Monday 12 January 2015

Father Land ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို စီးပွားရေးလုပ်ငန်းရှင် တစ်ဦးထံ ကြိုတင်လွှဲပြောင်းဟုဆို

Photo: Father Land ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို စီးပွားရေးလုပ်ငန်းရှင် တစ်ဦးထံ ကြိုတင်လွှဲပြောင်းဟုဆို
Monday, January 12, 2015

ကျောက်တံတားမြို့နယ် တရားရုံးက တရားခံပြေးအဖြစ် ကြေညာခံရသည့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်က ရဲစခန်းသို့ သွားရောက်အဖမ်းမခံမီ ၎င်းကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို နာရီဆိုင်များ ဖွင့်လှစ်ထားသော စီးပွားရေး လုပ်ငန်းရှင်တစ်ဦးထံ လွှဲပြောင်းခဲ့ကြောင်း Father Land ကုမ္ပဏီပိုင်ရှင် ဖြစ်သူ ဦးကျော်မြင့်ကို တရားစွဲဆိုသူများထံမှ စုံစမ်းသိရှိရသည်။

Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်မှာ အာမခံရပြီးနောက် အမှုရင်ဆိုင်ခြင်း မရှိဘဲ တိမ်းရှောင်နေချိန်တွင် ရန်ကုန်မြို့၏ နာမည်ကြီး နာရီဆိုင်ပိုင်ရှင် တစ်ဦးကို ၎င်း၏ ပိုင်ဆိုင်မှုများကို လွှဲပြောင်းထားသည်ဟု ခိုင်လုံသော သတင်းများအရ သိရှိရကြောင်း ၎င်းတို့က ပြောဆိုသည်။

“ဘာကြောင့် လွှဲသလဲဆိုတာ သေချာသိရတဲ့နေ့မှာ ကျွန်တော်တို့ ဆုံးရှုံးခဲ့တဲ့ငွေတွေ ပြန်ရအောင် ရုံးတော်မှာ အထောက်အထားနဲ့တကွ တင်ပြသွားမယ်” ဟု လက်ရှိ Father Land ကုမ္ပဏီကို ငွေကျပ် သိန်းသုံးထောင်ကျော် လိမ်လည်မှုဖြင့် တရားစွဲဆိုထားသူ အမျိုးသားကြီးတစ်ဦးက ပြောကြားသည်။

အဆိုပါ တရားခံပြေးအဖြစ် ကြေညာထားသော Father Land ကုမ္ပဏီပိုင်ရှင်မှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာလကုန်ပိုင်းက နာမည်ကြီး နာရီဆိုင်ပိုင်ရှင် ဖြစ်သူကို နေပြည်တော်ရှိ ၎င်းအမည်ဖြင့် ပိုင်ဆိုင်သော ကျပ်သန်းတစ်ထောင်နီးပါးရှိ အဆောက်အအုံတစ်ခု အပါအဝင် ရန်ကုန်မြို့တော်ရှိ ၎င်းပိုင်ဆိုင်သော အဆောက်အအုံတချို့ကို လွှဲပြောင်းပေးခဲ့ကြောင်း Father Land ကုမ္ပဏီ၌ နှစ်ပေါင်းများစွာ မန်နေဂျာရာထူးဖြင့် လုပ်ကိုင်ခဲ့သူထံမှ စုံစမ်းသိရှိရသည်။

“ကျန်ခဲ့တဲ့ လေးငါးနှစ်ကတည်းက ကုမ္ပဏီက ငွေကျပ် သန်းပေါင်းသောင်းချီ ပြန်အလျော်ပေးရမယ့် အရှုပ်အရှင်းတွေ ရှိနေတယ်။ ပြဿနာတွေ တက်မလာခင် ပြီးခဲ့တဲ့ တစ်နှစ်လောက်က မန်နေဂျာ အလုပ်ကနေ ထွက်ခဲ့တာ။ အခု သူ့ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းလက်ခံယူနေသူက ဆွေမျိုးသားချင်း မတော်စပ်ပေမယ့် အခြား ဘယ်လို စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်နေမလဲ၊ ဘယ်လို လှည့်ကွက်တွေကို ထပ်အသုံးပြုဦးမလဲ ဆိုတာတော့ တကယ် ငွေကြေးနစ်နာ ဆုံးရှုံးခဲ့သူတွေက သေချာစုံစမ်းသင့်တယ်” ဟု Father Land ကုမ္ပဏီတွင် မန်နေဂျာ လုပ်ကိုင်ခဲ့ဖူးသူ အမျိုးသားက ရှင်းပြသည်။

