Monday 12 January 2015

ကျေးဇူးတင်ပါသည် သမ္မတကြီး ခင်ဗျား………….


ဇန်န၀ါရီလ ၄ ရက်နေ့က နိုင်ငံတော်သမ္မတကြီးလက်ထက်မှာ ပြန်လည်ကျင်းပပေးခဲ့တဲ့ ဗိုလ်ရှုခံသဘင် အခမ်းအနားကို တီဗွီကနေ Live Show ကြည့်ရတာအင်မတန်မှကို ကျက်သရေရှိလှပါတယ်။

တပ်မတော်သားတွေ၊ ပြည်သူ့ရဲတွေ၊ မီးသတ်ဝန်ထမ်းတွေ၊ ၀န်ကြီးဌာနတွေ၊ တိုင်းနှင့်ပြည်နယ်အသီးသီးက ကိုယ်စား လှယ်တွေနဲ့ ကင်းထောက် လူငယ်တွေ အင်အားစုစုပေါင်း ၇၂၀၀ ကျော်နဲ့ အခမ်းအနားကို ပါဝင် ချီတက်ပြီး နိုင်ငံတော်ရဲ့ဥသျှောင် နိုင်ငံတော် သမ္မတကြီးကို ချီတက်အလေးပြုနေတာ တစ်သက်မှာ တစ်ခါပဲမြင်တွေ့ရတဲ့ အခွင့်အရေးတစ်ခုအဖြစ် မိမိကိုယ်မိမိ လည်း အင်မတန်မှကျေနပ်အားရမိပါတယ်။ ကြည်း၊ ရေ၊ လေ စစ်တီးဝိုင်းတွေက မြိုင်ဆိုင်လှသလို ချီတက်အလေးပြုတဲ့ စစ်ကြောင်းများနှင့်အတူ တပ်မတော် လေရဲ့ ရဟတ်ယာဉ်များက နိုင်ငံတော်အလံကို သယ်ဆောင်ပျံသန်းတာတွေ၊ သယ်ယူ ပို့ဆောင်ရေးလေယာဉ်များ၊ တိုက်ခိုက်ရေးလေယာဉ်များ အုပ်စုဖွဲ့ပျံသန်းအလေးပြုတာတွေ Coloured Smoke များနဲ့ Formation အမျိုးမျိုးပြုလုပ်ပျံသန်းအလေးပြုတာတွေဟာ နိုင်ငံတော်သမ္မတကြီးအပေါ်မှာ တပ်မတော်နဲ့ ပြည်သူ များရဲ့ လေးစားတန်ဖိုးထားမှုများအဖြစ် စိတ်ထဲယခုထိစွဲမြဲနေဆဲဖြစ်ပါသည်။ အချိန်ကိုက်စနစ်တကျ စီစဉ်မှုနှင့်အတူ သံချပ်ကာယန္တရားတပ်ဖွဲ့မှ သံချပ်ကာယာဉ်များ၊ အမြောက် တပ်ဖွဲ့မှ အမြောက်ယာဉ်များ၊ ဒုံးယာဉ်များ၊ လေကြောင်းရန် ကာကွယ်ရေးတပ်ဖွဲ့မှ ယာဉ်များရဲ့ ချီတက် အလေးပြုမှု ဟာလည်း အင်မတန်ကို စိတ်ဓာတ်တက်ကြွစရာ ကောင်းလှပါ တယ်။ ကျွန်တော်အပါအ၀င် တီဗွီဖန်သားပြင်ပေါ်မှာ ကြည့်ရှုနေရတဲ့ ပြည်သူတွေ အနေနဲ့ တပ်မတော်ဆိုတာ နိုင်ငံတော်တွင် ဒီလိုအဆင့်ရှိနေပါလား ဆိုတဲ့ အားကိုးရတဲ့စိတ်ဓာတ်တွေ တဖွားဖွားပေါ်လာစေအောင် လှပတဲ့မြင်ကွင်း တစ်ခုအဖြစ် ခံစားမိတယ်လို့ထင်ပါတယ်။ ဗိုလ်ရှုခံရင်ပြင်မှာ ကိုယ်တိုင်ကိုယ်ကျ တက်ရောက်ခွင့်ရတဲ့ ပြည်သူတွေ အနေနဲ့ကတော့ အင်မတန်မှကုသိုလ်ကံကြီးမားတဲ့ အခွင့်အရေးကိုရရှိခဲ့တာဘဲလို့ မှတ်ယူချင် ပါတယ်။ ကျွန်တော်တို့လို တပ်မတော်သားတွေကိုယ်တိုင်တောင်မှ မျက်မြင်တွေ့ရှိခွင့်မရနိုင်တဲ့ ဒီအခွင့်အရေးကိုရရှိသွားပါလားဆိုပြီး မုဒိတာ လည်းပွားမိပါတယ်။ ဒီလိုကြီးကျယ်မြင့်မြတ်တဲ့အခမ်းအနား မှာ တပ်မတော်ရဲ့သစ္စာရှိမှု၊ တာဝန်ကျေပွန်မှု၊ တာဝန်ယူမှု နှင့် တာဝန်ခံမှုတွေကိုလည်း အပြည့်အ၀ တွေ့မြင်ရတဲ့အတွက် တပ်မတော်သားတစ်ယောက်အနေနဲ့ အင်မတန်မှကို ဂုဏ်ယူမိပါတယ်။

