Monday 12 January 2015

ချာလီ မဂ္ဂဇင်းက မေးတဲ့ လွတ်လပ်ခွင့်နှင့် အစွန်းရောက် ပုစ္ဆာဖြေရှင်းမှု

Photo: ချာလီ မဂ္ဂဇင်းက မေးတဲ့ လွတ်လပ်ခွင့်နှင့် အစွန်းရောက် ပုစ္ဆာဖြေရှင်းမှု
Monday, January 12, 2015

ခင်နွယ်ဝင်းနှင့် ထက်ထက်အောင် စုစည်းရေးသားသည်

ဇန်န၀ါရီ ၇ ရက်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ Charlie Hebdo (ချာလီဟက်ဘ်ဒူ) မဂ္ဂဇင်းတိုက်ကို သေနတ်သမားများက ဝင်ရောက်ပစ်ခတ်ပြီး မဂ္ဂဇင်းတိုက်မှ အယ်ဒီတာနှင့် ကာတွန်းဆရာများ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ သရော်စာများ တင်ဆက်ရေးသားနေသည့် ချာလီဟက်ဘ်ဒူမဂ္ဂဇင်းတွင် တမန်တော် မိုဟာမက်ကို လှောင်ပြောင်သရော်သည့် ကာတွန်းများ ဖော်ပြခဲ့ မှုကြောင့် အစ္စလာမ်မစ် အစွန်းရောက်များက တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ယခုကဲ့သို့ မဂ္ဂဇင်းတိုက်မှ အယ်ဒီတာနှင့် ကာတွန်းဆရာများ အပါအ၀င် လူ ၁၂ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ် သည် ကမ္ဘာတစ်ဝန်းက မီဒီယာအဖွဲ့အစည်းများ ထိတ်လန့်တုန်လှုပ်ခဲ့ရသလို လွတ်လပ်စွာ ထုတ်ဖော်ရေး သားမှုအပေါ် အစွန်းရောက်နည်းလမ်းဖြင့် တုံ့ပြန်ဖြေရှင်းမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ၊ မေးခွန်းများစွာ ထွက်ပေါ်လာခဲ့သည်။

အဆိုပါအကြမ်းဖက်တိုက်ခိုက်မှု၏ ဇာစ်မြစ်မှာ မျက်နှာဖုံးသရုပ်ဖော်ကာတွန်းကြောင့်ဖြစ်သည်။ အနုပညာနှင့် ပတ်သက်၍ ထင်ရှားကျော်ကြားပြီး လွတ်လပ်စွာ ဖော်ပြခွင့်ရသည့် ပြင်သစ်နိုင်ငံမျိုးတွင် သရုပ်ဖော် ကာတွန်းကြောင့် အကြမ်းဖက် တိုက်ခိုက်ခံရမှုသည် အလွန်ဝမ်းနည်းစရာ ကောင်းကြောင်း သရုပ်ဖော် ကာတွန်းဆရာ စိုးသော်တာက ပြောသည်။

လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှုကို အစွန်းရောက်မှုနည်းလမ်းဖြင့် ပြန်လည် တုံ့ပြန်ခြင်းသည် လက်သင့်ခံစရာ အခြေအနေတစ်ရပ် မဟုတ်ပေ။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက “သတင်းမီဒီယာသမားတစ် ယောက်အနေနဲ့ရော လူသားတစ်ယောက်အနေနဲ့ရော ကန့်ကွက်တယ်။ အကြမ်းဖက်တာကို အကြမ်းဖက် တဲ့နည်းနဲ့ မတုံ့ပြန်သင့်ဘူး” ဟု သူ့အမြင်ကို ပြောသည်။