နှစ်ပေါင်း ၂၀ ကြာ ဆောက်လုပ်ရေးလုပ်ငန်းတွင် အောင်မြင်ခဲ့သော Father Land ကုမ္ပဏီပိုင်ရှင်မှာ ပန်းဆိုးတန်း အလယ်ဘလောက်ရှိ ၁၂ ထပ် ကွန်ဒိုအဆောက်အအုံမှ မြေပိုင်ရှင်ကို ငွေကြေးနှင့် စာချုပ်စာတမ်းများကို လိမ်လည်ခဲ့သောကြောင့် အမှုဖွင့် တိုင်ကြားခံရကြောင်း၊ ယင်းနောက် အမှုလာရောက် စစ်ဆေးခံခြင်း မရှိသောကြောင့် ကျောက်တံတားမြို့နယ် တရားရုံးက တရားခံပြေးအဖြစ် ကြေညာခဲ့ရာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလက ၎င်းကိုယ်တိုင် တရားရုံးသို့ လာရောက် ဖမ်းဆီးခံခဲ့ကြောင်း ကျောက်တံတားမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းနောက် ဦးကျော်မြင့်ကို အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခဲ့ပြီး ဒီဇင်ဘာလ ၂ ရက်နေ့က ကျောက်တံတားမြို့နယ် တရားရုံး၌ ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ရာ ၎င်းမှာ နှလုံးရောဂါ ဝေဒနာ ခံစားနေရသူ ဖြစ်ကြောင်း ဆေးစာအထောက်အထားဖြင့် အာမခံရရှိခဲ့ပြီးနောက် ရုံးတော်သို့ ဆက်လက် အမှုလာရောက် ရင်မဆိုင်ဘဲ ထွက်ပြေး တိမ်းရှောင်ခဲ့သောကြောင့် ရုံးတော်မှ ဒုတိယအကြိမ်မြောက် တရားခံပြေးအဖြစ် ထုတ်ပြန်ကြေညာခဲ့ရာ ဇန်နဝါရီလ ၉ ရက်နေ့က ၎င်းကိုယ်တိုင် ရုံးတော်သို့ ထပ်မံလာရောက် ဖမ်းဆီးခံခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တရားရုံးထံမှ သိရှိရသည်။

“လက်ရှိ သူ့ကို တရားထပ်စွဲဖို့ စီစဉ်နေသူတွေ အများကြီး။ သူရှင်းရမယ့် ငွေတွေကလည်း သိန်းသောင်းချီတယ်။ အာမခံယူပြီး အပြင်ပြန်လွတ်ချိန်မှာ သူ့ကုမ္ပဏီရုံးခန်းကို ပိတ်လိုက်ပြီး သူ့မိသားစုဝင်တွေကို နိုင်ငံခြား ပို့လိုက်တယ်။ သူ့ပိုင်ဆိုင်မှုတွေကို စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်လက်ထဲ လွှဲပြောင်းပေးခဲ့တဲ့ သတင်းတွေ ထပ်ပေါ်လာတယ်။ သူ့မှာ အလိမ်ခံရသူတွေရဲ့ ငွေတွေ အကုန်ပြန် မလျော်နိုင်တဲ့ အနေအထားရောက်မှ တရားရုံးကို ပြန်လာပြီး အဖမ်းခံတယ်ဆိုတော့ ဘာအကြံအစည်တစ်ခုခုများ သူ့မှာ ထပ်ရှိနေမယ်ဆိုတာ စဉ်းစားစရာပါ” ဟု ကျောက်တံတားမြို့နယ် တရားရုံးတွင် Father Land ကုမ္ပဏီပိုင်ရှင်ကို လိမ်လည်မှုများဖြင့် တရားစွဲဆိုထားသူက သုံးသပ်ပြောကြားသည်။