စစ်ရေးပြအခမ်းအနားကြီးပြီးသွားတော့ ဘွဲ့ထူးဂုဏ်ထူးပေးတဲ့အခမ်းအနားကို ဆက်ပြီးပြသချိန်မှာ ကြည့် လိုက် ရတဲ့ ကျွန်တော့်အတွက် ဖော်မပြနိုင်တဲ့ ခံစားမှုမျိုးနှင့်အတူ မျက်ရည်စို့ခဲ့ရပါတယ်။ နိုင်ငံတော် အတွက် အသက် စွန့်ခဲ့ရတဲ့ အရာရှိ/စစ်သည်များရဲ့ ကိုယ်စား မိဘမောင်နှမနှင့် ဇနီးသည်များက ဒီဘွဲ့ထူး ဂုဏ်ထူးတွေ တက်ယူတာကို တွေ့ရတဲ့မြင်ကွင်းကြောင့် ဂုဏ်ယူစိတ်၊ ၀မ်းသာစိတ်၊ ၀မ်းနည်းစိတ်တို့ကို တစ်ပြိုင်နက်ဖြစ်ပေါ်ခံစားခဲ့ရပါတယ်။ နိုင်ငံတော်သမ္မတကြီးကိုယ်တိုင် ဒီလိုကိုယ်တိုင်ကိုယ်ကျ ချီးမြှင့်ပေးခဲ့တဲ့အတွက် ကျေးဇူးအထူးတင်ရှိကြောင်း ပြောကြား လိုပါတယ်။

ဒါပေမယ့် ဘွဲ့ထူးဂုဏ်ထူးရရှိခဲ့တဲ့ အရာရှိ/စစ်သည်များဟာ ၂၀၁၂၊ ၂၀၁၃ ခုနှစ်က တိုက်ပွဲတွေမှာ ထူးချွန် ပြောင်မြောက်စွာ ဆောင်ရွက်ခဲ့တဲ့သူများ ဖြစ်ပါတယ်။ သူတို့အနေနဲ့ နိုင်ငံတော်ရဲ့အချုပ်အခြာ အာဏာ အတွက် သူတို့ရဲ့ အသက်ကိုစွန့်လွှတ်ပြီး စွမ်းစွမ်းတမံဆောင်ရွက်ခဲ့ကြသူများဖြစ်ကြပါတယ်။ သူတို့ရဲ့ စွန့်လွှတ် စွန့်စားမှုအတွက် ကျွန်တော်တို့စစ်သားတွေရဲ့ ရင်ထဲမှာ၊ မိသားစုတွေရဲ့ရင်ထဲမှာ ဒီနေ့အထိ ပူနွေးစူးရှစွာ ခံစားနေရဆဲပါ။ ယနေ့ထိ မျက်ရည်သွင်သွင် စီးကျနေကြရဆဲပါ။ တကယ်တော့ သူတို့ကို ယခင်နှစ်တွေတည်းက မချီးမြှင့်ပေးနိုင်ခဲ့တာကိုတော့ စိတ်မကောင်းဖြစ်မိတာအမှန်ပါ။ စွန့်လွှတ်စွန့်စားမှုကို အသိမှတ်ပြုမပေးနိုင်ခဲ့ တာကိုလည်း စိတ်အားငယ်ခဲ့ရပါတယ်။ အစိုးရက ဥပေက္ခာပြုထားတယ်လို့ ကျွန်တော်တို့ကိုယ်တိုင်ခံစားခဲ့ရပါတယ်။ ဒါဟာ ကျွန်တော်တို့စစ်သားတိုင်း ခံစား နေရတဲ့ ခံစားချက် တစ်ခုပါ။