ကာတွန်းဖြစ်စေ၊ စာဖြစ်စေ လူ့အခွင့်အရေးရှုထောင့်မှ ရေးသားထားသည့် မည်သည့်လက်ရာမဆို အငြင်းပွားစရာဖြစ်ကောင်း
ဖြစ်နေနိုင်ကြောင်း၊ ကာတွန်းတစ်ပုဒ် စာတစ်ပုဒ်အတွက်ဖြင့် ဖန်တီးသူများကို ခြိမ်း ခြောက်ခြင်း၊ အကြမ်းဖက် နှုတ်ပိတ်ခြင်းများကို ဆန့်ကျင်ကန့်ကွက်ကြောင်း Pen Myanmar အဖွဲ့မှ မသီတာ (စမ်းချောင်း) က ပြောသည်။

“စကားလုံးတွေ၊ ကာတွန်းတွေက ပြစ်မှုတွေ၊ ရာဇ၀တ်မှုတွေ မဟုတ်ပါဘူး။ ကျည်ဆန်တွေကတော့ ကျိန်းသေပေါက် ရာဇဝတ်မှု ကို ဖြစ်စေတာပဲလေ။ ဒီလို အကြမ်းဖက် တိုက်ခိုက်တာတွေက လွတ်လပ်စွာထုတ်ဖော်ရေးသားခွင့်နဲ့ အလုပ်လုပ်နေသူတွေ ကိုတော့ အနှောင့်အယှက် ဖြစ်စေတာ အမှန်ပဲ”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှု၏ နောက်ဆက်တွဲ သက်ရောက်မှုသည် အစွန်းရောက်မှုများဆီ ဦးတည်သွားနိုင်သလား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။

အဆိုပါအချက်နှင့်ပတ်သက်၍ မသီတာ (စမ်းချောင်း) က “ဖန်တီးသူတွေကလည်း လူ့အခွင့်အရေး ကြေ ညာစာတမ်းမှာပါတဲ့ အခြားသူများရဲ့ right ကိုလည်း လေးစားလိုက်နာပြီးတော့ အလုပ်လုပ်မယ်ဆိုရင် သူတို့တွေရဲ့ ဘဩယ်အတွေးအခေါ် ဘယ်တင်ပြမှုကမဆို တစ်ပါးသူကို မထိခိုက်အောင် တာဝန်ယူနိုင်မှာ ဖြစ်တယ်” ဟု ထောက်ပြပြောဆိုထားသည်။

လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှုသည် သတင်းအမှန်ကို အများပြည်သူသိရှိ နိုင်သည့် အခွင့်အရေး တစ်ရပ်ဖြစ်သော်လည်း တစ်စုံတစ်ဦး၊ အဖွဲ့အစည်း တစ်ခုခုအတွက် ထိခိုက်နစ်နာမှုများ ရှိလာနိုင်သည်ကိုလည်း ငြင်းဆန်မရနိုင်ပါ။

“စာနယ်ဇင်းတွေမှာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် ရှိကိုရှိရပါမယ်။ ဘယ်အပိုင်းကို မဆို ပုဂ္ဂလ ဓိဋ္ဌာန်နဲ့မရေးဘဲ ဓမ္မဓိဋ္ဌာန်ကျကျ အမှန်တရားဘက်က ရေးသားသင့်တယ်။ ဒါပေမဲ့ ကိုယ့်ဖန်တီးမှု တစ်ခုက ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်သူတွေဖတ်မိရင် အဆိုးဘက်ဦးတည်တဲ့အမြင်တွေ ဖြစ်နိုင်မဖြစ်မနိုင် စာနယ်ဇင်းသမားဘက်ကလည်း ပြန်စဉ်းစားရပါမယ်” ဟု ကာတွန်း စိုးသော်တာက ပြောသည်။

“အခုလို ဘုရားသခင်ကို ခုတုံးလုပ်ပြီး အကြမ်းဖက်သွားတာကသာ ဘုရားသခင်ရဲ့ ပုံရိပ်ကို ထိခိုက်စေတာ ပါ။ ခုဖြစ်တဲ့ကိစ္စကတော့ လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်ကို တိုက်ခိုက်လိုက်တာပါပဲ”ဟု ကာတွန်း သရုပ်ဖော်လူကြီးမင်းက ပြောသည်။