ဦးကျော်မြင့်အား ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်းများ ဝယ်ယူထားသော ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း သုံးထောင်ကျော် လိမ်လည်သည်ဟု ဆိုကာ အာမခံမရသော ပုဒ်မဖြင့် ဗိုလ်တထောင် မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကျောက်တံတားမြို့နယ် တရားရုံး၌ Father Land ကုမ္ပဏီပိုင်ရှင်ကို ရုံးထုတ်စစ်ဆေးပြီးနောက် ဗိုလ်တထောင် မြို့မရဲစခန်းသို့ ခေါ်ဆောင်ကာ အမှုဆက်လက်စစ်ဆေးမည် ဖြစ်ကြောင်း ဗိုလ်တထောင် မြို့မရဲစခန်းထံမှ သိရှိရသည်။

ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို ပိုင်ရှင်ဖြစ်သူ ဦးကျော်မြင့်က နာမည်ကြီး နာရီဆိုင်ပိုင်ရှင် ဖြစ်သူထံ လွှဲပြောင်းပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်မှုနှင့် ပတ်သက်၍ အဆိုပါ နာရီဆိုင် ပိုင်ရှင်ထံသို့ ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဦးကျော်မြင့်နှင့် ပတ်သက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

The Voice Weekly
ကျောက်တံတားမြို့နယ် တရားရုံးက တရားခံပြေးအဖြစ် ကြေညာခံရသည့် Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင် ဦးကျော်မြင့်က ရဲစခန်းသို့ သွားရောက်အဖမ်းမခံမီ ၎င်းကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို နာရီ ဆိုင်များ ဖွင့်လှစ်ထားသော စီးပွားရေး လုပ်ငန်းရှင်တစ်ဦးထံ လွှဲပြောင်းခဲ့ကြောင်း Father Land ကုမ္ပဏီ ပိုင်ရှင် ဖြစ်သူ ဦးကျော်မြင့်ကို တရားစွဲဆိုသူများထံမှ စုံစမ်းသိရှိရသည်။

Father Land ဆောက်လုပ်ရေး ကုမ္ပဏီပိုင်ရှင်မှာ အာမခံရပြီးနောက် အမှုရင်ဆိုင်ခြင်း မရှိဘဲ တိမ်းရှောင် နေချိန်တွင် ရန်ကုန်မြို့၏ နာမည်ကြီး နာရီဆိုင်ပိုင်ရှင် တစ်ဦးကို ၎င်း၏ ပိုင်ဆိုင်မှုများကို လွှဲပြောင်း ထားသည်ဟု ခိုင်လုံသော သတင်းများအရ သိရှိရကြောင်း ၎င်းတို့က ပြောဆိုသည်။

“ဘာကြောင့် လွှဲသလဲဆိုတာ သေချာသိရတဲ့နေ့မှာ ကျွန်တော်တို့ ဆုံးရှုံးခဲ့တဲ့ငွေတွေ ပြန်ရအောင် ရုံးတော် မှာ အထောက်အထားနဲ့တကွ တင်ပြသွားမယ်” ဟု လက်ရှိ Father Land ကုမ္ပဏီကို ငွေကျပ် သိန်းသုံးထောင်ကျော် လိမ်လည်မှုဖြင့် တရားစွဲဆိုထားသူ အမျိုးသားကြီးတစ်ဦးက ပြောကြားသည်။

အဆိုပါ တရားခံပြေးအဖြစ် ကြေညာထားသော Father Land ကုမ္ပဏီပိုင်ရှင်မှာ ၂၀၁၄ ခုနှစ် ဒီဇင်ဘာ လကုန်ပိုင်းက နာမည်ကြီး နာရီဆိုင်ပိုင်ရှင် ဖြစ်သူကို နေပြည်တော်ရှိ ၎င်းအမည်ဖြင့် ပိုင်ဆိုင်သော ကျပ်သန်းတစ်ထောင်နီးပါးရှိ အဆောက်အအုံတစ်ခု အပါအဝင် ရန်ကုန်မြို့တော်ရှိ ၎င်းပိုင်ဆိုင်သော အဆောက်အအုံတချို့ကို လွှဲပြောင်းပေးခဲ့ကြောင်း Father Land ကုမ္ပဏီ၌ နှစ်ပေါင်းများစွာ မန်နေဂျာရာထူးဖြင့် လုပ်ကိုင်ခဲ့သူထံမှ စုံစမ်းသိရှိရသည်။