အဲဒီ ၂၀၁၂၊ ၂၀၁၃ ခုနှစ်ကာလတွေဟာ တိုက်ပွဲတွေ သိပ်ကိုပြင်းထန်ခဲ့တဲ့ ကာလတစ်ခုပါ။ ကျွန်တော်တို့ စစ်သားတွေဟာ နိုင်ငံတော်နဲ့ ပြည်သူတွေအတွက် အချုပ်အခြာအာဏာကို ထိန်းသိမ်းကာကွယ်မယ်ဆိုတဲ့ နိုင်ငံတော်ကိုချစ်တဲ့စိတ် တစ်ခုတည်းနဲ့ တိုက်ပွဲဝင်နေကြတာပါ။ တိုင်းပြည်အတွက် အရာရာကိုပေးဆပ်ဘို့ ဆုံးဖြတ်ထားကြသူ တွေပါ။ မြတ်သောသေခြင်းနှင့်အတူ ကျွန်တော်တို့ အသက်တွေဆုံးရှုံးသွားမှာကိုလည်း ဘယ်တော့မှမကြောက်ခဲ့ကြ ပါဘူး။ ကျွန်တော်တို့လိုချင်တာက နိုင်ငံတော်ရဲ့ အသိအမှတ်ပြုမှု တစ်ခုတည်း ရယ်ပါ။ ဒါပေမယ့် အဲ့ဒီတုန်းက ဒီလို အသိအမှတ်ပြုမှုမရရှိခဲ့တာကို အရမ်းဝမ်းနည်းမိပါတယ်။ တပ်မတော်က လူကြီးတွေ ရှင်းပြလို့သိခဲ့ရတာကတော့

နိုင်ငံတော်အစိုးရ အနေနဲ့ ငြိမ်းချမ်းရေးလုပ်ဆောင်နေတဲ့ ကာလမို့လို့ဒီလိုဘွဲ့ထူးဂုဏ်ထူးတွေနဲ့ အသိ အမှတ်ပြုပေးလိုက် ရင် ငြိမ်းချမ်းရေးထိခိုက်သွားမှာစိုးလို့ဆိုပြီး နားလည်ခဲ့ရပါတယ်။ စစ်သားတွေဖြစ်လို့ အသက်တောင်စွန့်စားထားပြီးပြီ ဆိုပြီး ကိုယ့်ကိုကိုယ်ဖြေသိမ့်၊ အံကြိတ်လို့ငိုခဲ့ရတဲ့ ရက်တွေမနည်းခဲ့ပါဘူး၊ ကာယကံရှင်တွေရဲ့ ဇနီးသားသမီးနဲ့ မိဘ မောင်နှမများဘက်ကို ခံစားကြည့်မယ်ဆိုရင်၊ ခံစားတတ်ခဲ့ရင် ဘယ်လောက်ကောင်းလိုက်မလဲလို့ ကျွန်တော်တို့ တစ်တွေ ၀မ်းနည်းစွာ မျှော်လင့်ခဲ့ကြရတာပါ။

အဲဒီတုန်းကဦးအောင်မင်းဆိုသူကလည်း ကျွန်တော်တို့ တပ်မတော်သားတွေ အစဉ်တစိုက်ရွတ်ဆို လာခဲ့ကြ တဲ့ သစ္စာ ၄ ချက်ထဲက “ငါတို့သည် ကျဆုံးလေပြီးသော တပ်မတော်သားတို့၏ သစ္စာကိုစောင့်သိရိုသေ ပါမည်” ဆိုတဲ့ အချက်ကို ဖြုတ်သင့်တယ်လို့ပြောခဲ့ပါတယ်။ တပ်မတော်သားတွေရဲ့ ရင်ကိုဓါးနဲ့မွှန်းသလို တစ်ဆစ်ဆစ်နာအောင် ခံစား ရပါတယ်။ သူ့ရဲ့ ပေါ်ပင်လုပ်ပြီးပြောခဲ့တဲ့စကားကြောင့် တပ်မတော်သား အားလုံးရဲ့ ချဉ်ဖက်ဖြစ်သွားတာကို သူမသိဘူး၊တပ်မတော်သားအားလုံးရဲ့ စိတ်ဓာတ်ကိုဖျက်လိုဖျက်ဆီးပြု နေတဲ့ တပ်မတော်ရဲ့သစ္စာဖောက်ဖြစ်သွားတဲ့ သူ့ကိုဇာတ်သိမ်း ကောင်းပါစေလို့ပဲ ဆုတောင်းမိပါတယ်။