ဦးကျော်မင်းဆွေကမူ မီဒီယာများ ကျင့်ဝတ်နှင့်ညီရန်၊ သရော်စာ ကာတွန်းများကလည်း တစ်ဖက်သိက္ခာ မကျစေရန် ကျင့်ဝတ်နှင့် ညီရန်လိုကြောင်း ထောက်ပြပြောဆိုသည်။

သတင်းစာဆရာများ၊ ကာတွန်းဆရာများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားမှုသည် ထိရှလွယ်သော ဘာသာရေးနှင့် ပွတ်တိုက်မှုဖြစ်လာသည့်အခါ အစွန်းရောက်များအတွက် အကြမ်းဖက်ရန် အကြောင်းပြချက်ကောင်းတစ်ခု ဖြစ်လာသည်။ သို့သော် ဘာသာရေးခေါင်းဆောင်များနှင့် အခြားနယ်ပယ် အသီးသီးက ၎င်းသည် မှန်ကန်သော ဖြေရှင်းနည်းတစ်ရပ် မဟုတ်ကြောင်း ပြောကြားခဲ့ကြသည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အမြုတေအဖွဲ့ဝင် အလ်ဟြဟ် ဦးအေးလွင်က လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှုကို အပြည့်အဝ လက်ခံပြီး လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှုကြောင့် အကြမ်းဖက်မှုနှင့် ပဋိပက္ခများ မဖြစ်စေရန် နိုင်ငံတည်ဆဲဥပဒေများ၊ နိုင်ငံတကာဥပဒေများအရ ထိထိရောက်ရောက် အရေးယူနိုင်သည် ဟု ပြောသည်။

ဘာသာရေးအကြောင်းပြု အစွန်းရောက်မှုများကို ထိန်းကွပ်ရန် ဘာသာပေါင်းစုံ၊ လူ့အဖွဲ့အစည်းအားလုံးနှင့် သက်ဆိုင်သည် ကိုလည်း ထောက်ပြခဲ့ကြသည်။

“ဘာသာရေးတိုင်းတွင် အစွန်းထွက်မှုလေးတွေ ရှိပါတယ်။ အစွန်းကို ထွက်စေတဲ့ အကြောင်း တရားတွေ ကို ထိန်းချုပ်ရပါမယ်။ ဘာသာရေးအကြောင်းပြပြီး လူတွေကို ဘေးဖယ်တာတို့၊ နှိမ်ချတာမျိုးလုပ်ရင် အဲဒီ လူတွေဟာ အစွန်းထွက်ဖို့၊ အကြမ်းဖက်ဖို့ သိမ်းသွင်းခံရနိုင်ပါတယ်” ဟု အလ်ဟြဟ် ဦးအေးလွင်က ရှင်းပြ သည်။

တမန်တော်မိုဟာမက်အား သရော်လှောင်ပြောင်သည့် ကာတွန်းဖော်ပြခဲ့သဖြင့် ချာလီဟက်ဘ်ဒူ မဂ္ဂဇင်း တိုက်သို့ ၀င်ရောက် အကြမ်းဖက် တိုက်ခိုက်ခြင်းသည် “အစ္စလာမ်တရားနဲ့ လုံးဝမပတ်သက်ပါဘူး။ အဲဒီ လို အကြမ်းဖက်တုံ့ပြန်တဲ့သူတွေကိုလည်း အစ္စလာမ်ဘာသာဝင်လို့ မသတ်မှတ်ပါဘူး” ဟု ဦးအေးလွင်က ပြောဆိုလိုက်သည်။

ကာဒီနယ် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ချားစ်ဘိုကလည်း အကြမ်းဖက်မှုများကို လက်မခံ ကြောင်း၊ တစ်ဖက်သားဘာသာကို ရိုသေလေးစားကာ ထိခိုက်သည့်၊ ရှုတ်ချသည့် စကားများ မပြောရန် အရေးကြီးကြောင်း မဇ္ဈိမနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ဖူးသည်။

လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ရေးသား တင်ဆက်ပိုင်ခွင့်ရှိသည်ဆိုသည့် အချက်ကို အစွန်းရောက်မှုဖြင့် ပြန်လည် တုံ့ပြန်ခံခဲ့ ရသော ပြင်သစ်မဂ္ဂဇင်း ချာလီဟက်ဘ်ဒူဖြစ်ရပ်က မေးခွန်းများစွာ ပေးခဲ့ခြင်းသာ ဖြစ် သည်။

Mizzima - News in Burmese 

ပြင်သစ်နိုင်ငံ၊ တူလုစ်မြို့တွင် သိန်းနှင့်ချီသည့် လူထုက ချာလီဟက်ဘ်ဒူ မဂဇင်းနှင့် အတူရှိနေပါကြောင်း တနင်္ဂနွေနေ့က ဆန္ဒပြနေကြစဉ်။ (ဓာတ်ပုံ - အီးပီအေ) ချာလီဟက်ဘ်ဒူမဂ္ဂဇင်းတွင် ဖော်ပြခဲ့သည့် ကာတွန်းများကို မနှစ်မြို့သည့် အစွန်းရောက်များ၏ အကြမ်းဖက် တိုက်ခိုက်မှုတွင် ၁၇ ဦး သေဆုံးခဲ့ပြီးဖြစ်သည်။
ပြင်သစ်နိုင်ငံ၊ တူလုစ်မြို့တွင် သိန်းနှင့်ချီသည့် လူထုက ချာလီဟက်ဘ်ဒူ မဂဇင်းနှင့် အတူရှိနေပါကြောင်း တနင်္ဂနွေနေ့က ဆန္ဒပြနေကြစဉ်။ (ဓာတ်ပုံ - အီးပီအေ)
 ချာလီဟက်ဘ်ဒူမဂ္ဂဇင်းတွင်ဖော်ပြခဲ့သည့် ကာတွန်းများကို မနှစ်မြို့သည့် အစွန်းရောက်များ၏ အကြမ်း ဖက် တိုက်ခိုက်မှုတွင် ၁၇ ဦး သေဆုံးခဲ့ပြီး ဖြစ်သည်။ 

ခင်နွယ်ဝင်းနှင့် ထက်ထက်အောင် စုစည်းရေးသားသည်

ဇန်န၀ါရီ ၇ ရက်က ပြင်သစ်နိုင်ငံ၊ ပါရီမြို့ရှိ Charlie Hebdo (ချာလီဟက်ဘ်ဒူ) မဂ္ဂဇင်းတိုက်ကို သေနတ် သမားများက ဝင်ရောက်ပစ်ခတ်ပြီး မဂ္ဂဇင်းတိုက်မှ အယ်ဒီတာနှင့် ကာတွန်းဆရာများ သေဆုံးခဲ့သည့် ဖြစ်စဉ်တစ်ခု ဖြစ်ပွားခဲ့သည်။ သရော်စာများ တင်ဆက်ရေးသားနေသည့် ချာလီဟက်ဘ်ဒူမဂ္ဂဇင်းတွင် တမန်တော် မိုဟာမက်ကို လှောင်ပြောင်သရော်သည့် ကာတွန်းများ ဖော်ပြခဲ့ မှုကြောင့် အစ္စလာမ်မစ် အစွန်းရောက်များက တိုက်ခိုက်ခဲ့ခြင်းဟု ဆိုသည်။

ယခုကဲ့သို့ မဂ္ဂဇင်းတိုက်မှ အယ်ဒီတာနှင့် ကာတွန်းဆရာများ အပါအ၀င် လူ ၁၂ ဦး သေဆုံးခဲ့သည့် ဖြစ်ရပ် သည် ကမ္ဘာတစ်ဝန်းက မီဒီယာအဖွဲ့အစည်းများ ထိတ်လန့်တုန်လှုပ်ခဲ့ရသလို လွတ်လပ်စွာ ထုတ်ဖော်ရေး သားမှုအပေါ် အစွန်းရောက်နည်းလမ်းဖြင့် တုံ့ပြန်ဖြေရှင်းမှုနှင့် ပတ်သက်၍ ဝေဖန်မှုများ၊ မေးခွန်းများစွာ ထွက်ပေါ်လာခဲ့သည်။

