ဆိုင် ညွန့်ပေါင်းအစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက်တွင် ဆွေးနွေးမည်ဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်တွင်ပြုလုပ်မည်ဖြစ်သည်ဟု စိမ်းလန်း ပြင်ဦးလွင်အဖွဲ့ တွဲဖက် အတွင်းရေးမှူး မမိုးမိုးထွန်းက မဇ္ဈိမကို အတည်ပြုသည်။

ထိုအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်း၊ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ အဖွဲ့ဝင်များ၊ ဦးပိုင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်းတို့ ပါဝင်ဆွေးနွေးကြမည် ဖြစ်သည်။

ထိုသုံးပွင့်ဆိုင် ညွန့်ပေါင်းအစည်းအဝေးပြုလုပ်ရန် အရပ်ဘက်အဖွဲ့အစည်းများက ဘဏ္ဍာရေးဒု-၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းနှင့် MEITI ရုံးသို့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က စာတင်ပြ တောင်းဆို ခဲ့ခြင်းဖြစ်သည်။

မမိုးမိုးထွန်းက “အစ်မတို့ ဖိတ်ထားတဲ့သူတွေ အကုန်ပါမယ်လို့တော့ ပြောတယ်။ အစ်မတို့ဘက်က တောင်းဆိုတာတွေတော့ ရှိမှာပါ။ အစ်မတို့တောင်းဆိုတာကို ဘယ်လောက် လိုက်လျောပေးမလဲတော့ မသိဘူးပေါ့။ MEITI ကိစ္စတွေကို အဓိက တောင်းဆို ဆွေးနွေးသွားမှာ ပါ”ဟု ပြောသည်။

ယင်းတွေ့ဆုံပွဲသို့ ပေါင်းကူး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း၊ စိမ်းလန်းပြင်ဦးလွင်၊ စိမ်းရောင်စို အစရှိသည့် အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ကိုးဦး တက်ရောက်မည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးထွန်းမြင့်အောင်က “ညှိနှိုင်းဆွေးနွေးမှုကနေ အကောင်းကို မျှော်လင့်ပါ တယ်။ တွေ့ဆုံဖို့ တောင်းဆိုတာကို လိုက်လျောပေးတယ်ဆိုတော့ အကောင်းဘက်ကို သက်ရောက်မယ်လို့ ထင်တယ်လေ။ သူတို့ကလည်း တိုင်းပြည်တိုးတက်တာ၊ တည်ငြိမ်တာကို လိုချင်တယ် ဆိုရင်ပေါ့” ဟု ပြောသည်။

စစ်ကိုင်းတိုင်း MEITI ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူ ငါးဦးကိုလည်း ယင်းအစည်းအဝေး တက်ရောက်ရန် ဖိတ်ကြားထားသည်ဟု မမိုးမိုးထွန်းက ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင် ပါဝင်သည့် လယ်ယာမြေပေါ်တွင် ၀မ်ပေါင်ကုမ္ပဏီ ၀န်ထမ်းများ ခြံစည်းရိုးဝင်းခတ်မှု ကို ဒေသခံတောင်သူများက ကန့်ကွက်ပြီးနောက် ဒီဇင်ဘာ ၂၂ ရက်တွင် လုံခြုံရေးယူထားသော တပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းသဖြင့် အမျိုးသမီး တစ်ဦး သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရခဲ့သည့်အပြင် ဒီဇင်ဘာ ၂၃ ရက်ကလည်း ဒေသခံနှစ်ဦး သေနတ်ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ ဖြစ်ရပ် နောက်ပိုင်း လက်ပံတောင်းပဋိပက္ခများ အမြန်ဆုံးဖြေရှင်းပေးရန်နှင့်စီမံကိန်း ရပ်ဆိုင်းရန် ကန့်ကွက်ဆန္ဒပြ မှုများ နိုင်ငံအနှံ့ ဖြစ်ပွားခဲ့သည်။ လက်ပံတောင်းကြေးနီ စီမံကိန်းအနီးတွင်လည်း သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Mizzima - News in Burmese  

လက်ပံတောင်း အကြမ်းဖက်မှုကို မန္တလေးလူထု၏ ငြိမ်းချမ်းစွာဆန္ဒပြပွဲကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ ၃၅ လမ်းပေါ်ရှိ မြတောင်ကျောင်းတိုက်ရှေ့မှစတင်ကာ ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
လက်ပံတောင်း အကြမ်းဖက်မှုကို မန္တလေးလူထု၏ ငြိမ်းချမ်းစွာဆန္ဒပြပွဲကို ၂၀၁၅ ခုနှစ် ဇန်နဝါရီ ၁ ရက် မွန်းလွဲပိုင်းက မန္တလေးမြို့ ၃၅ လမ်းပေါ်ရှိ မြတောင်ကျောင်းတိုက်ရှေ့မှစတင်ကာ ဆန္ဒထုတ်ဖော်စဉ်။ (ဓာတ်ပုံ - ဘိုဘို၊ မဇ္ဈိမ)
လက်ပံတောင်းတောင် ကြေးနီစီမံကိန်းနှင့် ပတ်သက်သည့် အရေးကိစ္စများ ဆွေးနွေးရန် အရပ်ဘက်အဖွဲ့ အစည်း၊ အစိုးရနှင့် လက်ပံတောင်းတောင်တွင် ကြေးနီစီမံကိန်း ဆောင်ရွက်သည့်ကုမ္ပဏီတို့ ပါဝင်သည့် သုံးပွင့်ဆိုင် ညွန့်ပေါင်းအစည်းအဝေးကို ဇန်နဝါရီ ၁၄ ရက်တွင် ဆွေးနွေးမည်ဖြစ်သည်။

