Monday 12 January 2015

စည်ပင်ရွေးကောက်ပွဲတွင် မဲပေးခွင့်မရကြသူများ ကော်မရှင်အား တရားစွဲဆိုရန် ဒေါ်ညိုညိုသင်းတိုက်တွန်း

Photo: စည်ပင်ရွေးကောက်ပွဲတွင် မဲပေးခွင့်မရကြသူများ ကော်မရှင်အား တရားစွဲဆိုရန် ဒေါ်ညိုညိုသင်းတိုက်တွန်း
Monday, January 12, 2015

စည်ပင်ရွေးကောက် ပွဲတွင် မဲပေးပိုင်ခွင့်မရရှိ၍ဆန္ဒပြမှုကြောင့် ပုဒ်မ၁၈ဖြင့် တရားစွဲခံထားရသူများက စည် ပင်ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် တရားစွဲဆိုရန် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက တိုက်တွန်း ပြောကြားခဲ့သည်။

လွှတ်တော်နိုင်ငံရေးနှင့် လွှတ် တော်ပြင်ပနိုင်ငံရေးနှင့်ပတ်သက်သော ဆွေး နွေးပွဲတစ်ခုတွင် ¤င်းမှတိုက်တွန်းပြောကြား ခဲ့ခြင်းဖြစ်သည်။

''စည်ပင်ရွေးကောက်ပွဲမှာ မဲပေး ပိုင်ခွင့်ရှိရဲ့နဲ့ မဲမပေးလိုက်ရသူတွေ၊ မဲပေး ခွင့်မရရှိလို့ ဆန္ဒထုတ်ဖော်တာကို တရားစွဲ ဆိုခံရသူတွေ ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်တရားစွဲလို့ရပါတယ်''ဟု အဆိုပါ ဆွေးနွေးပွဲတွင် ဒေါ်ညိုညိုသင်းမှ အကြံပြု ပြောကြားသွားခဲ့သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရသင့်ရထိုက်သည့် နိုင်ငံသားတစ်ယောက် ၏ အခွင့်အရေးအား ချိုးဖောက်ခံရသည့် အတွက် တရားစွဲဆိုပိုင်ခွင့်ရှိကြောင်း ¤င်းက ဆက်လက်ပြောသည်။

''ကျွန်မအိမ်ကို ရပ်ကွက်လူကြီး တွေ မဲပေးဖို့ စာရင်းလာကောက်ပါတယ်။ ဒါပေမဲ့ စာရင်းပြန်ကျလာတော့ ကျွန်မနာ မည်မပါဘူး။ ဒါကိုမကျေနပ်လို့ ဆန္ဒထုတ် ဖော်တော့ ပုဒ်မ၁၈နဲ့တရားစွဲခံရတယ်''ဟု ဒလမြို့နယ်တွင်နေထိုင်သူ အမျိုးသမီးကြီး တစ်ဦးမှ ၄င်းရင်ဆိုင်နေရသည့် အခွင့်အရေး ချိုးဖောက်ခံရမှုနှင့်ပတ်သက်၍ ပြောသည်။

''အကြံပေးချင်တာကတော့ ရွေး ကောက်ပွဲကော်မရှင်ကို တရားပြန်စွဲဖို့ပါပဲ'' ဟု ဒေါ်ညိုညိုသင်းမှ အဆိုပါဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။
ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲအား ဒီဇင်ဘာ ၂၇ရက်တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါရွေးကောက်ပွဲ တွင် မြို့နယ်အလိုက် မဲပေးခွင့်ရှိသူများစာရင်း ထောင်နှင့်ချီ၍ ပျောက်ဆုံးခဲ့သည်။

Yangon Media Group
စည်ပင်ရွေးကောက် ပွဲတွင် မဲပေးပိုင်ခွင့်မရရှိ၍ဆန္ဒပြမှုကြောင့် ပုဒ်မ၁၈ဖြင့် တရားစွဲခံထားရသူများက စည် ပင်ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည် တရားစွဲဆိုရန် တိုင်းဒေသကြီးလွှတ်တော် ကိုယ်စားလှယ် ဒေါ်ညိုညိုသင်းက တိုက်တွန်း ပြောကြားခဲ့သည်။

လွှတ်တော်နိုင်ငံရေးနှင့် လွှတ်တော်ပြင်ပနိုင်ငံရေးနှင့်ပတ်သက်သော ဆွေးနွေးပွဲတစ်ခုတွင်¤င်းမှတိုက် တွန်း ပြောကြား ခဲ့ခြင်းဖြစ်သည်။

''စည်ပင်ရွေးကောက်ပွဲမှာ မဲပေး ပိုင်ခွင့်ရှိရဲ့နဲ့ မဲမပေးလိုက်ရသူတွေ၊ မဲပေး ခွင့်မရရှိလို့ ဆန္ဒထုတ်ဖော် တာကို တရားစွဲ ဆိုခံရသူတွေ ရွေးကောက်ပွဲကော်မရှင်ကို ပြန်လည်တရားစွဲလို့ရပါတယ်''ဟု အဆိုပါ ဆွေးနွေးပွဲတွင် ဒေါ်ညိုညိုသင်းမှ အကြံပြု ပြောကြားသွားခဲ့သည်။ 

ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရသင့်ရထိုက်သည့် နိုင်ငံသားတစ်ယောက်၏ အခွင့်အရေးအား ချိုးဖောက်ခံရ သည့် အတွက် တရားစွဲဆိုပိုင်ခွင့်ရှိကြောင်း ¤င်းက ဆက်လက်ပြောသည်။

''ကျွန်မအိမ်ကို ရပ်ကွက်လူကြီး တွေ မဲပေးဖို့ စာရင်းလာကောက်ပါတယ်။ ဒါပေမဲ့ စာရင်းပြန်ကျလာတော့ ကျွန်မနာ မည်မပါဘူး။ ဒါကိုမကျေနပ်လို့ ဆန္ဒထုတ် ဖော်တော့ ပုဒ်မ၁၈နဲ့တရားစွဲခံရတယ်''ဟု ဒလမြို့နယ် တွင် နေထိုင်သူ အမျိုးသမီးကြီး တစ်ဦးမှ ၄င်းရင်ဆိုင်နေရသည့် အခွင့်အရေး ချိုးဖောက်ခံရမှုနှင့်ပတ်သက် ၍ ပြောသည်။

''အကြံပေးချင်တာကတော့ ရွေး ကောက်ပွဲကော်မရှင်ကို တရားပြန်စွဲဖို့ပါပဲ'' ဟု ဒေါ်ညိုညိုသင်းမှ အဆိုပါ ဆွေးနွေးပွဲတွင် ပြောကြားခဲ့သည်။ ရန်ကုန်မြို့တော် စည်ပင်သာယာ ရွေးကောက်ပွဲအား ဒီဇင်ဘာ ၂၇ရက် တွင် ကျင်းပပြုလုပ်ခဲ့ပြီး အဆိုပါရွေးကောက်ပွဲတွင် မြို့နယ်အလိုက် မဲပေးခွင့်ရှိသူများစာရင်း ထောင်နှင့်ချီ၍ ပျောက်ဆုံးခဲ့သည်။

Yangon Media Group

No comments:

Post a Comment