သို့သော်လည်း အခုကျွန်တော်တို့ကို ဒုတိယသမ္မတကြီး ဒေါက်တာစိုင်းမောက်ခမ်းနဲ့တွဲပြီး လွတ်လပ်ရေးနေ့ မှာ ဘွဲ့ထူးဂုဏ်ထူးတွေပေးလာတော့ အရမ်းကျေးဇူးတင်ကြရတယ်။ ကျွန်တော်တို့သေရတာ အလကားသေရတာ မဟုတ်ဘူး၊ တိုင်းပြည်အတွက် စွန့်လွှတ်ရတာ၊ ဒါကြောင့် ငါတို့ကို အသိအမှတ်ပြုခံရပြီ ဆိုပြီး ကျွန်တော်တို့ စိတ်ဓာတ်တွေ ပြန်လည်တက်ကြွခဲ့ရပါတယ်။ ဘွဲထူးဂုဏ်ထူးရသူတွေရဲ့ ဓါတ်ပုံတွေကို ကြည့်ပါ ၁၁ ဦးကို ချီးမြှင့်ရာမှာ အသက်ရှင်ပြီး ကျန်ရစ်သူ ၂ ဦးသာရှိပြီး ကျန်သောသူတွေဟာ ကျဆုံး သူတွေရဲ့ကိုယ်စားတက်ယူခဲ့ရသော မိသားစုဝင်တွေဖြစ်ပါတယ်။ ဒီဆုကိုတက်ယူနေတဲ့အချိန်မှာ မိသားစု ၀င်တွေ အနေနဲ့ ၀မ်းနည်းတာရော ဂုဏ်ယူတာရော တစ်ပြိုင်တည်း ခံစားနေကြရ မှာပါ။ ကျွန်တော်လည်း ကြည့်ရင်းနဲ့ ကြည်နူးခြင်း၊ ၀မ်းနည်းခြင်းတို့နှင့်အတူ မျက်ရည်ဝိုင်းမိပါတယ်။ ဦးအောင်မင်း အနေနဲ့ရော ဒီလူတွေကို အသိအမှတ်ပြုနိုင်မလားလို့မေးချင်ပါတယ်။ ပြောမယ့်သာပြောရတာပါ ရဲဘော် ရဲဘက်စိတ် ပျောက်ဆုံးနေတဲ့ ဦးအောင်မင်းလို လူအတွက်ကတော့ သစ္စာတရားဆိုတာရှိချင်မှလည်း ရှိတော့မှာပါ။

ဘယ်သူတွေဘယ်လိုပဲပြောနေကြပါစေ သမ္မတကြီးအနေနဲ့ အခုလိုမျိုး အသက်ခန္ဓာပေါင်းများစွာ၊ ဘ၀ပေါင်း များစွာကို စွန့်လွှတ်စတေးခဲ့ကြတဲ့ ကျွန်တော်တို့ရဲ့ ရဲဘော်ရဲဘက်တွေ၊ တပ်မတော်သားတွေကို အသိ အမှတ်ပြုပေး ခဲ့တဲ့အတွက် ဂုဏ်ယူစိတ်၊ ကျေးဇူးတင်စိတ်တွေ အတိုင်းအဆမရှိဖြစ်ခဲ့ရ ပါတယ်။ ကျွန်တော်တို့ တပ်မတော်သား တွေရဲ့ အသွေးထဲ၊ အသားထဲ၊ စိတ်ထဲက မျိုးချစ်စိတ်နဲ့ သစ္စာတရားဟာ နိုင်ငံတ်ာနဲ့ တပ်မတော်အတွက် ဆိုရင် အမြဲတမ်းအသင့်ရှိနေမှာပါ။ ကျွန်တော်တို့ တပ်မတော်နဲ့ တပ်မတော်သားအားလုံးဟာ ဘယ်အခြေအနေ ရောက်ရောက် ကျွန်တော်တို့ရဲ့ နိုင်ငံတော်၊ တပ်မတော်နဲ့၊ နိုင်ငံသား တွေအတွက်ဆိုရင် အသက်ကိုပင် စွန့်လွှတ်ဖို့ အသင့်ရှိနေတယ်ဆိုတာကို တင်ပြလိုပါတယ် သမ္မတကြီးခင်ဗျား။

