Monday 12 January 2015

ထားဝယ် လေယာဉ် ကွင်းကို နိုင်ငံ တကာ လေ ယာဉ် ကွင်း အဖြစ် သတ်မှတ် ဆောင်ရွက်ရန် ရည်မှန်းထား ….

Photo: ထားဝယ် လေယာဉ် ကွင်းကို နိုင်ငံ တကာ လေ ယာဉ် ကွင်း အဖြစ် သတ်မှတ် ဆောင်ရွက်ရန် ရည်မှန်းထား ….
Monday, January 12, 2015

ရန်ကုန်မင်္ဂလာဒုံ လေယာဉ်ကွင်း အပါအဝင် လေယာဉ်ကွင်း လေးကွင်းကို နိုင်ငံတကာ လေယာဉ်ကွင်းများ အဖြစ် သတ်မှတ်ထားပြီး ထားဝယ် လေယာဉ်ကွင်း ကိုလည်း နိုင်ငံတကာ လေယာဉ်ကွင်းအဖြစ် သတ်မှတ် ဆောင်ရွက်သွားရန် ရည်မှန်းထားသည်ဟု ပို့ဆောင်ရေး ဝန်ကြီးဌာန လေကြောင်း ပို့ဆောင် ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ 

မြန်မာနိုင်ငံတွင် စုစုပေါင်း လေယာဉ်ကွင်း ၆၉ကွင်းအား အစိုးရ ဘတ်ဂျက်ဖြင့် တည်ဆောက်၊ ပြုပြင်၊ ထိန်းသိမ်းလျက် ရှိသော်လည်း လေယာဉ် ခရီးစဉ် ပျံသန်း ပြေးဆွဲလျက်ရှိသော လေယာဉ်ကွင်းမှာ လက်ရှိအချိန်တွင် ၃၃ကွင်းသာ အသုံးပြုလျက်ရှိပြီး ကျန်ရှိနေသည့် လေယာဉ်ကွင်း ၃၆ကွင်းမှာ ထိန်းသိမ်းထားသည့် အဆင့် သာ ရှိနေကြောင်း၊ အသုံးပြုနေသည့် ၃၃ကွင်းမှာ အပြည်ပြည် ဆိုင်ရာ လေဆိပ်အဖြစ် အသုံးပြုနေသည့် လေဆိပ်သုံးခုရှိကြောင်း၊ ယင်းလေဆိပ်များမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် အစရှိသည့် လေဆိပ်များဖြစ်ပြီး ထပ်မံတည် ဆောက်မည့် ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် ပေါ်ပေါက်လာပါက အပြည်ပြည် ဆိုင်ရာ လေဆိပ်အဖြစ် အသုံးပြုနေသည့် လေဆိပ် လေးခုရှိ လာမည် ဖြစ် ကြောင်း၊ ထားဝယ် လေယာဉ်ကွင်းကိုလည်း နိုင်ငံတကာ လေယာဉ်ကွင်းအဖြစ် လုပ်ဆောင်သွားရန် ရည်မှန်းထားကြောင်း သိရသည်။

''အခု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ အဲဒီ လေယာဉ်ကွင်း လေးကွင်းကို လေယာဉ်ကွင်းတွေ အဖြစ် သတ်မှတ် ထားတယ်၊ နိုင်ငံတကာ လေယာဉ်ကွင်း ငါးကွင်း၊ ခြောက်ကွင်း ဖြစ်လာဖို့ အတွက်၊ Demand ဖြစ်လာ ပြီဆိုရင် ထားဝယ် လေယာဉ်ကွင်းကိုလည်း နိုင်ငံတကာ လေယာဉ်ကွင်း ပုံစံမျိုး မှန်းထားပါတယ်''ဟု Aerodrome Standard & Safety Devision မှ Director ဦးကျော်စိုး ကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ လေဆိပ်များထဲမှ နိုင်ငံတကာ အဆင့်ရှိ အပြည်ပြည် ဆိုင်ရာ လေဆိပ်များ ဖြစ်သော ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်များ အား အဆင့် မြှင့်တင်မှုများ လုပ်ဆောင်လျက် ရှိသည်။