အဆိုပါ တွေ့ဆုံဆွေးနွေးပွဲကို နေပြည်တော်တွင်ပြုလုပ်မည်ဖြစ်သည်ဟု စိမ်းလန်း ပြင်ဦးလွင်အဖွဲ့ တွဲဖက် အတွင်းရေးမှူး မမိုးမိုးထွန်းက မဇ္ဈိမကို အတည်ပြုသည်။

ထိုအစည်းအဝေးတွင် ပြည်ထောင်စုဝန်ကြီး ဦးစိုးသိန်း၊ ဘဏ္ဍာရေးဝန်ကြီးဌာန ဒု-၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်း၊ စုံစမ်းစစ်ဆေးရေး အစီရင်ခံစာအပေါ် အကောင်အထည်ဖော်ဆောင်ရွက်ရေး ကော်မတီ အဖွဲ့ဝင်များ၊ ဦးပိုင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ ဝမ်ပေါင်ကုမ္ပဏီမှ တာဝန်ရှိသူများ၊ အရပ်ဘက် အဖွဲ့အစည်း တို့ ပါဝင်ဆွေးနွေးကြမည် ဖြစ်သည်။

ထိုသုံးပွင့်ဆိုင် ညွန့်ပေါင်းအစည်းအဝေးပြုလုပ်ရန် အရပ်ဘက်အဖွဲ့အစည်းများက ဘဏ္ဍာရေးဒု-၀န်ကြီး ဒေါက်တာ မောင်မောင်သိမ်းနှင့် MEITI ရုံးသို့ ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာ ၃၁ ရက်က စာတင်ပြ တောင်းဆို ခဲ့ခြင်းဖြစ်သည်။

မမိုးမိုးထွန်းက “အစ်မတို့ ဖိတ်ထားတဲ့သူတွေ အကုန်ပါမယ်လို့တော့ ပြောတယ်။ အစ်မတို့ဘက်က တောင်းဆိုတာတွေတော့ ရှိမှာပါ။ အစ်မတို့တောင်းဆိုတာကို ဘယ်လောက် လိုက်လျောပေးမလဲတော့ မသိဘူးပေါ့။ MEITI ကိစ္စတွေကို အဓိက တောင်းဆို ဆွေးနွေးသွားမှာ ပါ”ဟု ပြောသည်။

ယင်းတွေ့ဆုံပွဲသို့ ပေါင်းကူး၊ ၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့် ပွင့်လင်းလူ့ အဖွဲ့အစည်း၊ စိမ်းလန်းပြင်ဦးလွင်၊ စိမ်းရောင်စို အစရှိသည့် အရပ်ဘက် အဖွဲ့အစည်းများမှ ကိုယ်စားလှယ်ကိုးဦး တက်ရောက်မည်။

၈၈ မျိုးဆက် ငြိမ်းချမ်းရေးနှင့်ပွင့်လင်း လူ့အဖွဲ့အစည်းက ဦးထွန်းမြင့်အောင်က “ညှိနှိုင်းဆွေးနွေးမှုကနေ အကောင်းကို မျှော်လင့်ပါ တယ်။ တွေ့ဆုံဖို့ တောင်းဆိုတာကို လိုက်လျောပေးတယ်ဆိုတော့ အကောင်း ဘက်ကို သက်ရောက်မယ်လို့ ထင်တယ်လေ။ သူတို့ကလည်း တိုင်းပြည်တိုးတက်တာ၊ တည်ငြိမ်တာကို လိုချင်တယ် ဆိုရင်ပေါ့” ဟု ပြောသည်။

စစ်ကိုင်းတိုင်း MEITI ဖော်ဆောင်ရေးအဖွဲ့မှ တာဝန်ရှိသူ ငါးဦးကိုလည်း ယင်းအစည်းအဝေး တက်ရောက် ရန် ဖိတ်ကြားထားသည်ဟု မမိုးမိုးထွန်းက ပြောသည်။

လက်ပံတောင်းတောင် ကြေးနီစီမံကိန်း ဧရိယာတွင် ပါဝင်သည့် လယ်ယာမြေပေါ်တွင် ၀မ်ပေါင်ကုမ္ပဏီ ၀န်ထမ်းများ ခြံစည်းရိုးဝင်းခတ်မှု ကို ဒေသခံတောင်သူများက ကန့်ကွက်ပြီးနောက် ဒီဇင်ဘာ ၂၂ ရက်တွင် လုံခြုံရေးယူထားသော တပ်ဖွဲ့က ပစ်ခတ်နှိမ်နင်းသဖြင့် အမျိုးသမီး တစ်ဦး သေဆုံးကာ ၁၀ ဦးကျော် ဒဏ်ရာရခဲ့သည့်အပြင် ဒီဇင်ဘာ ၂၃ ရက်ကလည်း ဒေသခံနှစ်ဦး သေနတ်ဒဏ်ရာ ရရှိခဲ့သည်။ အဆိုပါ ဖြစ်ရပ် နောက်ပိုင်း လက်ပံတောင်းပဋိပက္ခများ အမြန်ဆုံးဖြေရှင်းပေးရန်နှင့်စီမံကိန်း ရပ်ဆိုင်းရန် ကန့်ကွက် ဆန္ဒပြ မှုများ နိုင်ငံအနှံ့ ဖြစ်ပွားခဲ့သည်။ လက်ပံတောင်းကြေးနီ စီမံကိန်းအနီးတွင်လည်း သပိတ်စခန်းဖွင့် ဆန္ဒထုတ်ဖော်ခဲ့ကြသည်။

Mizzima - News in Burmese  

No comments:

Post a Comment