အဆိုပါအကြမ်းဖက်တိုက်ခိုက်မှု၏ ဇာစ်မြစ်မှာ မျက်နှာဖုံးသရုပ်ဖော်ကာတွန်းကြောင့်ဖြစ်သည်။ အနုပညာ နှင့် ပတ်သက်၍ ထင်ရှားကျော်ကြားပြီး လွတ်လပ်စွာ ဖော်ပြခွင့်ရသည့် ပြင်သစ်နိုင်ငံမျိုးတွင် သရုပ်ဖော် ကာတွန်းကြောင့် အကြမ်းဖက် တိုက်ခိုက်ခံရမှုသည် အလွန်ဝမ်းနည်းစရာ ကောင်းကြောင်း သရုပ်ဖော် ကာတွန်းဆရာ စိုးသော်တာက ပြောသည်။

လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှုကို အစွန်းရောက်မှုနည်းလမ်းဖြင့် ပြန်လည် တုံ့ပြန်ခြင်းသည် လက်သင့် ခံစရာ အခြေအနေတစ်ရပ် မဟုတ်ပေ။

မြန်မာနိုင်ငံ စာနယ်ဇင်းကောင်စီ (ယာယီ) အတွင်းရေးမှူး ဦးကျော်မင်းဆွေက “သတင်းမီဒီယာသမားတစ် ယောက်အနေနဲ့ရော လူသားတစ်ယောက်အနေနဲ့ရော ကန့်ကွက်တယ်။ အကြမ်းဖက်တာကို အကြမ်းဖက် တဲ့နည်းနဲ့ မတုံ့ပြန်သင့်ဘူး” ဟု သူ့အမြင်ကို ပြောသည်။

ကာတွန်းဖြစ်စေ၊ စာဖြစ်စေ လူ့အခွင့်အရေးရှုထောင့်မှ ရေးသားထားသည့် မည်သည့်လက်ရာမဆို အငြင်းပွားစရာဖြစ်ကောင်း ဖြစ်နေနိုင်ကြောင်း၊ ကာတွန်းတစ်ပုဒ် စာတစ်ပုဒ်အတွက်ဖြင့် ဖန်တီးသူများကို ခြိမ်း ခြောက်ခြင်း၊ အကြမ်းဖက် နှုတ်ပိတ်ခြင်းများကို ဆန့်ကျင်ကန့်ကွက်ကြောင်း Pen Myanmar အဖွဲ့မှ မသီတာ (စမ်းချောင်း) က ပြောသည်။ 

“စကားလုံးတွေ၊ ကာတွန်းတွေက ပြစ်မှုတွေ၊ ရာဇ၀တ်မှုတွေ မဟုတ်ပါဘူး။ ကျည်ဆန်တွေကတော့ ကျိန်း သေပေါက် ရာဇဝတ်မှု ကို ဖြစ်စေတာပဲလေ။ ဒီလို အကြမ်းဖက် တိုက်ခိုက်တာတွေက လွတ်လပ်စွာ ထုတ်ဖော်ရေးသားခွင့်နဲ့ အလုပ်လုပ်နေသူတွေ ကိုတော့ အနှောင့်အယှက် ဖြစ်စေတာ အမှန်ပဲ”ဟု ၎င်းက ပြောသည်။

ထို့ကြောင့် လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှု၏ နောက်ဆက်တွဲ သက်ရောက်မှုသည် အစွန်းရောက်မှု များဆီ ဦးတည်သွားနိုင်သလား ဆိုသည်မှာ မေးခွန်းထုတ်စရာ ဖြစ်လာသည်။

