Monday 12 January 2015

ရန်ကုန်-မန္တလေး အမြန်လမ်း လျော်ကြေးပေးရန် ကျန်ရှိလယ်မြေများ လာမည့်ဘဏ္ဍာနှစ်မှ ပေးမည်

Photo: ရန်ကုန်-မန္တလေး အမြန်လမ်း လျော်ကြေးပေးရန် ကျန်ရှိလယ်မြေများ လာမည့်ဘဏ္ဍာနှစ်မှ ပေးမည်
Monday, January 12, 2015

ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေ ၄၀၀ အကျယ်အဝန်း သတ်မှတ်နိုင်ရေး အတွက် လမ်းနယ်နိမိတ်အတွင်း ပါဝင်သည့် လယ်ယာမြေနှင့် အခြားမြေဧက ၈,၀၀၀ ကျော်ကို လာမည့်ဘဏ္ဍာနှစ်မှသာ လျော်ကြေးပေးသွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနက အမြန်လမ်းအတွက် ပေ ၄၀၀ အတွင်း ပါဝင် သည့် လယ်ယာမြေကို လျော်ကြေးပေးရာတွင် ပြင်ပပေါက်ဈေး ထက် ၁၀ ဆခန့် နည်းပါးသည်ဟု နေပြည်တော်ကောင်စီအတွင်းရှိ လယ်သမားများက မဇ္ဈိမကို ပြောသည်။

“အပြင်မှာ တကယ်ပေါက်နေတာက သိန်း ၃၀ လောက်ပေါက်တယ်။ ဒါပေမဲ့ လယ်(မြေ) မှ ကျပ်သုံးသိန်းခွဲ၊ သုံးသိန်းပဲ ပေးတယ်။ ခုတော့ တိုးပေးမယ် လို့တော့ ကြားတယ်” ဟု နေပြည်တော်ကောင်စီတွင် ပါဝင်သည့် ရဘန်း ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးသီဟကျော်စွာထွန်း က ပြောသည်။

လယ်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ ယာမြေနှင့် မြေလွတ်မြေရိုင်းများ ပါဝင်ပြီး လျော်ကြေးပေးရာတွင် ဒေသအလိုက် မြေအမျိုးအစားပေါ် မူတည်ပြီး ဈေးနှုန်းများကို ဒေသပေါက်ဈေးနှင့်အညီ သတ်မှတ်ပြီး ပေးချေ သွားမည်။ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနှင့် မန္တလေးတိုင်း အတွင်းရှိ မြို့နယ် ၁၅ ခုအတွက် လျော်ကြေးပေးရန် ကျန်ရှိနေခြင်းဖြစ်သည်။

၂၀၁၃-၁၄ ခုနှစ် ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီ အတွင်းရှိ အမြန်လမ်း ဖောက်လုပ်ရန် ပေ ၄၀၀ အတွင်း ပါဝင်သည့် လယ်ယာမြေ၊ အခြားမြေများအတွက် ငွေကျပ်သိန်း ၁၄,၉၂၅ ဒသမ ၁၂ သိန်းကို နယ်မြေများအလိုက် ကွင်းဆင်းတိုင်းတာ စစ်ဆေးပြီး မြေအမျိုးအစားအလိုက် ပေးလျော်ထားပြီး ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Mizzima - News in Burmese  