“ကျန်ခဲ့တဲ့ လေးငါးနှစ်ကတည်းက ကုမ္ပဏီက ငွေကျပ် သန်းပေါင်းသောင်းချီ ပြန်အလျော်ပေးရမယ့် အရှုပ် အရှင်းတွေ ရှိနေတယ်။ ပြဿနာတွေ တက်မလာခင် ပြီးခဲ့တဲ့ တစ်နှစ်လောက်က မန်နေဂျာ အလုပ်ကနေ ထွက်ခဲ့တာ။ အခု သူ့ပိုင်ဆိုင်မှုတွေကို လွှဲပြောင်းလက်ခံယူနေသူက ဆွေမျိုးသားချင်း မတော်စပ်ပေမယ့် အခြား ဘယ်လို စီးပွားရေးလုပ်ငန်းတွေနဲ့ ပတ်သက်နေမလဲ၊ ဘယ်လို လှည့်ကွက်တွေကို ထပ်အသုံးပြု ဦးမလဲ ဆိုတာတော့ တကယ် ငွေကြေးနစ်နာ ဆုံးရှုံးခဲ့သူတွေက သေချာစုံစမ်းသင့်တယ်” ဟု Father Land ကုမ္ပဏီတွင် မန်နေဂျာ လုပ်ကိုင်ခဲ့ဖူးသူ အမျိုးသားက ရှင်းပြသည်။

နှစ်ပေါင်း ၂၀ ကြာ ဆောက်လုပ်ရေးလုပ်ငန်းတွင် အောင်မြင်ခဲ့သော Father Land ကုမ္ပဏီပိုင်ရှင်မှာ ပန်းဆိုးတန်း အလယ်ဘလောက်ရှိ ၁၂ ထပ် ကွန်ဒိုအဆောက်အအုံမှ မြေပိုင်ရှင်ကို ငွေကြေးနှင့် စာချုပ်စာတမ်းများကို လိမ်လည်ခဲ့သောကြောင့် အမှုဖွင့် တိုင်ကြားခံရကြောင်း၊ ယင်းနောက် အမှု လာရောက် စစ်ဆေးခံခြင်း မရှိသောကြောင့် ကျောက်တံတားမြို့နယ် တရားရုံးက တရားခံပြေးအဖြစ် ကြေညာ ခဲ့ရာ ၂၀၁၄ ခုနှစ် နိုဝင်ဘာလက ၎င်းကိုယ်တိုင် တရားရုံးသို့ လာရောက် ဖမ်းဆီးခံခဲ့ကြောင်း ကျောက်တံတားမြို့နယ် တရားရုံးထံမှ စုံစမ်းသိရှိရသည်။

ယင်းနောက် ဦးကျော်မြင့်ကို အင်းစိန်အကျဉ်းထောင်တွင် ထိန်းသိမ်းခဲ့ပြီး ဒီဇင်ဘာလ ၂ ရက်နေ့က ကျောက် တံတားမြို့နယ် တရားရုံး၌ ပထမအကြိမ် ရုံးထုတ်စစ်ဆေးခဲ့ရာ ၎င်းမှာ နှလုံးရောဂါ ဝေဒနာ ခံစားနေရသူ ဖြစ်ကြောင်း ဆေးစာအထောက်အထားဖြင့် အာမခံရရှိခဲ့ပြီးနောက် ရုံးတော်သို့ ဆက်လက် အမှုလာရောက် ရင်မဆိုင်ဘဲ ထွက်ပြေး တိမ်းရှောင်ခဲ့သောကြောင့် ရုံးတော်မှ ဒုတိယအကြိမ်မြောက် တရားခံပြေးအဖြစ် ထုတ်ပြန်ကြေညာခဲ့ရာ ဇန်နဝါရီလ ၉ ရက်နေ့က ၎င်းကိုယ်တိုင် ရုံးတော်သို့ ထပ်မံလာရောက် ဖမ်းဆီးခံခဲ့ခြင်း ဖြစ်ကြောင်း အဆိုပါ တရားရုံးထံမှ သိရှိရသည်။

