Monday 12 January 2015

အာရှဖလားပွဲတွင် အီရန်အသင်းက ဘာရိန်းအသင်းကို ၂ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရ

Photo: အာရှဖလားပွဲတွင် အီရန်အသင်းက ဘာရိန်းအသင်းကို ၂ ဂိုး၊ ဂိုးမရှိဖြင့် အနိုင်ရ
Monday, January 12, 2015 

သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ အာရှဖလား ဇန်န၀ါရီလ ၁၁ ရက်နေ့ ပွဲစဉ်တွေမှာ အီရန်အသင်းက ဘာရိန်းအသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။

ဘာရိန်းအသင်းဟာ ကမ္ဘာ့အဆင့် ၁၂၂ မှာရှိပြီး အီရန်ရဲ့ ထိုးစစ်တွေကို ခံခဲ့ရပါတယ်။ ယူအေအီး အသင်းနဲ့ ကာတာပွဲမှာတော့ ယူအေအီးအသင်းက ၄ ဂိုး၊ ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။

၂ သင်းစလုံးဟာ အာရှမှာ အကောင်းဆုံး ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းတွေ ဖြစ်ပါတယ်၊ ယူအေအီးအသင်းအတွက် ၂ ဂိုးကို တိုက်စစ်မှူး အာမက် ခါလီက သွင်းပေးခဲ့ပြီး နောက်နှစ်ဂိုးကို အလီ အာမက် မာကွတ်က သွင်းပေးခဲ့ပါတယ်။

ယူအေအီး အသင်းဟာ ဇန်န၀ါရီလ ၁၅ ရက်နေ့ကျရင် ဘာရိန်းအသင်းနဲ့ ယှဉ်မှာ ဖြစ်ပြီး ကာတာ အသင်းက အီရန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

၁၆ ကြိမ်မြောက် အာရှဖလားပွဲကို ဇန်န၀ါရီ ၉ ရက်ကနေ ၃၁ ရက်နေ့အထိ အသင်း ၁၆ သင်းပါဝင် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ ကစားခဲ့တဲ့ ပွဲတွေမှာ ဥဇဘက်ကစ္စတန်အသင်းက မြောက်ကိုရီးယားကို ၁ ဂိုး၊ ဂိုးမရှိ၊ တောင်ကိုးရီးယားနဲ့ အိုမန် အသင်းတို့ပွဲမှာတော့ တောင်ကိုရီးယားက ၁ ဂိုး ဂိုးမရှိ၊ တရုတ်က ဆော်ဒီ အာရေးဗီးယား အသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ကြပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့က အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားတဲ့ သြစတြေးလျနဲ့ ကူဝိတ်ပွဲစဉ်မှာတော့ သြစတြေးလျ အသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီဗွီဘီ
သြစတြေးလျနိုင်ငံမှာ ကျင်းပနေတဲ့ အာရှဖလား ဇန်န၀ါရီလ ၁၁ ရက်နေ့ ပွဲစဉ်တွေမှာ အီရန်အသင်းက ဘာရိန်းအသင်းကို ၂ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရသွားပါတယ်။ 

ဘာရိန်းအသင်းဟာ ကမ္ဘာ့အဆင့် ၁၂၂ မှာရှိပြီး အီရန်ရဲ့ ထိုးစစ်တွေကို ခံခဲ့ရပါတယ်။ ယူအေအီး အသင်းနဲ့ ကာတာပွဲမှာတော့ ယူအေအီးအသင်းက ၄ ဂိုး၊ ၁ ဂိုး နဲ့ အနိုင်ရသွားပါတယ်။

၂ သင်းစလုံးဟာ အာရှမှာ အကောင်းဆုံး ကစားသမားတွေနဲ့ စုဖွဲ့ထားတဲ့ အသင်းတွေ ဖြစ်ပါတယ်၊ ယူအေအီး အသင်းအတွက် ၂ ဂိုးကို တိုက်စစ်မှူး အာမက် ခါလီက သွင်းပေးခဲ့ပြီး နောက်နှစ်ဂိုးကို အလီ အာမက် မာကွတ်က သွင်းပေးခဲ့ပါတယ်။

ယူအေအီး အသင်းဟာ ဇန်န၀ါရီလ ၁၅ ရက်နေ့ကျရင် ဘာရိန်းအသင်းနဲ့ ယှဉ်မှာ ဖြစ်ပြီး ကာတာ အသင်းက အီရန် အသင်းနဲ့ ယှဉ်ပြိုင်ရမှာ ဖြစ်ပါတယ်။

၁၆ ကြိမ်မြောက် အာရှဖလားပွဲကို ဇန်န၀ါရီ ၉ ရက်ကနေ ၃၁ ရက်နေ့အထိ အသင်း ၁၆ သင်းပါဝင် ယှဉ်ပြိုင်နေတာ ဖြစ်ပါတယ်။ ဇန်န၀ါရီလ ၁၀ ရက်နေ့မှာ ကစားခဲ့တဲ့ ပွဲတွေမှာ ဥဇဘက်ကစ္စတန်အသင်းက မြောက်ကိုရီးယားကို ၁ ဂိုး၊ ဂိုးမရှိ၊ တောင်ကိုးရီးယားနဲ့ အိုမန် အသင်းတို့ပွဲမှာတော့ တောင်ကိုရီးယားက ၁ ဂိုး ဂိုးမရှိ၊ တရုတ်က ဆော်ဒီ အာရေးဗီးယား အသင်းကို ၁ ဂိုး၊ ဂိုးမရှိနဲ့ အနိုင်ရခဲ့ကြပါတယ်။

ဒီဇင်ဘာ ၉ ရက်နေ့က အဖွင့်ပွဲစဉ်အဖြစ် ယှဉ်ပြိုင်ကစားတဲ့ သြစတြေးလျနဲ့ ကူဝိတ်ပွဲစဉ်မှာတော့ သြစတြေးလျ အသင်းက ၄ ဂိုး ၁ ဂိုးနဲ့ အနိုင်ရခဲ့ပါတယ်။

ဒီဗွီဘီ

No comments:

Post a Comment