ထို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသည် ဝင်ထွက်မှုတွေလည်း များပြား နေသဖြင့် ရန်ကုန်မြို့ အနီးတစ်ဝိုက်တွင် နိုင်ငံတကာ အဆင့်မီ အပြည်ပြည် ဆိုင်ရာ လေဆိပ် တစ်ခုတည် ဆောက်နိုင်ရေး အတွက် ၁၉၉၄ခုနှစ်မှစတင်ကာ ရပ်ဆိုင်း ထားခဲ့သည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းအား ပြန်လည် စတင်နိုင်ရန် အတွက် လုပ်ကိုင်ခွင့် ရရှိရန် အတွက် ကုမ္ပဏီများအား ရွေးချယ်ကာ စာချုပ်ချုပ်ဆို လုပ်ကိုင် ဆောင်ရွက်သွားရန် အတွက် ၁၉၉၄ခုနှစ် ဖေဖော်ဝါရီ ၈ရက်တွင် ကျင်းပ သော အထူး စီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့၏ ၁/၉၄ အစည်းအဝေးတွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး အကောင်အထည် ဖော် ဆောင်ရွက်ရန် ဆုံးဖြတ် ခဲ့သည်။

အဆိုပါ အပြည်ပြည် ဆိုင်ရာ လေဆိပ် အသစ် တည်ဆောက်ရန် မြေနေရာ ရှာဖွေခဲ့ရာ ရန်ကုန်မြို့မှ မိုင် ၅ဝအတွင်းရှိ ပဲခူးမြို့ အနောက်ဘက် ကျောက်တိုင်ကန် ကျေးရွာ အနီးရှိ ဂျပန်ခေတ် လေယာဉ်ကွင်းဟောင်းနေရာအား ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လေဆိပ်မှာ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၏ ထပ်မံတိုးချဲ့နိုင်မှု ကန့်သတ်ချက်များကြောင့် ရန်ကုန်မြို့နှင့် အနီးဆုံးနေရာတွင် ခရီးသည် ၁၂သန်းဆံ့သည့် နိုင်ငံတကာ အဆင့်မီ လေဆိပ်တစ်ခုအား တည်ဆောက်ရန် အတွက် လုပ်ဆောင် ရခြင်းလည်း ဖြစ်ကြောင်း သိရသည်။

ဇာညီသစ္စာ
မြ၀တီ
ရန်ကုန်မင်္ဂလာဒုံ လေယာဉ်ကွင်း အပါအဝင် လေယာဉ်ကွင်း လေးကွင်းကို နိုင်ငံတကာ လေယာဉ်ကွင်းများ အဖြစ် သတ်မှတ်ထားပြီး ထားဝယ် လေယာဉ်ကွင်း ကိုလည်း နိုင်ငံတကာ လေယာဉ်ကွင်းအဖြစ် သတ်မှတ် ဆောင်ရွက်သွားရန် ရည်မှန်းထားသည်ဟု ပို့ဆောင်ရေးဝန်ကြီးဌာန လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ သိရသည်။ 

မြန်မာနိုင်ငံတွင် စုစုပေါင်း လေယာဉ်ကွင်း ၆၉ကွင်းအား အစိုးရ ဘတ်ဂျက်ဖြင့် တည်ဆောက်၊ ပြုပြင်၊ ထိန်းသိမ်းလျက် ရှိသော်လည်း လေယာဉ် ခရီးစဉ် ပျံသန်း ပြေးဆွဲလျက်ရှိသော လေယာဉ်ကွင်းမှာ လက်ရှိအချိန်တွင် ၃၃ကွင်းသာ အသုံးပြုလျက်ရှိပြီး ကျန်ရှိနေသည့် လေယာဉ်ကွင်း ၃၆ကွင်းမှာ ထိန်းသိမ်းထားသည့် အဆင့် သာ ရှိနေကြောင်း၊ အသုံးပြုနေသည့် ၃၃ကွင်းမှာ အပြည်ပြည် ဆိုင်ရာ လေဆိပ်အဖြစ် အသုံးပြုနေသည့် လေဆိပ်သုံးခုရှိကြောင်း၊ ယင်းလေဆိပ်များမှ ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် နေပြည်တော် အပြည်ပြည်ဆိုင်ရာ လေဆိပ် အစရှိသည့် လေဆိပ်များဖြစ်ပြီး ထပ်မံတည် ဆောက်မည့် ဟံသာဝတီ အပြည်ပြည် ဆိုင်ရာ လေဆိပ် ပေါ်ပေါက်လာပါက အပြည်ပြည် ဆိုင်ရာ လေဆိပ်အဖြစ် အသုံးပြုနေသည့် လေဆိပ် လေးခုရှိ လာမည် ဖြစ် ကြောင်း၊ ထားဝယ် လေယာဉ်ကွင်းကိုလည်း နိုင်ငံတကာ လေယာဉ်ကွင်းအဖြစ် လုပ်ဆောင်သွားရန် ရည်မှန်းထားကြောင်း သိရသည်။