“လက်ရှိ သူ့ကို တရားထပ်စွဲဖို့ စီစဉ်နေသူတွေ အများကြီး။ သူရှင်းရမယ့် ငွေတွေကလည်း သိန်းသောင်း ချီတယ်။ အာမခံယူပြီး အပြင်ပြန်လွတ်ချိန်မှာ သူ့ကုမ္ပဏီရုံးခန်းကို ပိတ်လိုက်ပြီး သူ့မိသားစုဝင်တွေကို နိုင်ငံခြား ပို့လိုက်တယ်။ သူ့ပိုင်ဆိုင်မှုတွေကို စီးပွားရေးလုပ်ငန်းရှင် တစ်ယောက်လက်ထဲ လွှဲပြောင်းပေးခဲ့တဲ့ သတင်းတွေ ထပ်ပေါ်လာတယ်။ သူ့မှာ အလိမ်ခံရသူတွေရဲ့ ငွေတွေ အကုန်ပြန် မလျော်နိုင်တဲ့ အနေ အထားရောက်မှ တရားရုံးကို ပြန်လာပြီး အဖမ်းခံတယ်ဆိုတော့ ဘာအကြံအစည်တစ်ခုခုများ သူ့မှာ ထပ်ရှိ နေမယ်ဆိုတာ စဉ်းစားစရာပါ” ဟု ကျောက်တံတားမြို့နယ် တရားရုံးတွင် Father Land ကုမ္ပဏီပိုင်ရှင်ကို လိမ်လည်မှုများဖြင့် တရားစွဲဆိုထားသူက သုံးသပ်ပြောကြားသည်။

ဦးကျော်မြင့်အား ကြိုပွိုင့်စနစ်ဖြင့် တိုက်ခန်းများ ဝယ်ယူထားသော ဆောက်လုပ်ရေး လုပ်ငန်းရှင်တစ်ဦးက ကျပ်သိန်း သုံးထောင်ကျော် လိမ်လည်သည်ဟု ဆိုကာ အာမခံမရသော ပုဒ်မဖြင့် ဗိုလ်တထောင် မြို့မရဲစခန်းတွင် အမှုဖွင့်ထားကြောင်း၊ ဇန်နဝါရီလ ၁၃ ရက်နေ့တွင် ကျောက်တံတားမြို့နယ် တရားရုံး၌ Father Land ကုမ္ပဏီပိုင်ရှင်ကို ရုံးထုတ်စစ်ဆေးပြီးနောက် ဗိုလ်တထောင် မြို့မရဲစခန်းသို့ ခေါ်ဆောင်ကာ အမှုဆက်လက်စစ်ဆေးမည် ဖြစ်ကြောင်း ဗိုလ်တထောင် မြို့မရဲစခန်းထံမှ သိရှိရသည်။

ကုမ္ပဏီ၏ ပိုင်ဆိုင်မှုများကို ပိုင်ရှင်ဖြစ်သူ ဦးကျော်မြင့်က နာမည်ကြီး နာရီဆိုင်ပိုင်ရှင် ဖြစ်သူထံ လွှဲပြောင်း ပေးခဲ့ကြောင်း သတင်းများ ထွက်ပေါ်မှုနှင့် ပတ်သက်၍ အဆိုပါ နာရီဆိုင် ပိုင်ရှင်ထံသို့ ဆက်သွယ်မေးမြန်း ခဲ့သော်လည်း ဦးကျော်မြင့်နှင့် ပတ်သက်မှု တစ်စုံတစ်ရာ မရှိခဲ့ကြောင်း ပြန်လည်ဖြေကြားခဲ့သည်။ 

The Voice Weekly 

No comments:

Post a Comment