အဆိုပါအချက်နှင့်ပတ်သက်၍ မသီတာ (စမ်းချောင်း) က “ဖန်တီးသူတွေကလည်း လူ့အခွင့်အရေး ကြေ ညာ စာတမ်းမှာပါတဲ့ အခြားသူများရဲ့ right ကိုလည်း လေးစားလိုက်နာပြီးတော့ အလုပ်လုပ်မယ်ဆိုရင် သူတို့တွေရဲ့ ဘဩယ်အတွေးအခေါ် ဘယ်တင်ပြမှုကမဆို တစ်ပါးသူကို မထိခိုက်အောင် တာဝန်ယူနိုင်မှာ ဖြစ်တယ်” ဟု ထောက်ပြပြောဆိုထားသည်။

လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှုသည် သတင်းအမှန်ကို အများပြည်သူသိရှိ နိုင်သည့် အခွင့်အရေး တစ်ရပ်ဖြစ်သော်လည်း တစ်စုံတစ်ဦး၊ အဖွဲ့အစည်း တစ်ခုခုအတွက် ထိခိုက်နစ်နာမှုများ ရှိလာနိုင်သည်ကိုလည်း ငြင်းဆန်မရနိုင်ပါ။

“စာနယ်ဇင်းတွေမှာ လွတ်လပ်စွာ ရေးသားထုတ်ဖော်ခွင့် ရှိကိုရှိရပါမယ်။ ဘယ်အပိုင်းကို မဆို ပုဂ္ဂလ ဓိဋ္ဌာန်နဲ့မရေးဘဲ ဓမ္မဓိဋ္ဌာန်ကျကျ အမှန်တရားဘက်က ရေးသားသင့်တယ်။ ဒါပေမဲ့ ကိုယ့်ဖန်တီးမှု တစ်ခုက ဘာသာရေး၊ လူမျိုးရေး အစွန်းရောက်သူတွေဖတ်မိရင် အဆိုးဘက်ဦးတည်တဲ့အမြင်တွေ ဖြစ်နိုင်မဖြစ်မနိုင် စာနယ်ဇင်းသမားဘက်ကလည်း ပြန်စဉ်းစားရပါမယ်” ဟု ကာတွန်း စိုးသော်တာက ပြောသည်။

“အခုလို ဘုရားသခင်ကို ခုတုံးလုပ်ပြီး အကြမ်းဖက်သွားတာကသာ ဘုရားသခင်ရဲ့ ပုံရိပ်ကို ထိခိုက်စေတာ ပါ။ ခုဖြစ်တဲ့ကိစ္စကတော့ လွတ်လပ်စွာ ဖော်ထုတ်ရေးသားခွင့်ကို တိုက်ခိုက်လိုက်တာပါပဲ”ဟု ကာတွန်း သရုပ်ဖော်လူကြီးမင်းက ပြောသည်။

ဦးကျော်မင်းဆွေကမူ မီဒီယာများ ကျင့်ဝတ်နှင့်ညီရန်၊ သရော်စာ ကာတွန်းများကလည်း တစ်ဖက်သိက္ခာ မကျစေရန် ကျင့်ဝတ်နှင့် ညီရန်လိုကြောင်း ထောက်ပြပြောဆိုသည်။

သတင်းစာဆရာများ၊ ကာတွန်းဆရာများ၏ လွတ်လပ်စွာ ထုတ်ဖော်ပြောဆိုရေးသားမှုသည် ထိရှ လွယ် သော ဘာသာရေးနှင့် ပွတ်တိုက်မှုဖြစ်လာသည့်အခါ အစွန်းရောက်များအတွက် အကြမ်းဖက်ရန် အကြောင်း ပြချက်ကောင်းတစ်ခု ဖြစ်လာသည်။ သို့သော် ဘာသာရေးခေါင်းဆောင်များနှင့် အခြားနယ်ပယ် အသီးသီးက ၎င်းသည် မှန်ကန်သော ဖြေရှင်းနည်းတစ်ရပ် မဟုတ်ကြောင်း ပြောကြားခဲ့ကြသည်။