ရန်ကုန်-မန္တလေး အမြန်လမ်း (ပြုပြင်ထိန်းသိမ်းရေးအဖွဲ့)က အမြန်လမ်း ရဲတပ်ဖွဲ့ အစောင့်အရှောက်ဖြင့် လမ်းမကြီး ဘေးဝဲယာ ပေ ၄၀ဝ အတွင်းရှိ အိမ်များအား ဖယ်ရှားပေးရန် လိုက်လံပြောကြားနေစဉ်။ (ဓာတ်ပုံ - ဝင်းကိုကိုလတ်၊ မဇ္ဈိမ)
ရန်ကုန်-မန္တလေး အမြန်လမ်း (ပြုပြင်ထိန်းသိမ်းရေးအဖွဲ့)က အမြန်လမ်း ရဲတပ်ဖွဲ့ အစောင့်အရှောက်ဖြင့် လမ်းမကြီး ဘေးဝဲယာ ပေ ၄၀ဝ အတွင်းရှိ အိမ်များအား ဖယ်ရှားပေးရန် လိုက်လံပြောကြားနေစဉ်။ (ဓာတ်ပုံ - ဝင်းကိုကိုလတ်၊ မဇ္ဈိမ)
ရန်ကုန်-မန္တလေး အမြန်လမ်းမကြီး ပေ ၄၀၀ အကျယ်အဝန်း သတ်မှတ်နိုင်ရေး အတွက် လမ်းနယ်နိမိတ် အတွင်း ပါဝင်သည့် လယ်ယာမြေနှင့် အခြားမြေဧက ၈,၀၀၀ ကျော်ကို လာမည့်ဘဏ္ဍာနှစ်မှသာ လျော် ကြေး ပေးသွားမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်အရ သိရသည်။

ဆောက်လုပ်ရေး ဝန်ကြီးဌာနက အမြန်လမ်းအတွက် ပေ ၄၀၀ အတွင်း ပါဝင် သည့် လယ်ယာမြေကို လျော် ကြေးပေးရာတွင် ပြင်ပပေါက်ဈေး ထက် ၁၀ ဆခန့် နည်းပါးသည်ဟု နေပြည်တော်ကောင်စီအတွင်းရှိ လယ်သမားများက မဇ္ဈိမကို ပြောသည်။

“အပြင်မှာ တကယ်ပေါက်နေတာက သိန်း ၃၀ လောက်ပေါက်တယ်။ ဒါပေမဲ့ လယ်(မြေ) မှ ကျပ်သုံးသိန်းခွဲ၊ သုံးသိန်းပဲ ပေးတယ်။ ခုတော့ တိုးပေးမယ် လို့တော့ ကြားတယ်” ဟု နေပြည်တော်ကောင်စီတွင် ပါဝင် သည့် ရဘန်း ကျေးရွာ အုပ်ချုပ်ရေးမှုး ဦးသီဟကျော်စွာထွန်း က ပြောသည်။

လယ်ယာမြေ၊ ဥယျာဉ်ခြံမြေ၊ ယာမြေနှင့် မြေလွတ်မြေရိုင်းများ ပါဝင်ပြီး လျော်ကြေးပေးရာတွင် ဒေသ အလိုက် မြေအမျိုးအစားပေါ် မူတည်ပြီး ဈေးနှုန်းများကို ဒေသပေါက်ဈေးနှင့်အညီ သတ်မှတ်ပြီး ပေးချေ သွား မည်။ ရန်ကုန်တိုင်းဒေသကြီး၊ နေပြည်တော် ကောင်စီနှင့် မန္တလေးတိုင်း အတွင်းရှိ မြို့နယ် ၁၅ ခု အတွက် လျော်ကြေးပေးရန် ကျန်ရှိနေခြင်းဖြစ်သည်။

၂၀၁၃-၁၄ ခုနှစ် ဘဏ္ဍာနှစ်တွင် ပဲခူးတိုင်းဒေသကြီးနှင့် နေပြည်တော် ကောင်စီ အတွင်းရှိ အမြန်လမ်း ဖောက်လုပ်ရန် ပေ ၄၀၀ အတွင်း ပါဝင်သည့် လယ်ယာမြေ၊ အခြားမြေများအတွက် ငွေကျပ်သိန်း ၁၄,၉၂၅ ဒသမ ၁၂ သိန်းကို နယ်မြေများအလိုက် ကွင်းဆင်းတိုင်းတာ စစ်ဆေးပြီး မြေအမျိုးအစားအလိုက် ပေးလျော် ထားပြီး ဖြစ်သည်ဟု ထုတ်ပြန်ချက်၌ ဖော်ပြထားသည်။

Mizzima - News in Burmese  

No comments:

Post a Comment