စစ်မင်းနိုင်

Thanks, Mr. President,

It is very graceful watching the ceremony of Grand Military Review holding again in the tenure of the President on the fourth January. Over 7500 people including soldiers, polices, firefighters, Government Employee, the representatives from regions and states and Myanmar Scouts participate and march to salute the President is the very hardly chance to see in my life and I am very satisfied. As the Band troops of Army, Navy and Air Forces play attractively, with the troops marching and saluting, helicopters of Air Force carry the national flag and transportation aircrafts and fighters fly in formation and have coloured smoke and various formations are showing the respect and appreciation upon the President. With well-planned and timing up, marching of armored vehicles from Armored Corps, Self-propelled Guns from Artillery, and missiles from Air Defense Force makes me impressive. Including me, as nations who are watching on television the ceremony can see the status of the Myanmar Armed Forces and this is the sight which they want to rely on the army. I want to assume that People who can join the ceremony get the great chance. I want to rejoice their prosperity because they got the chance to participate personally that we soldiers cannot get. At this ceremony, I am very proud of the Armed Forces as I can see the fully loyalty, responsibility, and accountability of Myanmar Defense Services.


After the ceremony, the continued scene which was awarding titles to the soldiers who were fought valiently made me indescribable feeling. Because of the scene, parents and siblings taking the Titles who are representative for the fallen soldiers, I felt pride, happiness and sadness at the same time. And also I want to thank Mr. President as he awarded the Titles by himself.

But the officers and soldiers were just the ones who fought in the battles bravely during 2012 and 2013. They were working for the nations’ sovereignty at risk. To their run the risk, the heart our soldiers and families are still feeling the prickliness. They are still in flood of tears. Actually I am very sorry for that they could not have such award for years. I am very sorry for failed to regard their risk. This must be the same feeling of all our soldiers.

During 2012 and 2013, these were the arduous periods. We, soldiers, fought only for the intention to protect the sovereignty of the State at risk. They decided to abandon all the things for the State. With the noble deceased, we were never afraid of it. What we want is just the regard of the State. However, at that time, we could not have such regarding and I am really sorry for that case. According to the leaders of Armed Forces, they could not award such Titles because of the period that was trying to have the peace hardly. I could accept that reason. We had to console ourselves and grit our teeth for days as we are the soldiers who had already given our lives and souls. But if it will be very graceful, there is the sympathy from the most concerned persons’ point of view. We hoped for it sorrowfully.

At that time, U Aung Min suggested to left one of the four Oaths “We will be Loyal to the fallen Comrades”, that we are declamatory for the long period. This word makes us feel like making shallow incisions. But he did not know that he became the rotten egg of the whole Armed Force because of his words. I want to pray for him that he could have a happy ending who is trying to destroy all of the soldiers’ spirit.
However, we are very graceful for awarding the Titles together with Vice-President Doctor Sai Mount Kham. Our sacrifice would not be worthless. We gave up our souls for our Nation. So we got the regard and we were active again. On the photos of the eleven persons who were awarded the Titles, only two people alive and the others were the families of the fallen Comrades. While they were receiving the awards, I am sure that they will feel sorrow and pride at the same time. As for me, I feel like them in the same way. I want to ask U Aung Min whether he could regard those people. I am not sure he will have the sense of truth who have already lost the comradeship.

Whatever they said, I am much appreciated to the President for regarding our Comrades who are sacrifice their countless souls and lives. Our, soldiers’, soldiering spirit, patriotism and nationalism in our flesh and blood are ready to serve for the State and the Armed Forces. I want to put up Mr. President that we are ready to sacrifice our lives for the State, Armed Forces and the nations in which situation.

Sitt Min Naing

No comments:

Post a Comment