ဘာသာပေါင်းစုံ ငြိမ်းချမ်းရေး အမြုတေအဖွဲ့ဝင် အလ်ဟြဟ် ဦးအေးလွင်က လွတ်လပ်စွာ ထုတ်ဖော် ရေး သားမှုကို အပြည့်အဝ လက်ခံပြီး လွတ်လပ်စွာ ထုတ်ဖော်ရေးသားမှုကြောင့် အကြမ်းဖက်မှုနှင့် ပဋိပက္ခများ မဖြစ်စေရန် နိုင်ငံတည်ဆဲဥပဒေများ၊ နိုင်ငံတကာဥပဒေများအရ ထိထိရောက်ရောက် အရေးယူနိုင်သည် ဟု ပြောသည်။

ဘာသာရေးအကြောင်းပြု အစွန်းရောက်မှုများကို ထိန်းကွပ်ရန် ဘာသာပေါင်းစုံ၊ လူ့အဖွဲ့အစည်းအားလုံးနှင့် သက်ဆိုင်သည် ကိုလည်း ထောက်ပြခဲ့ကြသည်။

“ဘာသာရေးတိုင်းတွင် အစွန်းထွက်မှုလေးတွေ ရှိပါတယ်။ အစွန်းကို ထွက်စေတဲ့ အကြောင်း တရားတွေ ကို ထိန်းချုပ်ရပါမယ်။ ဘာသာရေးအကြောင်းပြပြီး လူတွေကို ဘေးဖယ်တာတို့၊ နှိမ်ချတာမျိုးလုပ်ရင် အဲဒီ လူတွေဟာ အစွန်းထွက်ဖို့၊ အကြမ်းဖက်ဖို့ သိမ်းသွင်းခံရနိုင်ပါတယ်” ဟု အလ်ဟြဟ် ဦးအေးလွင်က ရှင်းပြ သည်။

တမန်တော်မိုဟာမက်အား သရော်လှောင်ပြောင်သည့် ကာတွန်းဖော်ပြခဲ့သဖြင့် ချာလီဟက်ဘ်ဒူ မဂ္ဂဇင်း တိုက်သို့ ၀င်ရောက် အကြမ်းဖက် တိုက်ခိုက်ခြင်းသည် “အစ္စလာမ်တရားနဲ့ လုံးဝမပတ်သက်ပါဘူး။ အဲဒီ လို အကြမ်းဖက်တုံ့ပြန်တဲ့သူတွေကိုလည်း အစ္စလာမ်ဘာသာဝင်လို့ မသတ်မှတ်ပါဘူး” ဟု ဦးအေးလွင်က ပြောဆိုလိုက်သည်။

ကာဒီနယ် ရန်ကုန်ကက်သလစ်ဂိုဏ်းချုပ် ဆရာတော် ချားစ်ဘိုကလည်း အကြမ်းဖက်မှုများကို လက်မခံ ကြောင်း၊ တစ်ဖက်သားဘာသာကို ရိုသေလေးစားကာ ထိခိုက်သည့်၊ ရှုတ်ချသည့် စကားများ မပြောရန် အရေးကြီးကြောင်း မဇ္ဈိမနှင့်တွေ့ဆုံစဉ် ပြောကြားခဲ့ဖူးသည်။

လူတိုင်း လွတ်လပ်စွာ ထုတ်ဖော်ရေးသား တင်ဆက်ပိုင်ခွင့်ရှိသည်ဆိုသည့် အချက်ကို အစွန်းရောက်မှုဖြင့် ပြန်လည် တုံ့ပြန်ခံခဲ့ရသော ပြင်သစ်မဂ္ဂဇင်းချာလီဟက်ဘ်ဒူဖြစ်ရပ်က မေးခွန်းများစွာပေးခဲ့ခြင်းသာဖြစ် သည်။

Mizzima - News in Burmese 

No comments:

Post a Comment