Monday 12 January 2015

မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာ အနီး ရှေးစေတီဟောင်းမှ ဗုဒ္ဓရုပ်ပွားတော်၊ အခြား ရုပ်တုတော်နှင့် ကမ္ပည်းစားပါ ရွှေပြား အုတ်ချပ်ကြီးများ ထပ်မံတွေ့ရှိ

Photo: မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာ အနီး ရှေးစေတီဟောင်းမှ ဗုဒ္ဓရုပ်ပွားတော်၊ အခြား ရုပ်တုတော်နှင့် ကမ္ပည်းစားပါ ရွှေပြား အုတ်ချပ်ကြီးများ ထပ်မံတွေ့ရှိ
Monday, January 12, 2015

ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာ အနီးရှိ ရှေးစေတီဟောင်း၌ ဗုဒ္ဓ နှစ်ကျိပ်ရှစ်ဆူနှင့် အခြား ရုပ်တုတော်များ၊ ဓာတ်တော်များ၊ ကျောက်မျက် ရတနာမျိုးစုံများ၊ လက်ကောက် လက်စွပ်များ၊ အမြုတေများ၊ ဓာတ်လုံးများ တွေ့ရှိရာမှ အသစ်ပြန်လည် တည်ထား ကိုးကွယ်ရန်အတွက် မြို့နယ် သံဃနာယက ဆရာတော်များထံ ခွင့်ပြုချက် ရယူ၍ နန့်ပုတ်ကျေးရွာ အုပ်ချုပ်ရေးနှင့် စေတီဖြစ်မြောက်ရေး အကျိုးဆောင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံများက ဇန်နဝါရီ ၉ ရက် နှင့် ၁ဝ ရက်တွင် စေတီဟောင်း အုတ်ပုံကို ဆက်လက် တူးဖော် ရှင်းလင်းကြသည်။

တူးဖော် ရှင်းလင်းခြင်း လုပ်ငန်း ပြီးဆုံးရာ၌ စေတီဟောင်းမှ အတွင်း အုတ်တွင် သဲကြမ်း သဲမှုန့်များဖြင့် မွမ်းမံ သရိုးကိုင်ထားသည့် ဉာဏ်တော် ၁ဝ လက်မရှိ ဗုဒ္ဓ ဦးခေါင်းမျက်နှာတော် တစ်ဆူ၊ ဉာဏ်တော် လေးလက်မရှိ ဗုဒ္ဓ ရုပ်ပွားတော် သုံးဆူနှင့် အခြားရုပ်တု နှစ်ခုကို လည်းကောင်း၊ စေတီအတွင်း ဗဟိုအလယ်၌ အလျား ၁၆ လက်မ၊ အနံ ကိုးလက်မ၊ ထု နှစ်လက်မခွဲရှိ ရွှေပြားကပ် ကမ္ပည်း ရေးထိုးထားသော အုတ်ချပ်နှင့် အခြား ရွှေပြားကပ် လှူအုတ်ချပ်များကို လည်းကောင်း၊ စေတီဖိနပ်တော်၏ တနင်္ဂနွေထောင့်နှင့် စနေထောင့်၌ ရွှေပြားကပ်အုတ် ချပ်ကြီးနှင့် အင်္ဂါထောင့်နှင့် ရာဟု ထောင့်၌ ရွှေပြားကပ် အုတ်ချပ်ကို လည်းကောင်း၊ ဝလုံး ပါ ''ဝ'' ဟူသော စာရေးထွင်း ထားသည့် အုတ်ချပ်ကြီး များကို လည်းကောင်း ထပ်မံတွေ့ရှိရသည်။ အုတ်ချပ်အပေါ် ရေးထွင်း ထားသည့် ကမ္ပည်း စာတမ်းမှာ''ကတြိ ကျော်ရတနာအောင်'' ဟု တွေ့ရ သည်။ ''ကပ်သုံးပါးကျော် ရတနာ အောင်''ဟု အဓိပ္ပာယ် ဖွင့်ဆိုလျက် ရှိသည်။

စေတီဟောင်းမှ ရရှိသော ဗုဒ္ဓ ရုပ်တုတော်များနှင့် ပစ္စည်းများမှာ ရှေးဗုဒ္ဓရုပ်တုတော် ၃၇ ဆူ၊ ဓာတ် တော်များ၊ ဝန်ပုံနဂါးပုံ စသည့်အခြား ရုပ်တု ၁ဝခု၊ ပတ္တမြား၊ ကျောက်စိမ်း၊ ကျောက်မျက်ရတနာမျိုးစုံများ၊ သတ္တ အမြုတေများ၊ သွပ်-ပြဒါး- ဆေးဒါန်း ဓာတ်လုံးများ၊ လက်ကောက် လက်စွပ် များ၊ ရွှေပြားချ ကမ္ပည်းစာပါ အုတ် ချပ်ကြီးနှင့် ရွှေပြား ၊ ငွေပြားချ အုတ်ချပ်ကြီးများ၊ ဝလုံးပါ အုတ်ချပ်ကြီး များကို တွေ့ရှိထားသည်။

စေတီတော် အသစ်တည်ရာတွင် စေတီဟောင်းမှ လက်ခံရရှိထားသည် များကို ပြန်လည် ဌာပနာ ထည့်သွင်းမည် ဖြစ်ကြောင်း စေတီတော် ဖြစ်မြောက် ရေးအကျိုးဆောင်က ပြောပြသည်။ စေတီတော်အသစ် တည်ထားပူဇော် ရာတွင် သဒ္ဓါ ကြည်လင် ပါရမီရှင်များကလည်း အလှူငွေများ ပါဝင်လှူဒါန်း နိုင်ကြောင်း သိရသည်။

