Monday 12 January 2015

ရွှေမှော်အတွင်းသို့ KIA အဖွဲ့များရောက်ရှိလာသောကြောင့် ရွှေလုပ်သားများ ထွက်ပြေးတိမ်းရှောင်

Photo: ရွှေမှော်အတွင်းသို့ KIA အဖွဲ့များရောက်ရှိလာသောကြောင့် ရွှေလုပ်သားများ ထွက်ပြေးတိမ်းရှောင်
Monday, January 12, 2015

ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ရွှေမှော်များသို့ ကချင်လွတ်မြောက်ေ ရး တပ် မတော် (KIA) အဖွဲ့မှ ၀င်ရောက် လာသောကြောင့် ရွှေမှော် လုပ်သား များ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရမည်ကို စိုးရိမ်သော ကြောင့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း လုပ်သားကိုယ်စား လှယ်တစ်ဦး မှပြောပြ သည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီလ(၉)ရက်နေ့၊ ညနေ(၅) နာရီအချိန်ခန့်တွင် တနိုင်းမြို့နယ် အတွင်းရှိ တလန်ရွှေမှော် အတွင်းသို့ယင်းအဖွဲ့ ရောက်ရှိလာပြီး ညအိပ်တည်းခို ခဲ့ကြကြောင်း ၎င်းရွှေမှော်အတွင်းရှိလုပ်ငန်းရှင် တစ်ဦးမှ ပြောသည်။

ဆက်လက်ပြီး ၎င်း KIA အဖွဲ့သည် ဒေသအခေါ် ကျွဲကျောင်းရွှေမှော်၊ အလယ်ရွှေမှော်၊ သက်ကယ်ရွှေမှော်၊ ဂါရှရာရွှေမှော် များသို့သွားရောက်၍ ဆက်ကြေးငွေ ပုံမှန်ပေးသွင်းရန်နှင့် ပုံမှန်ပေးသွင်းခြင်းမရှိပါက KIA အဖွဲ့ အတွင်းသို့ဝင်ရောက်ရမည်ဟု ပြောဆိုသွားကြောင်း ရွှေမှော်အတွင်းရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦး ထံမှသိရ သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ “ အခုရက်ပိုင်းအတွင်း KIA အဖွဲ့များ၏ ဆက်ကြေးကောက်ခြင်းသည် လုပ်ငန်း ရှင်များသာမက ရွှေမှော် လုပ်သား များထံမှလည်း ဆက်ကြေးကောက်ခံခြင်း များ ပြုလုပ် လျက် ရှိကြောင်း နှင့် ထိုသို့ပြုလုပ်ခြင်းကြောင့် အောက်သားအချို့ (မန္တလေး၊ မုံရွာ စသည့် မြို့များမှ) ရွှေမှော်များတွင် ဆက်လက် လုပ်ကိုင်ခြင်းမရှိတော့ ပဲ ပြန် သွားကြကြောင်း ဒေသခံရွှေလုပ်သားကိုယ်စားလှယ်တစ်ဦးမှလည်း ပြောပြ ခဲ့ပါသည်။

နိုင်အောင် (တနိုင်း)
Credit >>> Kachin Daily News
ကချင်ပြည်နယ်၊ တနိုင်းမြို့နယ်အတွင်းရှိ ရွှေမှော်များသို့ ကချင်လွတ်မြောက်ရေးတပ်မတော်(KIA)အဖွဲ့မှ ၀င်ရောက် လာသောကြောင့် ရွှေမှော်လုပ်သားများ လူသစ်အဖြစ် ဖမ်းဆီးခေါ်ဆောင်ခြင်း ခံရမည်ကို စိုးရိမ်သောကြောင့် ထွက်ပြေးတိမ်းရှောင်နေကြကြောင်း လုပ်သားကိုယ်စားလှယ်တစ်ဦးမှပြောပြသည်။

ဖြစ်စဉ်မှာ ဇန်န၀ါရီလ(၉)ရက်နေ့၊ ညနေ(၅) နာရီအချိန်ခန့်တွင် တနိုင်းမြို့နယ် အတွင်းရှိ တလန်ရွှေမှော် အတွင်းသို့ယင်းအဖွဲ့ ရောက်ရှိလာပြီး ညအိပ်တည်းခို ခဲ့ကြကြောင်း ၎င်းရွှေမှော်အတွင်းရှိလုပ်ငန်းရှင် တစ်ဦးမှ ပြောသည်။

ဆက်လက်ပြီး ၎င်း KIA အဖွဲ့သည် ဒေသအခေါ် ကျွဲကျောင်းရွှေမှော်၊ အလယ်ရွှေမှော်၊ သက်ကယ်ရွှေမှော်၊ ဂါရှရာရွှေမှော် များသို့သွားရောက်၍ ဆက်ကြေးငွေ ပုံမှန်ပေးသွင်းရန်နှင့် ပုံမှန်ပေးသွင်းခြင်းမရှိပါက KIA အဖွဲ့ အတွင်းသို့ဝင်ရောက်ရမည်ဟု ပြောဆိုသွားကြောင်း ရွှေမှော်အတွင်းရှိ ဈေးဆိုင်ပိုင်ရှင်တစ်ဦး ထံမှသိရ သည်။

ယင်းဖြစ်စဉ်နှင့် ပတ်သက်၍ “ အခုရက်ပိုင်းအတွင်း KIA အဖွဲ့များ၏ ဆက်ကြေးကောက်ခြင်းသည် လုပ်ငန်း ရှင်များသာမက ရွှေမှော် လုပ်သား များထံမှလည်း ဆက်ကြေးကောက်ခံခြင်း များ ပြုလုပ် လျက် ရှိကြောင်း နှင့် ထိုသို့ပြုလုပ်ခြင်းကြောင့် အောက်သားအချို့ (မန္တလေး၊ မုံရွာ စသည့် မြို့များမှ) ရွှေမှော်များတွင် ဆက်လက် လုပ်ကိုင်ခြင်းမရှိတော့ ပဲ ပြန် သွားကြကြောင်း ဒေသခံရွှေလုပ်သားကိုယ်စားလှယ်တစ်ဦးမှလည်း ပြောပြ ခဲ့ပါသည်။

နိုင်အောင် (တနိုင်း)
Credit >>> Kachin Daily News 

No comments:

Post a Comment