''အခု ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်နှင့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ အဲဒီ လေယာဉ်ကွင်း လေးကွင်းကို လေယာဉ်ကွင်းတွေ အဖြစ် သတ်မှတ် ထားတယ်၊ နိုင်ငံတကာ လေယာဉ်ကွင်း ငါးကွင်း၊ ခြောက်ကွင်း ဖြစ်လာဖို့ အတွက်၊ Demand ဖြစ်လာ ပြီဆိုရင် ထားဝယ် လေယာဉ်ကွင်းကိုလည်း နိုင်ငံတကာ လေယာဉ်ကွင်း ပုံစံမျိုး မှန်းထားပါတယ်''ဟု Aerodrome Standard & Safety Devision မှ Director ဦးကျော်စိုး ကပြောသည်။

လက်ရှိတွင် မြန်မာနိုင်ငံ တစ်ဝန်းလုံးရှိ လေဆိပ်များထဲမှ နိုင်ငံတကာ အဆင့်ရှိ အပြည်ပြည် ဆိုင်ရာ လေဆိပ်များ ဖြစ်သော ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ်၊ နေပြည်တော် အပြည်ပြည် ဆိုင်ရာ လေဆိပ်များ အား အဆင့် မြှင့်တင်မှုများ လုပ်ဆောင်လျက် ရှိသည်။

ထို့ကြောင့် ပြည်တွင်းပြည်ပ ခရီးသည် ဝင်ထွက်မှုတွေလည်း များပြား နေသဖြင့် ရန်ကုန်မြို့ အနီးတစ်ဝိုက်တွင် နိုင်ငံတကာ အဆင့်မီ အပြည်ပြည် ဆိုင်ရာ လေဆိပ် တစ်ခုတည် ဆောက်နိုင်ရေး အတွက် ၁၉၉၄ခုနှစ်မှစတင်ကာ ရပ်ဆိုင်း ထားခဲ့သည့် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ် စီမံကိန်းအား ပြန်လည် စတင်နိုင်ရန် အတွက် လုပ်ကိုင်ခွင့် ရရှိရန် အတွက် ကုမ္ပဏီများအား ရွေးချယ်ကာ စာချုပ်ချုပ်ဆို လုပ်ကိုင် ဆောင်ရွက်သွားရန် အတွက် ၁၉၉၄ခုနှစ် ဖေဖော်ဝါရီ ၈ရက်တွင် ကျင်းပ သော အထူး စီမံကိန်းများ အကောင်အထည်ဖော်ရေး အဖွဲ့၏ ၁/၉၄ အစည်းအဝေးတွင် ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်သစ်ကြီး အကောင်အထည် ဖော် ဆောင်ရွက်ရန် ဆုံးဖြတ် ခဲ့သည်။

အဆိုပါ အပြည်ပြည် ဆိုင်ရာ လေဆိပ် အသစ် တည်ဆောက်ရန် မြေနေရာ ရှာဖွေခဲ့ရာ ရန်ကုန်မြို့မှ မိုင် ၅ဝအတွင်းရှိ ပဲခူးမြို့ အနောက်ဘက် ကျောက်တိုင်ကန် ကျေးရွာ အနီးရှိ ဂျပန်ခေတ် လေယာဉ်ကွင်းဟောင်းနေရာအား ရွေးချယ်ခဲ့ခြင်းဖြစ်ပြီး အဆိုပါ လေဆိပ်မှာ ရန်ကုန် အပြည်ပြည် ဆိုင်ရာလေဆိပ်၏ ထပ်မံတိုးချဲ့နိုင်မှု ကန့်သတ်ချက်များကြောင့် ရန်ကုန်မြို့နှင့် အနီးဆုံးနေရာတွင် ခရီးသည် ၁၂သန်းဆံ့သည့် နိုင်ငံတကာ အဆင့်မီ လေဆိပ်တစ်ခုအား တည်ဆောက်ရန် အတွက် လုပ်ဆောင် ရခြင်းလည်း ဖြစ်ကြောင်း သိရသည်။

ဇာညီသစ္စာ
မြ၀တီ 

No comments:

Post a Comment