မြ၀တီ
ကချင်ပြည်နယ် မိုးညှင်းမြို့နယ် နန့်ပုတ်ကျေးရွာ အနီးရှိ ရှေးစေတီဟောင်း၌ ဗုဒ္ဓ နှစ်ကျိပ်ရှစ်ဆူနှင့် အခြား ရုပ်တုတော်များ၊ ဓာတ်တော်များ၊ ကျောက်မျက် ရတနာမျိုးစုံများ၊ လက်ကောက် လက်စွပ်များ၊ အမြုတေများ၊ ဓာတ်လုံးများ တွေ့ရှိရာမှ အသစ်ပြန်လည် တည်ထား ကိုးကွယ်ရန်အတွက် မြို့နယ် သံဃနာယက ဆရာတော်များထံ ခွင့်ပြုချက် ရယူ၍ နန့်ပုတ်ကျေးရွာ အုပ်ချုပ်ရေးနှင့် စေတီဖြစ်မြောက်ရေး အကျိုးဆောင်များ၊ ရပ်မိရပ်ဖများနှင့် ဒေသခံများက ဇန်နဝါရီ ၉ ရက် နှင့် ၁ဝ ရက်တွင် စေတီဟောင်း အုတ်ပုံ ကို ဆက်လက် တူးဖော် ရှင်းလင်းကြသည်။

တူးဖော် ရှင်းလင်းခြင်း လုပ်ငန်း ပြီးဆုံးရာ၌ စေတီဟောင်းမှ အတွင်း အုတ်တွင် သဲကြမ်း သဲမှုန့်များဖြင့် မွမ်းမံ သရိုးကိုင်ထားသည့် ဉာဏ်တော် ၁ဝ လက်မရှိ ဗုဒ္ဓ ဦးခေါင်းမျက်နှာတော် တစ်ဆူ၊ ဉာဏ်တော် လေးလက်မရှိ ဗုဒ္ဓ ရုပ်ပွားတော် သုံးဆူနှင့် အခြားရုပ်တု နှစ်ခုကို လည်းကောင်း၊ စေတီအတွင်း ဗဟိုအလယ်၌ အလျား ၁၆ လက်မ၊ အနံ ကိုးလက်မ၊ ထု နှစ်လက်မခွဲရှိ ရွှေပြားကပ် ကမ္ပည်း ရေးထိုးထားသော အုတ်ချပ်နှင့် အခြား ရွှေပြားကပ် လှူအုတ်ချပ်များကို လည်းကောင်း၊ စေတီဖိနပ်တော်၏ တနင်္ဂနွေထောင့်နှင့် စနေထောင့်၌ ရွှေပြားကပ်အုတ် ချပ်ကြီးနှင့် အင်္ဂါထောင့်နှင့် ရာဟု ထောင့်၌ ရွှေပြားကပ် အုတ်ချပ်ကို လည်းကောင်း၊ ဝလုံး ပါ ''ဝ'' ဟူသော စာရေးထွင်း ထားသည့် အုတ်ချပ်ကြီး များကို လည်းကောင်း ထပ်မံတွေ့ရှိရသည်။ အုတ်ချပ်အပေါ် ရေးထွင်း ထားသည့် ကမ္ပည်း စာတမ်းမှာ''ကတြိ ကျော်ရတနာအောင်'' ဟု တွေ့ရ သည်။ ''ကပ်သုံးပါးကျော် ရတနာ အောင်''ဟု အဓိပ္ပာယ် ဖွင့်ဆိုလျက် ရှိသည်။

စေတီဟောင်းမှ ရရှိသော ဗုဒ္ဓ ရုပ်တုတော်များနှင့် ပစ္စည်းများမှာ ရှေးဗုဒ္ဓရုပ်တုတော် ၃၇ ဆူ၊ ဓာတ် တော်များ၊ ဝန်ပုံနဂါးပုံ စသည့်အခြား ရုပ်တု ၁ဝခု၊ ပတ္တမြား၊ ကျောက်စိမ်း၊ ကျောက်မျက်ရတနာမျိုးစုံများ၊ သတ္တ အမြုတေများ၊ သွပ်-ပြဒါး- ဆေးဒါန်း ဓာတ်လုံးများ၊ လက်ကောက် လက်စွပ် များ၊ ရွှေပြားချ ကမ္ပည်း စာပါ အုတ် ချပ်ကြီးနှင့် ရွှေပြား ၊ ငွေပြားချ အုတ်ချပ်ကြီးများ၊ ဝလုံးပါ အုတ်ချပ်ကြီး များကို တွေ့ရှိထား သည်။

စေတီတော် အသစ်တည်ရာတွင် စေတီဟောင်းမှ လက်ခံရရှိထားသည် များကို ပြန်လည် ဌာပနာ ထည့် သွင်းမည် ဖြစ်ကြောင်း စေတီတော် ဖြစ်မြောက် ရေးအကျိုးဆောင်က ပြောပြသည်။ စေတီတော်အသစ် တည်ထားပူဇော် ရာတွင် သဒ္ဓါ ကြည်လင် ပါရမီရှင်များကလည်း အလှူငွေများ ပါဝင်လှူဒါန်း နိုင်ကြောင်း သိရသည်။

မြ၀တီ 

No comments:

Post a Comment